ကိုရီးယား ပင်လယ်စာ ရေဘဝဲကြော်

1

“ကိုရီးယား ပင်လယ်စာ ရေဘဝဲကြော်”

ပင်လယ်စာ ချစ်သူအားလုံး သရေကျစေမယ့် ဟင်လျားတစ်မျိုးဖြစ်တဲ့ ရေဘဝဲအသေးလေးတွေကို ကြော်နည်းကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်

ရေဘဝဲ အသေး၁၀ကောင် ၊ မုန်လာဥနီ ၁/၄စိတ် ၊ ကျောက်ဖရုံ တစ်ခြမ်း ၊ မှို ၂ပွင့် ၊ ငရုတ်သီးစိမ်း ၂တောင့် ၊

ငရုတ်သီးအနှစ် ၃ဇွန်း ၊ ငရုတ်သီးမှုန့် ၂ဇွန်း ၊ ပဲငံပြာရည် ၂ဇွန်း ၊ သကြား ၂ဇွန်း ၊ကြက်သွန်ဖြူ နုပ်နုပ်စင်း ၁.၅ဇွန်း ၊ မက်မန်း Juice (သို့) မက်မန်းဝိုင် ၁ဇွန်း ၊ ပြောင်းဖူးအချိုရည် (corn syrup)၁ဇွန်း ၊ ငရုတ်ကောင်း အနည်းငယ်.....

ပြုလုပ်နည်း
ရေဘဝဲ အရင်စကိုင်ရပါမယ် ..
ခေါင်းကနေ လှန်ပြီး အတွင်းမှာရှိတဲ့ ကလီစာ တွေကို လက်နဲ့ ဆွဲထုပ်ပစ်ပါ. အဲ့ကလီစာက စားလည်းပေးမယ့် ချက်တဲ့အခါကျ အရည်တအား ထွက်တာကြောင့် အဆင်မပြေဘူး.. ဒါကြောင့် ကျွန်မတော့ အမြဲ ထုတ်ပစ်ပါတယ် ။
ပြီးတော့ ခြေထောက်တွေ အလယ်မှာ ရှိတဲ့ ပါးစပ်ကိုလည်း လက်နဲ့ ထုတ်ပစ်လိုက်ပါ
သေသေသပ်သပ် ကိုင်ပြီးတဲ့ ရေဘဝဲလေးဖြစ်ပါတယ်
အတွင်းကလီစာကို ထုတ်ပြီးပြီဆိုတော့ ဆားကြမ်းကို သုံးပြီး စင်ကြယ်အောင် ဆေးပါမယ်..

ကျန်တာကတော့ အသီးအရွက်တော့ လှီးရတဲ့ အခန်းပေါ့နော်..မိမိစိတ်ကြိုက် အသီးအနှံ့တွေ ထည့်နိုင်ပါတယ်နော်.
မုန်လာဥနီ ၊ ကျောက်ဖရုံသီး ၊ မှို ၊ ငရုတ်သီးစိမ်း လှီးထားပါမယ်။
ကျော်တဲ့အခါလေ အရည်အများကြီး ထွက်တာကြောင့် သိပ်အဆင်မပြေဘူး..ကျက်လေလေ ရေထွက်လေပါပဲ ..
အဲ့တာကြီးကို မကြိုက်လို့ အရင်ဆုံး တစ်ခေါက်လောက်တော့ ပြုတ်ပြီးမှ ကြော်ပေးမှာ ဖြစ်ပါတယ်။ ရေဆူဆူထဲမှာ ၂မိနစ်၃မိနစ်လောက် ထားပေးလိုက်ရင် ရပါတယ်။
ပြီးရင် ရေအေးနဲ့ ပြန်ဆေးပြီး ရေသေချာစစ်ချမယ်..
ဒီတိုင်း စားလည်းရပေမယ့် ကျွန်မ အကောင်တွေက အနည်းငယ် ကြီးတော့ နည်းနည်းလှီးပေးလိုက်ပါတယ်။ ခေါင်းတစ်ပိုင်း ၊ ခြေထောက်က ၈ချောင်းဆိုတော့ ၂ချောင်းတစ်ပိုင်းစီ..၄ပိုင်းပိုင်းပေးလိုက်ပါတယိ။
နောက်တစ်ဆင့်ကတော့ အနှစ်ပေါ့နော့် ..
ဒီနေရာမှာ သကြားကို ဇွန်းကြီး၁ဇွန်းလောက်ပဲ ထည့်ပေးပါ။ ကျန်တဲ့ တစ်ဇွန်းကို အနှစ်မထည့်ခင် ထည့်ပေးမှာ ဖြစ်ပါတယ် ။အပေါ်မှာ ပြောခဲ့တဲ့ အနှစ်အတွက် ပါဝင်ပစ္စည်းတွေ အကုန်ထည့်ပါမယ်။အိုးထဲမှာ ဆီးအနည်းငယ် သုတ်ပြီး မုန်လာဥနီ ကျောက်ဖရုံ မှို စသည်တို့ကို ထည့်ပါမယ် ။ အကြာကြီး ကြော်ပေးဖို့မလိုပါဘူးနော်။
ရေဘဝဲတွေပါ ထည့်မယ်!!!
ဒီနေရာမှာ အရေးကြီးတာက ရေဘဝဲထည့်ပြီးတာနဲ့ဘသကြားတစ်ဇွန်း ထည့်ပေးပါမယ်။ တစ်ခါတည်း အနှစ်ထည့်ပစ်လိုက်ရင် ရေဘဝဲသက်သက် အနှစ်သက်သက် ဖြစ်ကုန်မှာပါ.. ဒါမယ့် သကြား၁ဇွန်းထည့်ပြီး တစ်ခါလောက်သေချာ နှံ့စပ်အောင် အချိုဓာတ်လည်း ဝင်တဲ့အထိ ကြော်ပြီးမှ အနှစ်ထည့်မှ အရသာဝင်တာဖြစ်ပါတယ်...
သချာပေါက် ဒါမျိုးလုပ်မှ အရသာရှိတာနော်!!!!
ကြော်နေတဲ့အတွင်း အစကနေ အဆုံးထိ မီးပြင်းပြင်းထားပါနော်..
အချိုဝင်ပြီ ထင်ရင် ခုနက လုပ်ထားတဲ့ အနှစ်ထည့်ပြီး သေချာ ကြော်ပေးပါမယ် ။ လက်နှစ်နဲ့ ဇွန်းနှစ်ချောင်း သုံးကြော်ရင် ပို နှံ့စပ်ပါတယ်။

သေချာပေါက် အဲ့ဒီလိုမီးပြင်းပြင်းနဲ့ ကြော်ပြီးရင် ပြီးပြီဆိုပေမယ့် ကျွန်မတော့ ပြီးသေးပါဘူး...
ဒီနေရာမှာ ပေါ်လာမယ့် Torch!!! တကယ်တော့ ဒါကို စကတည်း လုပ်ဖူးချင်တာပါ..ခုတော့ ဝယ်လာလိုက်ပြီး... အိမ်မှာပဲ မီးအရသာ ရစေဖို့..torchနဲ့ မီးပေးလိုက်ပါသေးတယ်...လူကြီးမင်းတို့ကတော့ မလုပ်လည်း ဖြစ်ပါတယ်..
.. ပန်းကန်ထဲထည့်ပြီးရင် နှမ်းဖြူးဖို့လည်း မမေ့နဲ့ဦးနော်...

Credit : Facebook Shares

Ingredients

Directions