ငါးရွှေ ချက်နည်း

1

“[갈치조림,Galchi-Jorim, Braised cutlassfish recipe]ငါးရွှေ ချက်နည်း”

တင်ဆက်ပေးမယ့် ဟင်းလျာတစ်မျိုးတော့
Beltfish မြန်မာအခေါ် ကတော့ ငါးရွှေ ချက်နည်းလေးကို ပြောပြပေးမှာ ဖြစ်ပါတယ် ။

ငါးဟင်းဆိုတာ အရည်ပါမှာ အရသာပိုရှိတာပါ ဒါကြောင့် အရသာကိုလည်း ခပ်ပြင်းပြင်းလေး ထည့်ပေးမှ အရသာရှိမှာဖြစ်ပါတယ် ။ အခုကနေစပြီး တစ်ခုချင်းစီ ဖြည်းဖြည်းချင်း ချက်ကြည့်ရအောင်နော်..

Belt fish ခေါ် ငါးရွှေ အကြီး တစ်ကောင် ၊ မုန်လာဥ ၃၂၀ဂရမ် ၊ ကြက်သွန်နီ ၁ခြမ်း ၊ ငရုတ်သီးအနီ ၁တောင့် ၊ ကြက်သွန်မြိတ် တစ်ဝက် (အစိမ်းအပိုင်း) ၊ ရေ ၄၀၀ml

▶️အနှစ် အတွက် ပါဝင်ပစ္စည်းများ ... ပဲငံပြာရည် (Jin Gan Jang) ၇ဇွန်း ၊ ငရုတ်ကောင်း ၄.၅~ ၅ဇွန်း ၊
ငရုတ်သီးအနှစ် ၁ဇွန်း ၊ ကြက်သွန်ဖြူ နုပ်နုပ်စင်း ၃ဇွန်း ၊ ဆန်အရက် ၃ဇွန်း ၊ သကြားအညို ၁ဇွန်း ၊ cooking syrup ၂ဇွန်း ၊ floral ဆား (꽃소금 )
မိမိစိတ်ကြိုက်
**ထမင်းစားဇွန်း နဲ့ပဲ တိုင်းဆပါမယ် ။

ငါးရွှေကို အကြီးစားတစ်ကောင်သုံးပါတယ် ။ တစ်ကောင်ကို ၄ပိုင်းပိုင်းလိုက်ပါ ။ ပိုသေးချင်တယ်ဆိုရင် ၆ပိုင်းပိုင်းလိုက်ပေါ့နော့်
ကြက်သွန်နီ အကြီး တစ်ခြမ်း ၊ကြက်သွန်မြိတ် အကြီးစား ၊ ကြက်သွန်ဖြူနုပ်နုပ်စင်း ၊ မုန်လာဥ ၊ ငရုတ်သီးအနီ စသည့် ပါဝင်ပစ္စည်းတို့ကို
ပြင်ဆင်ထားပါတယ်

အားလုံးကို စားဖို့ အဆင်ပြေတဲ့ အရွယ်အစားလေးတွေလောက် လှီးထားပါတယ်။ ကြက်သွန်နီကို ၁စင်တီ အထူလောက်လေးတွေ လှီးပါတယ်။ မုန်လာဥကိုတော့ တခြမ်းခြမ်းပြီး လခြမ်းပုံစံ
ထူထူလေးလှီးထားပါတယ် ။ အရမ်း ထူသွားရင်လည်း ကျက်တာ ကြာတာကြောင့် အရမ်း မထူမပါးလေး လှီးပေးပါ။

အနှစ် ပြုလုပ်ပါမယ် ။
အဓိက အရသာဖြစ်တဲ့ အနှစ်က ဟင်းရဲ့ Pointပါပဲ ။
(Jin Gan Jang)ကိုရီးယား ပဲငံပြာရည် ၇ဇွန်း ၊ (Rice cooking wine)ဆန်အရက် ၃ဇွန်း ၊ သကြားအညို ပုံတွင် အစဉ်လိုက်ပြထားသည့်အတိုင်း ထည့်ရမှာ ဖြစ်ပါတယ် ။(အားလုံး ဇွန်းနဲ့ပဲ တိုင်းဆ ထည့်ပါတယ်)

ငရုတ်သီးအမှုန့် ၄ဇွန်းခွဲ~၅ဇွန်း ၊ cooking syrup (yori dang) ၂ဇွန်း ၊ ငရုတ်သီး အနှစ် များများ ၁ဇွန်း ၊ ကြက်သွန်ဖြူနုပ်နုပ်စင်း ၁.၅ဇွန်း ...
ပြီးတော့ အနှစ်လုပ်တဲ့ခါ အစဉ်လိုက်ဆိုတာမျိုး သက်သက်ကြီး မရှိပါဘူး။ ကျွန်မတော့ ဟိုဟာ ဒီဟာ ထည့်ကြည့်ပေမယ့် ငရုတ်သီးမှုန့်ကနေ စထည့်တာ အကောင်းဆုံးရပါပဲ။
ဒါဆိုရင် အားလုံးကို နယ်လိုက်ပါ ။ အရင်ကတော့ ငရုတ်အနှစ် မထည့်ပဲ ပဲငံပြာရည် ပဲ ပိုထည့်ပေမယ့် ငရုတ်အနှစ်ကို ထည့်တာ အရသာ ပိုကောင်းစေပါတယ်
ဒီနေရာမှာ ရေ၄၀၀mlကို ထည့်ပြီး နောက်တစ်ခါ ထပ်မွှေပေးပါ ။ ဒီနေရာမှာ ရေအစား ရေညှိစွပ်ပြုတ်အရည်သုံးလည်း ရပါတယ် ။ ကျွန်မကတော့ ဒီတိုင်းရိုးရိုးရေသန့်ပဲ သုံးလိုက်ပါတယ် ။
အပြားကျယ်ကျယ် အိုးထဲကို ထူထူ လှီးထားတဲ့ မုန်လာဥကို အရင်ခံထည့်ပြီး အပေါ်က ငါးကို ထည့်ပါမယ် ။
အဲ့အပေါ်ကမှ ရေရောထားတဲ့ အနှစ်ကို လောင်းထည့်ပြီး..
Induction (မီးအပြင်း) ၇ထိထားပြီး အဖုံး ပိတ်ပြီး ပွက်ပွက် ဆူတဲ့ ထိ တည်ထားပေးပါ။
တစ်ဖြည်းဖြည်း အရောင်ပြောင်းလာပြီး အနှစ်တွေလည်း တစ်ဖြည်းဖြည်း ပျစ်လာတာကို တွေ့ရမှာဖြစ်ပါတယ် ။
ဒါဆိုရင် မီးအပြင်းကို ၅လောက် အထိ လျော့ပါမယ် ။ အောက်ဘက်က မုန်လာဥက တူးနိုင်တာကြောင့် အနှစ်က တစ်ဖြည်းဖြည်းချင်းစိမ့်ဝင်တဲ့ အခါမှ မီးကို လျော့ပေးပါ ။
လှီးထားတဲ့ ကြက်သွန်နီလေးတွေကိုပါ ထည့်လိုက်ပါ။
အနှစ်တွေ ပျစ်ပြီးအနည်းငယ် ကျက်လောက်ပြီ ထင်တဲ့အချိန် အရသာ မြည်းပေးရပါမယ် ။
ပဲငံပြာရည်နဲ့ ငရုတ်သီးအနှစ် ပါပြီးသားဆိုပေမယ့် ပေါ့နေပါသေးတယ် ။ ဒါကြောင့် floral ဆား ကို စိတ်ကြိုက် ထည့်ပေးလိငက်ပါ ။ တစ်ခါတည်း အများကြီး ထည့်ရင် ဆားပွင့်တွေကို ကြေအောင် လုပ်ရတာ ခက်မှာကြောင့် နည်းနည်းချင်းစီ ထည့်ရင်း မြည်းပေးပါ ။ ဒါမှ အရသာလည်း ကိုစိတ်ကြိုက်ရမှာပေ့ါနော်။
ကဲ အရည်တွေ ကျက်လာပြီ ဖြစ်တဲ့ အရသာရှိမယ့် ပုံလေးပါပဲနော့် ။
အရည်မရှိရင် ကျွန်မက သိပ်မကြိုက်တာ။
ဒီလို အရည်လေးပါမှ မုန်လာဥရော
ငါးရော အရသာရှိတာလေ။အကုန်ပြီးပြီဆိုရင် ငရုတ်သီးအနီနဲ့ ကြက်သွန်မြိတ်ကို့ကို အပေါ်က တင်ပြီး လက်စသတ်ပေးပါမယ် ။ ဒီနေရာမှာတော့ မီးကတော့ နည်းနည်းပဲ ထားပါမယ် ။Induction ၃လောက်ပေ့ါ ။
ပြီးရင် ပန်းကန်လုံး ကြီးကြီးတစ်လုံးထဲကို ထည့်ပြီး စားချင့်စဖွယ် ဟင်းတစ်ခွက် က ထမင်းဝိုင်းဆီကို ညှို့ငင်နေမှာ အသေချာပါပဲ။ S

Credit : Facebook Shares

Ingredients

Directions