အမဲနံရိုပေါင်း

1

“Galbi Jjim(ဂါလ်ဘီကျင်းမ်) (or) အမဲနံရိုပေါင်း”

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် စားဖိုမှူး တစ်ဦးဖြစ်တဲ့ ဆရာဘတ်ဂျွန်ဝမ်ရဲ့ အမဲနံရိုးပေါင်း ဟင်းလျာအကြောင်းမျှဝေပေးပါမယ်နော်

အမဲနံရိုး ၂.၅ကီလို ၊
————————
ပဲငံပြာရည် (Jin Gangjang ) ၁ခွက် ၊ သကြား ၁/၂ခွက် ၊ ဆန်အရက် ၁ခွက် ၊ ကြက်သွန်ဖြူ(နုပ်နုပ်ဆင်း) ၃ဇွနိး ၊ ဂျင်း (နုပ်နုပ်ဆင်း) ဇွန်းဝက် ၊ နှမ်းဆီ အနည်းငယ်…
ပါဝင်အသီးအရွက်များ …..
အသီးအရွက်တွေကို ၁ကီလို လောက် ထည့်ပါမယ်…
——————-
မုန်လာဥ ၁/၄ ခြမ်း ၊ မုန်လာဥနီ အသေး ၃/၄ပိုင်း ၊ ကြင်သွန်မြိတ် တစ်စည်း ဝက် ၊ ကြက်သွန်နီ ၁ခြမ်း ၊ သစ်တော်သီး ၁/၃ စိတ် ၊ ကြက်သွန်ဖြူ(နုပ်နုပ်စငါး) ၁ဇွန်းဝက် ၊ ဇီးသီးခြောက် ၆လုံး ၊ ရှီတာကီမှို ၊

အမဲနံရိုး ကိုင်နည်း..

နံရိုးကို အရင်ဆုံး သွေးတွေ အရင် ဆေးကြောရပါမယ်..မြန်မြန် ပျောက်အောင်လို့ သကြားလေးအရင် ထည့်ရတယ်လို့ ပြောပါတယ်…
သကြား၄ဇွန်း ကို ရေထဲမှာ မွှေထားပြီး နံရိုးက သွေးတွေကို စင်ကြယ်အောင် ၁နာရီလောက် ထားပါမယ်..
အသားကို ကြည့်လိုက်တဲ့ခါ များတယ် ထင်ရတယ်မလား..
Recipe ပမာဏကို၁ကီလိုပါပဲ.. စိမ်တာကိုသာ ၂.၅ကီလို စိမ်ထားတာပါ.. နောက်တစ်ခါစားတဲ့ခါလည်း အဆင်ပြေအောင်လို့နော်
သွေးတွေ ဆေးကြောပြီးတဲ့နောက် ဗေစင်ထဲမှာ သုံးလေးခေါက်လောက် ရိုးရိုးရေနဲ့ ဆေးလိုက်ပါနော်။ ပြီးရင် အိုးထဲကို ရေများများ ပြုတ်ထားပြီး ရေပွက်ရင် အသားကို ၃မိနစ်ကနေ ၅မိနစ်အထိ ပြုတ်ထားပါ
ခုနက အသားတွေမှာ အရိုးမှာ ကပ်နေတဲ့ မာနေတဲ့ အရေခွံ တွေကို တစ်ခုချင်း ခွါစားရတဲ့အခါ စားတဲ့အခါ နည်းနည်းစိတ်ရှုပ်ရတာပေါ့နော်…
နံရိုးမှာ ကပ်နေတဲ့ အမြှေးပါးလေးတွေနဲ့ တူတဲ့ အရေခွံတွေကို လက်နဲ့ တစ်ခါတည်း ခွါထားတဲ့ အခါ လက်တော့ဝင်ပေမယ့် စားရတဲ့ အခါ အဆင်ပြေပါတယ်
ပန်းကန်တစ်လုံးထဲကို ထည့်ပြီး ရနိုင်သမျှ ကပ်နေတဲ့ အရေခွံတွေကို ခွါရမှာ ပေမယ့် အဆင်မပြေဖြစ်နိုင်တာမလို့ သေချာ နွင်ပြီး စားလို့ အဆင်ပြေမယ့် အရွယိလောက် လှီးထားပါ.။
အနှစ်မလုပ်ခင် နူးညံ့ဖို့အတွက် သစ်တော်သီး တစ်လုံးကို ကြိတ်ပြီး ၃ပုံ၂ပုံ လောက် လှီးပြီး ထည့်ပါမယ်..
ပြီးလို့ရှိရင် ကီဝီထည့်တဲ့ အခါ ပမာဏကို သေချာ ဂရုစိုက်ရမှ အသားမကြေသွားမှာ ဖြစ်တဲ့အတွက် သေချာ ဂရုစိုက်ပေးပါ… ကျွန်မကတော့ သစ်တော်သီး ထည့်ပြီး Mirim(ဂျပန်အရက်)ကိုပါ ၂.၅ကီလိုလောက်ရှိတဲ့ အသားထဲကို ၅ဇွန်းလောက် ထည့်လိုက်ပါသေးတယ်
မြန်မြန် ချက်ချင်လို့ ပဲငံပြာရည် ထဲကို တခြား ပစ္စည်းတွေ ထည့်ပြီး မြန်မြန်ပဲ အနှစ်လုပ်လိုကိပါတယ်...ဆရာ ဘတ်ဂျွန်ဝမ်ရဲ့ အမဲသားဆော့စ် ကို ကြည့်လိုက်တော့ ပဲငံပြာရည် များများ ထည့်မယ် ထင်လို့ ကျွန်မကတော့ ကျွန်မတို့အိမ်မှာရှိတဲ့ ပဲငံပြာရည်ကို ၁ခွက်လောက် ထည့်လိုက်ပါတယ်..ကျန်တာကိုတော့ ချင့်ချိန်ထည့်လို့ရပါတယ်. ပဲငံပြာရည် ဆိုတာလည်းပဲ တံဆိပ်ကွာတဲ့အတိုင်း အရသာက ကွာတာမလို့ မိမိစိတ်ကြိုက် ချင့်ချိန်ထည့်လို့လည်း ရပါတယ်..
အရင်ဆုံး သစ်တော်သီး ထည့်ပြီးတဲ့နောက် ဂျင်းရည် ၁ဇွန်း ပဲ ထည့်ပြီး သေချာ နယိပေးရပါမယ်။ ပဲငံပြာရည် ၁ခွက် ထဒကို ဇီးသီး Juice ၃ဇွန်း ၊သကြား ၁ဇွန်း ၊ ကြက်သွန်ဖြူ နုပ်နုပ်စင်း ၂ဇွန်း ထည့်ပြီး သေချာ နယိပါမယ်…
ပြီးတာနဲ့ အိုးထဲ ထည့်ပြီး တည်ပါတော့မယ်
ကျွန်မတို့ အိမ်ကတော့ အမဲနံရိုးပေါင်းထဲကို ဟိုဟာဒီဟာ လျှောက်ထည့်တာ မကြိုက်လို့ ရိုးရိုးရှင်းရှင်းပဲ ဖြစ်အောင် မုန်လာဲဥကို မုန်လာဥကင်မ်ချီထဲက ပုံစံအတိုင်း လှီးပြီး မုန်လာဥနီကိုတော့ ဒီတိုင်း လှီးပြီပဲ ထည့်လိုက်ပါ..
အိုးထဲကို အသားထည့်ပြီး အနှစ်ကိုလည်း ဟင်းခတ် ဇွန်းကြီး နဲ့ ထည့်ပြီး တဲ့နောက် မုန်လာဥကို အရင် ထည့်ပြီး ၁၅မိနစ်လောက် အဖုံးပိတ်ပြီး မီး အလယ်အလတ်နဲ့ တည်ထားပါမယ်
ပွက်ပွက် ဆူပြီဆိုရင် အသားနဲ့ မုန်လာဥ က တူတူကျက်သွားမှာပါ..မုန်လာဥရဲ့ လတ်ဆတ်တဲ့ အရသာကနေ အနံ့ရတာကြောင့် အရသာတော့ တော်တော်ရှိမယ့် ပုံပါပဲ
မုန်လာဥနဲ့ အသားကျက်တဲ့ အခါ မုန်လာဥနီကို ထည့်ပြီး နောက်ထပ် ၅မိနစ်လောက် အဖုံးအုပ်ပြီး မီးအသင့်အတင့်နဲ့
ပြုတ်ထားလိုက်ပါ.
မုန်လာဥနီပါ သင့်တင့်သလောက် ကျက်ပြီဆိုရင် ကြက်သွန်နီ ထူထူလေး လှီးထည့်ပြီး ၅မိနစ်လောက် ထပ်တည်ပါ..
တစ်ချက်လောက် အဖုံးဖွင့်ကြည့်ပြီး ဇီးသီးခြောက်ကို ထည့်ပြီး ၅မိနစ် ထပ်တည်ပါ..
ပြီးရင် နောက်ဆုံး အနေနဲ့ ကြက်သွန်မြိတ်ကို ထည့်ပြီး ၁၀မိနစ်လောက် ထပ်တည်လိုက်ကါ..ဒီအချိန်မှာ ရေဆေးထားတဲ့ ရှီတာကီ မှိုကိုပါ တစ်ခါတည်း ထည့်လိုက်ပါ..
အမဲနံရိုးပေါင်းကအနည်းငယ်တော့ အချိန်ပေးရတဲ့ ဟင်းတစ်မျိုးပါ
တပွက်ပွက် ဆူနေတဲ့ အရသာရှိတဲ့ အမဲနံရိုးပေါင်းလေး ပြီးပါပြီ…..မုန်လာဥနီထဲမှာ ဆီးသီး . မုန်လာဥ. ကြက်သွန်မြိတ်တွေ ဝင်နေတော့ အရမ်းကို လှပတဲ့ ဂါလ်ဘီ(အမဲနံရိုး) ပေါင်း လေးပါ
အရမ်းအကြာကြီး ပြုတ်ရင် နောက်ပိုင်းမှာ အသားက မာသွားတတ်လို့ ...ဒီတစ်ခါမှာတော့ အချိန်ကို သေချာ ညှိထားပါတယ်..အသားနဲ့ အရိုးလည်း ကြေထွက်မသွားတော့ စားပွဲပေါ်တင်ထားတဲ့အခါ အမြင်နဲ့တင်ကို အတော့်ကို စားချင့်စဖွယ်ဖြစ်နေပါပြီရှင်
ဆရာ ဘတ်ဂျွန်ဝမ်ရဲ့ အမဲနံရိုးပေါင်းဟင်းလျာမှာ ဆိုရင် ဆော့စ်ထဲက တစ်ခုဖြစ်တဲ့ ပဲငံပြာရည်ကိုတော့ ကို့စိတ်နဲ့ ကို့အကြိုက် ထည့်ရမှာ ဖြစ်ပါတယ်.. ဘာပါဝင်သလဲ ဆိုတာကြည့်ပြီး ပမာဏကို ကို့အကြိုက် ချင့်ချိန်ထည့်မယ်ဆို ကို့ပါးစပ်နဲ့ ပိုကိုက်တဲ့ အရသာကို ပိုရနိုင်တာပေါ့လေ… ကျွန်မဆိုရင် သကြား အစား ဇီးသီးJuiceကို ပို များများသုံးထားပါတယ်.. သကြားသိပ်မကြိုက်လို့လေ..ဇီးသီးJuiceကလည်း သကြားပါတဲ့ အချိုဆိုပေမယ့် အရသာကတော့ ကွာခြားတယ်မလား အဲ့တာကြောင့် အရသာလုပ်တဲ့အခါ မိမိပါးစပ်နဲ့ ညှိထည့်တာ ပိုအဆင်ပြေပါတယ်…. S

Credit : Facebook Shares

Ingredients

Directions