ကြက်သားဂါလ်ဘီ

1

[닭갈비, Dak-galbi, Spicy Stir-fried chicken] စွဲမက်စေမယ့် အရသာနဲ့ ကြက်သားဂါလ်ဘီ”

ဒီတစ်ခါကတော့ Korean Foodတွေကို အသဲစွဲကြိုက်တတ်တဲ့ သူလေးတွေအတွက်။ တောင်ကိုရီးယားရဲ့ နာမည်ကျော် စာဖိုမှူးကြီး ဘတ်ဂျွန်ဝမ်ရဲ့ နည်းလမ်းအတိုင်း ကြက်သားဂါလ်ဘီ ချက်နည်းလေးကို ပြောပြသွားမှာပါနော်

ခေါက်ဆွဲနဲ့ ဆန်ချောင်း ဝယ်ထည့်ပြီး ချက်ထားတဲ့
ကြက်သားဂါလ်ဘီပါ
အမှန်အတိုင်းပြောရရင် ကြက်သားဂါလ်ဘီရဲ့ အရသာ ထည့်ရတာ လွယ်တော့ မလွယ်ပါဘူး
ဒါမဲ့ ကျွန်တော့်ကတော့ လုပ်ပြီးသား အရသာကို ထည့်တာ ဆိုတော့ အဆင်ပြေပါတယ်
ရှေ့လျှောက်လည်း ကျွန်တော်တို့အိမ်မှာ ခဏခဏ လုပ်စားမယ့် ဟင်းလျာကတော့ ဘတ်ဂျွန်ဝမ်ရဲ့ ကြက်သားဂါလ်ဘီ ဟင်းပဲ ဖြစ်တော့မှာပါ

ပါဝင်ပစ္စည်း(၃-၄ယောက်စာ)

ကြက်ရိုး အသား ၅၀၀ဂရမ်
အာလူး တစ်လုံး
ကြကိသွန်ဖြူ တစ်ဝက်
ကြက်သွန်မြိတိ ၁ချောင်း
ဂေါ်ဖီထုတ် ၁ထုတ်
ငရုတ်သီးပွ( ငရုတ်သီး အနီ )
တော့ပူကီ ဆန်ချောင်း (တော့ဂုထဲမှာ ထည့်စားတဲ့ ဆန်ချောင်း) တစ်ခွက်
အူဒုန်းခေါက်ဆွဲ တစ်ထုတ်
မာနွန် အရသာ ၁ခွက်
နှမ်းဆီ ၊နှမ်း စားပွဲတင်ဇွန်း တစ်ဇွန်း

အထက်ပါ ပစ္စည်းတွေကတော့လိုအပ်မယ့် ပါဝင်ပစ္စည်းတွေပဲဖြစ်ပါတယ်
ကျွန်တော်ကတော့ တော့ပူကီ ဆန်ချောင်း အစား တော့ဂု ဆန်ချောင်းပဲ ရှိလို့ ဒါပဲ သုံးထားပါတယ်၊ အိုဒုန် ခေါက်ဆွဲကိုတော့ ထည့်ဖြစ်အောင် ထည့်ပါနော်
အိုဒုန်ခေါက်ဆွဲဖတ်က ကြက်သားဂါလ်ဘီနဲ့ အရမ်းလိုက်ဖက်လို့ပါ

အရင်ဆုံး လုပ်ရမှာက ကြက်ခြေထောက်ပိုင်းက အသားတွေပါ
အရိုးတွေကို ဖယ်ပြီး စားရတာ လွယ်အောင် ကြက်ခြေထောက်ပိုင်းနဲ့ ပေါင်သားတွေပဲ ဖယ်ထားပါ
ကြက်သားဂါလ်ဘီ ဟင်းမှာ ကြက်ခြေထောက်ပိုင်း အသားက ပိုအရသာရှိပါတယ်
ဘတ်ဂျွန်ဝမ် ဟင်းလျာမှာတော့ ၃၂၀ ဂရမ် လောက် ထည့်ပေမယ့် ကျွန်တောကတော့ ၅၀၀ဂရမ် တစ်ထုတိလောက် ထည့်ခေါက်လို့ အရသာရော အသားရော အစပ်အဟပ်တည့်တည့်နဲ့ အရမ်းစားလို့ကောင်းသွားပါတယ်
ပြီးတော့ ကြက်သွန်နီကိုတော့စားလို့ရလောက်တဲ့ အရွယ်လောက် လှီးထားရင် အဆင်ပြေပါတယ်

ပြီးရင် အာလူးကို ပါးပါးဝိုင်းဝိုင်းလေး လှီးပါ
အာလူးက ကျက်ဖို့ ကြာတာကြောင့် ဝ.၅ မီလီမီတာ အထူလောက် လှီးထားရင် အမြန်ကျက်နိုင်ပါတယ်
အာလူးတင် မဟုတ်ဘူး ကန်စွန်းဥ ထည့်လည်း ရပါတယ်
ဘတ်ဂျွန်ဝမ် ကြက်သားဂါလ်ဘီ ဟင်းလျာမှာတော့ အာလူးကို တစ်ဝက်ပဲ ထည့်ပေမယ့် ကျွန်တော်ကတော့ အာလုံးအရမ်းကြိုက်လို့ အာလူး တစ်လုံးလုံး ထည့်လိုက်ပါတယ်
ပြီးရင် ကြက်သွန်မြိတိကို သေးသေးလေးတွေ လှီးပြီး
ငရုတ်ပွသီးကိုလည်း အတော်အတင့် လှီးပြီး ပြင်ဆင်ထားပါ

ပြီးရင် အရေးအကြီးဆုံးဖြစ်တဲ့ မာနွန်အနှစ်
(ပြင်ထားပြီးသားဆိုတော့ အေးဆေးပဲပေါ့ ။တခြား အနှစ် ဟိုဟာဒီစာ ထုတ်ပြီးလုပ်နေရရင် ချက်နေရင်း အဆင်လည်းမပြေသလို
အရသာ အစပ်အဟပ်တည့်ဖို့လည်း သိပ်မလွယ်ဘူးလေ)
အဲ့အနှစ်ကိုတစ်ခွက် ထည့်လိုက်ပြီး ကြက်သားဂါလ်ဘီ ချက်ရင် အရမ်းအဆင်ပြေပါတယ်
ပြင်ထားတဲ့ အသီးအနံတွေနဲ့ အသားတွေကို ထည့်ပြီး
မာနွန်အရသာ တစ်ခွက်ကို ထည့်ပြီး သေချာ နယ်ပေးပါ
အရသာတွေ အသားထဲ စိမ့်ဝင်တဲ့ အထိ နယ်ပေးပါ

ကျွန်တောကတော့ ဇွန်းနဲပဲ မွေပါတယ်
လက်အိတ်စွပ်ပြီး မွေရင် ပိုအဆင်ပြေပါတယ်
ဘတ်ဂျွန်ဝမ်ရဲ့ ကြက်သားဂါလ်ဘီ ဟင်းရဲ့ အဓိကကတော့
အရသာအနှစ် ဖြစ်လို့ ပေါ့သွားလို့ မဖြစ်ပါဘူး
အသီးအနှံထဲက အရည်တွေ ထွက်လာတတ်တာကြောင့် နယ်တဲ့အခါ အနှစ်များ နည်းသွားမလား ဒီလောက်ဆို ရပါ့မလား ဆိုတဲ့ အတွေးတွေလည်း ဝင်တတ်ပါတယိ
ပွဲသေးဆိုရင် ကျွန်တော့ ပြထားတဲ့ အစပ်အဟန့်အတိုင်း လုပ်ရင်တော့ အရသာအရမ်းကောင်းပါတယ်
ခုတော့ fry pan သို့မဟုတ် iron plateပေါ် တင်ပြီး ကြော်လိုက်ပါ
ကြော်တဲ့ နေရာကလည်း ကြက်သားဂါလ်ဘီရဲ့ အရေးကြီးဆုံး နေရာမှာ ပါဝင်ပါတယ်
အစမှာတော့ အသားကို အလယ်အလတ် မီးထဲမှာ ကြော်ရာကအသီးအနှံ့တွေထဲက အရည်တွေ ထွက်လာရင်တော့ မီးလျှော့ပြီးမှ ကြော်လိုက်ပါ
အကယ်၍ အနှစ်က များပြီး အရည်နည်းနေရင် ရေနည်းနည်းထပ်ထည့်လိုက်ပါ
ကျွန်တော်လည်း ပန်းကန်ထဲ ကျန်တဲ့ အနှစ်တွေ နှမြောတာနဲ့ ရေထပ်ထည့်ပြီးမှ အနှစ်တွေ အကုန် ထည့်ပစ်လိုက်ပါတယ်
ရေ ပမာဏ ၅၀~၁၀၀ မီလီလီတာ လောက် ဆို အတော်ပါပဲ
အကယ်၍ အရည်သိပ်များတယ် ထင်ရင် လျှော့ထည့်လိုက်ပါ
အသီးအရွက်တွေ ထဲက ရေတွေ စထွက်လာပြီး ပါဝင်ပစ္စည်းတွေ အကုန်ကျက်လောက်တဲ့ အချိန်
တဖက်အိုးထဲမှာ အိုဒုန်း ခေါက်ဆွဲဖတ်ကို ပြုတ်ထားပါ
ခေါက်ဆွဲဖတ်ကို ဒီတိုင်း ထည့်ရင် သိပ်စားမကောင်းလို့
အိုးထဲမှာ တစ်ခေါက်လောက်ပြုတ်ပြီး ရေအေးလေးနဲ့ တစ်ခေါက်ဆေးပြီးမှတော့ ဆန်ချောင်းနဲ့ တူတူ ခုနကအိုးထဲ ထည့်ပြီး မွေပေးလိုက်ပါ
အရသာတွေ အကုန် စိမ့်ဝင်ထဲထိ မွေပေးပါ
အကယ်၍ အသားက ကြီးတယ် ဆိုရင် သင့်တင့်တဲ့ အရွယ်လောက် လှီးပေးလိုက်ပါ
ပြီးရင်း မီး မပိတ်ခင်မှာ နှမ်းဆီနဲ့ နှမ်းကို ဖြူးလိုက်ပါ
ပူပူလေးစားမှ ပိုအရသာကောင်းလို့
ဒယ်အိုးထဲက ကြက်သားဂါလ်ဘီဆယ် ထည့်ပြီး စားနိုင်ပါပြီ
ဒီဟာက အရသာအစပ်အဟပ်လည့် တည့်တယ်
အနှစ်တစ်ခုတည်းနဲ့တင် ဒီလောက်ကောင်းတဲ့ အစားကို စားလို့ရနိုင်ပါတယ် S

Credit : Facebook Shares

Ingredients

Directions