ဝက်နံရိုး စွပ်ပြုတ်

1

“ဝက်နံရိုး စွပ်ပြုတ် (or) Pork rib Hangover soup”

ဒီတစ်ခါ ပြောပြမယ့် ဝက်နံရိုးစွပ်ပြုတ်ဆိုတာကတော့ K-dramaတိုင်းမှာ ပါနေကျ အမူးပြေ စွပ်ပြုတ်ပဲ ဖြစ်ပါတယ် ။ ကဲကဲ အမူးသမားလေးတွေအတွက် ကိုရီးယားဆန်ဆန် အမူးပြေစွပ်ပြုတ်ချက်ပြုတ်ပေးနိုင်ဖို့အတွက် အောက်မှာ ကြည့်လိုက်ကြရအောင်နော်..
အရင်ဆုံး ဝက်ရိုးကို ပြင်ဆင်ပါမယ် ။ ၁နာရီလောက် ဝက်ရိုးက သွေးတွေကို ပြောင်စင်အောင် ရေစိမ်ထားပါမယ်။ ဒီလိုမျိုး ရာသီဥတုနဲ့ဆို ၁နာရီလောက်ဆို အဆင်ပြေပါတယ်။ ကြားထဲမှာတော့ ရေလေး ခဏခဏ လဲပေးရမှာပေါ့နော်
ရေလဲပေးသင့်တဲ့ အချိန်ကတော့ မိနစ်၂၀ နဲ့ ၃၀ကြား တစ်ခါ ရေလဲ ပေးပါ။ ဒါပြီးရင် ရေများများ စင်ကျယ်နေအောင် ဆေးကြောချလိုက်ပါ

နံရိုးက ညှီနံ့တွေကို ပျောက်အောင် လုပ်ဖို့အတွက် ပြုတ်ပေးရပါဦးမယ် ။ဒီလိုအချိန်မှာ ဆိုဂျူ ၂ခွက်လောက် ထည့်ပြီး laurelအရွက် ၂ရွက် ၃ရွက်လောက် ထည့်ပြုတ်ပေးပါ ။ နည်းနည်း အစားချေးများတဲ့ သူတွေဆိုရင်တော့ ပဲငပိ ၁ဇွန်းလောက် ထည့်ပြုတ်ပေးလိုက်ပါမယ် ။ ဒီနေကတော့ အနှစ်ထဲမှာလည်း ပဲငပိပါဦးမှာမလို့ ကျော်ခဲ့ပါတော့မယ်။
ပြုတ်ပြီးပြီဆိုရင် ရေနဲ့ တစ်ခါ ပြန်ဆေးပြီး ညှပ်နဲ့ ညှပ်ပြီး အိုးထဲကို ရေများများနဲ့ ပြန်ထည့်ပါမယ်။
အိုးကိုလည်း Williams Sonoma က လက်ကိုင်အတံရှည်ပါတဲ့ အိုးကို သုံးပါတယ်။ ဒါဆိုတော့ ဟင်းချက်ရတာလည်း အဆင်ပြေတာပေ့ါလေ.. အတံကရှည်တော့ ဆီပူပေါက်မှာ အိုးပူလောင်မှာလည်းမကြောက်ရတော့ဘူးပေါ့။
အိုးက ပွက်ပြီဆိုရင် ပဲငပိ တစ်ဇွန်း ထည့်ပါ။ ဒီအခါမှာ ပဲငပိ မထည့်ဘဲ နောက်ပိုင်း sirae အနှစ်(မုန်လာရွက်ခြောက် ပြုတ်အနှစ်) ထဲကျမှ ထည့်လည်း ရပါတယ် ။
အိုးတည်ထားတုန်းမှာ ဒီအခါ မုန်လာဖြူရွက်ခြောက်ကို ကိုင်ရမယ် !!!
မုန်လာဖြူရွက် ခြောက်ကို အရင် ပြုတ်ထားပြီး အခွံလည်း ခွါထားပါတယ် ။ ပြီးရင် ရေခဲသေတ္တာထဲ ထည့်ထားဆိုတော့ တစ်ခါလောက်တော့ ရေများများနဲ့ ဆေးချပေးပြီး ရေသေချာစစ်ပေးထားပါ။ ပြီးမှ ထူထူရှည်ရှည် လှီးထားလိုက်ပေါ့နော်
ပင်စည်အပိုင်းပဲ လှီးပြီး သုံးလည်းရပါတယ်နော် ။
ပဲငပိ တစ်ဇွန်း ၊ ကြက်သွန်ဖြူနုပ်နုပ်စင်း ၁ဇွန်း တို့ကို ထည့်ပြီး သေချာ နယ်ပေးရပါမယ် ။
အပေါ်မှာတုန်းက ပဲငပိ မထည့်ခဲ့ရင် ဒီနေရာမှာ ၂ဇွန်း ထည့်ပါမယ်နော်။
ကြက်သွန်ဖြူ နုပ်နုပ်စင်း ၁ဇွန်းထည့် သေချာနယ်ပေးပါမယ်...ပွက်ပွက် ဆူနေပြီ ဆိုရင် ငရုတ်သီးမှုန့် ၃ဇွန်း ၊
rice cooking wine(ဆန်အရက်) ၂ဇွန်း တို့ကိုပါ ထည့်ပြီး ထပ်ပွက်အောင် ပြုတ်ပါမယ် ။
ငရုတ်သီးမှုန့်ကိုတော့ မိမိအစပ်ကြိုက်တာ မကြိုက်တာကို လိုက်ပြီး ထည့်ပေါ့နော့်။ ကျွန်မတို့ အိမ်အနေနဲ့တော့ ၃ဇွန်းလောက်က အနေတော်မလို့ ၃ဇွန်း ထည့်လိုက်တာပါ ။ နောက်မှ ပေါ့တယ် ထင်ရင် ထပ်ထည့်ပါတော့မယ် ။
အိုးထဲက ပွက်ပြီဆိုရင် ခုနက နယ်ထားတဲ့ မုန်လာဥဖြူခြောက်ပြုတ်ကို ထည့်ပါမယ် ။နောက်တစ်ကြိမ် ပွက်အောင် စောင့်နေတဲ့ အချိန်အတွင်း....အာလုံးလှီးထားပါမယ် ။
အာလူးကို ထည့်လည်းရသလို မထည့်လည်း ရပါတယ် ။

ထပ် ပွက်ပြီ ဆိုရင် ခုနက လှီးထားခဲ့တဲ့ အာလူးလေးတွေ ထည့်လိုက်ရင် ရပါပြီ!!!ပြီးရင် မီးကို အလယ်အလတ်ထားပြီး အိုးအဖုံးကို ပိတ်ပြီး နူးညံ့နေအောင် တည်ထားပါမယ် ။
အိုးအဖုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်တော့
အရသာရှိရှိ ပွက်နေပါပြီ...’အာလူးကျက်တဲ့အခါ ကြက်သွန်မြိတ်လေးကို ပါးပါးရှည်ရှည် လှီးပြီး ထည့်လိုက်ပါ ။ ကြက်သွန်မြိတ်ကတော့ ၁~၂ခုလောက်ဆိုရပါတယ် ။
နောက်ဆုံးအနေနဲ့ ငံပြာရည် လေးနဲ့ လက်စသတ်ပေးမယ် ။
နောက်ဆုံးမှာ ထည့်လိုက်တဲ့ ပဲငပိ အရသာက ကွားခြားနိုင်တာကြောင့် အရသာမြည်းပြီးမှ ထည့်တာ အဆင်ပြေပါမယ် ။နောက်ဆုံးစားခါနီးကျမှ ရှမ်းနှမ်းစေ့မှုန့်လေးကိုပါ အပေါ်က ဖြူးပေးလိုက်ပါဦးနော်..ဒါမှ အကောင်းတကာ့ အကောင်းဆုံး ဝက်ရိုးစွပ်ပြုတ်ဖြစ်အောင်လို့ပါ..
ပြောပြတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားတွေ နေ့ရက်တိုင်းမှာ အားအင်အပြည့်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေနော် S

Credit : Facebook Shares

Ingredients

Directions