Chapaguri or Jjapaguri

1

“[짜파구리, Chapaguri or Jjapaguri] ပြုလုပ်နည်း”

တစ်ခါမှာတော့ အော်စကာဆုတွေကို သိမ်းပိုက်ထားတဲ့ Parasite ရုပ်ရှင်ထဲမှာ ပါတဲ့ “Jjapaguri(ကြာဖာဂူရီ) ပြုလုပ်နည်း” ပြောပြပေးသွားမှာ ဖြစ်ပါတယ်နော်
Jjapaguri ချက်နည်းမှာ အဓိက ပွိုင့်နှစ်ခုကတော့ ခေါက်ဆွဲ တူးမသွားဖို့ အသားနဲ့ အတူ ကြော်ရမယ်ဆိုတာနဲ့ အမှုန့်ထုတ်ရဲ့ အချိန်အဆတို့ပဲ ဖြစ်ပါတယ်။ လွယ်လွယ်ကူကူ ချက်စားနိုင်တဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်နော်။

ဒီနေ့ ကျွန်တော်ချက်ပြမယ့် အတိုင်းအဆကတော့ လေးယောက်စာလောက် စားလို့ရပါတယ်။ရိုးရိုးခေါက်ဆွဲပြုတ်မဟုတ်ဘဲ အသားနဲ့ အသီးအရွက် များများထည့် စားနိုင်တာကြောင့် ပိုမိုကောင်းမွန်တဲ့ အရသာကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်

ပါဝင်ပစ္စည်းတွေကတော့ Jjapagaetiလို့ခေါ်တဲ့ ခေါက်ဆွဲ ၃ထုပ်၊ raccoon တံဆိပ် ခေါက်ဆွဲ၁ထုပ်၊(မြန်မာပြည်မှာ ရှိတဲ့ ပဲခေါက်ဆွဲ တံဆိပ်နဲ့ ယံယံဆီချက်ခေါက်ဆွဲတို့ကိုအသုံးပြုနိုင်ပါတယ်)၊
အမဲခါးဆစ်သား ၆၀၀ဂရမ်၊ ဘရိုကိုလီ ၊ပန်းမုန်လာ
ကျွန်တော်ကတော့ အစပ်လျှော့ရမှာမလို့ Jjapagaeti ၃ထုပ် Raccoon တံဆိပ် အချိုခေါက်ဆွဲ ၁ထုပ် ထည့်ပေမယ့်
အစပ်ကြိုက်တယ် ဆိုရင်တော့ ပူပူစပ်စပ် ခေါက်ဆွဲထုတ်ကို
နှစ်ထုပ်နဲ့ Jjapagaetiနှစ်ထုပ် ထည့်စားနိုင်ပါတယ်
အစပ်ထည့်တဲ့အခါ အမှုန့်ထုပ်ရဲ့ ပမာဏက အရေးကြီးပါတယ် ။ဒီလိုမျိုး အစပ်မပါတဲ့ ခေါက်ဆွဲထုတ်နဲ့ ဆိုရင်တော့ ၄ထုတ်လုံး တူတူထည့်လိုက်တာ တော်တော် စားလို့ကောင်းသွားပါတယ်
Jjapaguri ပြုလုပ်နည်း
အရင်ဆုံး အမဲသားကို စင်ကြယ်အောင် ဆေးပါ။ပြီးရင် ဆားအနည်းငယ် ငရုတ်ကောင်းအနည်းငယ်တို့ဖြင့် နယ်ပေးထားပါ။အသားကို ဆားငရုတ်ကောင်း နယ်ပြီးရင် ရေများများနဲ့ ပြုတ်ပါမယ်။ ပဲခေါက်ဆွဲ သုံးထုတ်နဲ့ ရိုးရိုးဆီချက် ခေါက်ဆွဲ တစ်ထုတ်တို့ကို ပြုတ်သလောက် ပမာဏ ဖြစ်တဲ့ ရေ ၂လီတာလောက် နဲ့ အမဲသားကို ပြုတ်ပေးပါ။.
အသားကို ဆားငရုတ်ကောင်း နယ်ပြီးရင် ရေများများနဲ့ ပြုတ်ပါမယ်။ ပဲခေါက်ဆွဲ သုံးထုတ်နဲ့ ရိုးရိုးဆီချက် ခေါက်ဆွဲ တစ်ထုတ်တို့ကို ပြုတ်သလောက် ပမာဏ ဖြစ်တဲ့ ရေ ၂လီတာလောက် နဲ့ အမဲသားကို ပြုတ်ပေးပါ။အသားကို ထုတ်လိုက်တဲ့အချိန်မှာ ရေဆူနေပြီ ဖြစ်တဲ့အတွက် အဲ့ရေထဲကိုပဲ ခေါက်ဆွဲ၄ ထုပ်လုံး ထည့်လိုက်ပါ။ အမှုန့်ထုပ်တွေပါ အကုန် ထည့်လိုက်ပါ။အမဲသားကို ဟိုဘက်ဒီဘက် ၃မိနစ်လောက် ကင်လိုက်ပါ။ခေါက်ဆွဲကိုလည်း ၃~၄မိနစ်လောက် ပြုတ်ပြီးတဲ့နောက် ကျန်တဲ့ ရေထဲက နှစ်ပန်းကန်စာလောကိပဲ ချန်ထားပါ
အမှုန့်ထုပ်အကုန် ထည့် ဆီထုတ်တွေပါ အကုန်ထည့်ပြီး သေချာမွေပေးရင် ရပါပြီ
တကယ်တော့ ဒီလိုပဲ စားလည်း အရသာလည်း အသင့်တင့်နဲ့ အရသာရှိပေမယ့် အမဲသားလေးပါ ကင်ပြီး သင့်တင့်တဲ့ အရွယ်အစားလောက် ညှပ်ပြီးစား အပေါ်က တင်ပေးလိုက်ပါ
စားချင့်စဖွယ် ကင်ပြီးတဲ့နောက် အမဲသားလေးပါ တင်လိုက်ပါ။
၄ယောက်စာလောက် လုပ်ထားတော့ ပမာဏကလည်း ကွက်တိ…. ဒီနေရာလေးမှာ အသီးအရွက်လေးပါ တင်လိုက်ရင် ပိုကောင်းမယ် ထင်လို့ ကျွန်တော်ကတော့ ရေနွေးနဲ့ ဖျော်ထားတဲ့ ပန်းမုန်လာနဲ့ ပန်းစိမ်း(ဘရိုကိုလီ)တို့ကိုပါ အပေါ်ကို တင်လိုက်ပါတယ်။ အရွက်ကလေးတွေပါ ထည့်လိုက်တော့ တကယ့်ကို စားချင့်စဖွယ်ပါပဲ

ခေါက်ဆွဲထုတ်ဆိုတာ အသင့်စားဖြစ်တာကြောင့်
ကင်ဆာ နဲ့ ရောင်ရမ်းတာကို ကာကွယ်ပေးပြီး ဗီတာမင်နဲ့ မင်နရယ် အပြည့်အဝပါတဲ့ ပန်းစိမ်း(ဘရိုကိုလီ)လို အရွက်လေးပါ အတူ ထည့်စားလိုက်တော့ စားရတာလည်း စိတ်ချရတာပေါ့နော်။ S

Credit : Facebook Shares

Ingredients

Directions