ကိုရီးယား မက်ကရယ်ငါးဟင်း

1

“ကိုရီးယား မက်ကရယ်ငါးဟင်း”

ဒီတစ်ခါမှာတော့ မက်ကရယ် ငါးကို ကိုရီးယားဆန်ဆန်
ဘယ်လိုချက်စားကြလဲဆိုတာ မျှဝေပေးမှာ
ဖြစ်ပါတယ်နော်...
ပါဝင်ပစ္စည်းကနေ စကြမယ်နော်..
ဇွန်း ဆိုတာ ထမင်းစားဇွန်းကို ပြောတာနော်..
ကိုင်ပြီးသား မက်ကရယ်ငါးနှစ်ကောင် !!
*ငါးညှီနံ့ပျောက်ဖို့အတွက် …..(ဆန်ဆေးရေ ၂ခွက် +ပဲငပိ ဝ.၅ဇွန်းကြီး )
တခြား အသီးအရွက်တွေကတော့..
သခွါးဖရုံ ၁ခြမ်း ၊ အာလူး ၁လုံး ၊ မုန်လာဥ တစ်ဥ ၊ ကြက်သွန်နီ ၁ခြမ်း ၊ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ် ၁စည်း ၊ ငရုတ်သီးစိမ်း ၁~၂တောင့်( အစပ်ကြိုက်ရင် ပိုထည့်လို့ရတယ်နော်) ၊ ငရုတ်ကောင်း အနည်းငယ်…
*အနှစ်အတွက်!!!!
ဆန်ဆေးရေ၄၀၀မီလီလီတာ ၊ ပဲငံပြာရည် (အပျစ်) ၄ ဇွန်း ၊
ငါးငံပြာရည် ၁ဇွန်း ၊ Readymade ငရုတ်သီးအနှစ် +ပဲငပိ ၂/၃ဇွန်းဆီ ၊ သကြား ၁/၃ဇွန်း ၊ ပြောင်းဖူးsyrupy ၁ဇွန်း ၊ ငရုတ်သီးမှုန့် ၃ဇွန်း ၊ ဆန်အရက် ၃ဇွန်း ၊ ကြက်သွန်ဖြူ (နုပ်နုပ်စင်း) ၁ဇွန်း ၊ ဂျင်း (နုပ်နုပ်စင်း) သို့မဟုတ် ဂျင်းမှုန့် အနည်းငယ်.. တို့ဖြစ်ပါတယ်

မက်ကရယ်ငါး ညှီနံ့ဖျောက်ဖို့အတွက် အဓိက Tip~~~!
ဆန်ဆေးရေနဲ့ ပဲငပိက အဓိက ဖြစ်ပါတယ်…
ဆန်ဆေးရေဆိုတာ ထမင်းအိုး တည်တဲ့အခါ နှစ်ခါ သုံးခါလောက် ဆေးထားတဲ့ ရေကို အသုံးပြုရမှာ ဖြစ်ပါတယ်.. ဒီရေက ညှီနံ့ပျောက်စေတဲ့အတွက် ကင်တဲ့အခါမှာလည်း ငါးကို ဒီရေထဲစိမ်ပြီးမှ ကင်ရင် ညှီနံ့မထွက်ပါဘူး..
ငါးဟင်းချက်တဲ့ အခါအဓိက အရေးကြီးတဲ့ ဒီညှီနံ့ပျောက်ဖို့ပဲလေ ..အဲ့တော့ ငါးကို နှစ်ခေါက်လောက် ထည့်ဆေးလိုက်ပါ..
ဆန်ဆေးရေ ၉၀၀မီလီလီတာ လောက် ပြင်ဆင်ထားမှ ဆေးတဲ့ နေရာတင် မဟုတ်ဘဲ ထည့်ချက်တဲ့အခါ အထိ လုံလောက်မှာဖြစ်ပါတယ်.။ဒီနေ့ ချက်မယ့် မက်ကရယ်ငါးဟင်းကို ပဲငပိ ဝ.၅ ဇွန်း ထည့်ပြီး မွေထားတဲ့ ပဲငပိ ဆန်ဆေးရေ ထဲကို မက်ကရယ် ငါးကို မိနစ်၂၀~၃၀လောက် စိမ်ထားပြီးမှ ချက်ပါမယ်.. ရာသီဥတုက ပူတော့ ရေခဲသေတ္တာထဲမှာပဲ ထည့်ထားလိုက်တယ်.. ပဲငပိပါ ထည့်လိုက်တယ်ဆိုတော့ အရသာ ပိုကောင်းရုံတင်မက အသားလည်းပိုပြီး ကျစ်ကျစ်လစ်လစ် ဖြစ်ပါတယ်။
အနှစ် ပြင်ဆင်ကြမယိ..!!
ပဲငပိ ၊ ငရုတ်သီးအနှစ် တို့ ပါဝင်ပါမယ်။ ပဲငပိဟာ အရသာ နက်ရှိုင်းစေရုံသာမက ညှီနံ့ကိုပါ ပျောက်စေပါတယိ။ ငရုတ်သီးအနှစ်ကလည်း တူတူပါပဲ!!
ပဲပိစပ်ငံပြာရည် သို့မဟုတ် ပဲငံပြာရည် (အပျစ်) ၄ဇွန်း ၊ ငရုတ်သီးအနှစ် + ပဲငပိ ၂/၃ဇွန်းစီ ၊ ငါးငံပြာရည် ၁ဇွန်း ၊
ငရုတ်သီးမှုန့် ၃ဇွန်း ၊ ပြောင်းဖူးsyrupy ၁ဇွန်း ၊ သကြား ၁/၃ဇွန်း ၊ ကြက်သွန်ဖြူ(နုပ်နုပ်စင်း) ၁ဇွန်း ၊ ဂျင်း(နုပ်နုပ်စင်း) ၁ဇွန်း ၊ ဆန်အရက် ၃ဇွန်း တို့ကို ထည့်ပြီ နှံ့စပ်အောင် နယ်ပေးပါမယ်..တခြား ပါဝင်မယ့် အသီးအရွက်တွေကို ပြင်ဆင်ကြရအောင်!!
အာလူး နဲ့ သခွါးဖရုံ က အသင့်တော် ဆုံးပါပဲ..ကျွန်မကတော့ သခွါးဖရုံ မရှိလို့ မထည့်ပေမယ့် လူကြီးမင်းတို့ ချက်တဲ့ခါ ထည့်ဖို့ recommmendပေးပါတယ်.. ထူထူလေးတွေ လှီးတာ ကောင်းပါတယ်!! ၂စင်တီလောက်ပေါ့။ မုန်လာဥစားဖို့ ကျွန်မကတော့ ကြိုက်လို့ ထည့်ပါတယ်...
ကြက်သွန် နီ ငရုတ်သီးစိမ်း ကြက်သွန်မြိတ် တို့ကို အသင့်ပြင်မယ်…!!
အပေါ်မှာ ထည့်မယ် ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်မြိတ်ကို ပါးပါးရှည်ရှည်လှီးပါ..!!! ငရုတ်သီးစိမ်း နဲ့တင်မက အရောင်လေးတွေပါ လှဖို့ ငရုတ်သီးနီ ကိုပါ ထည့်ပြီး လှီးထားပါတယ်..!!!.
အာလူး မုန်လာဥ သခွါးဖရုံ မက်ကရယ်ငါး ဆန်ဆေးရေ နဲ့ ခုနပြင်ထားတဲ့ အနှစ်တို့ကို အိုးကျယ်ကျယ်ထဲ ထည့်ပါ။
မုန်လာဥ အာလူးတို့ကို အောက်မှာ ထားပါ…!!ပဲငပိ ဆန်ဆေးရေထဲ ထည့်ထားတဲ့ မက်ကရယ်ငါးကို အပေါ်မှာ ထည့်ပြီး ခုနက ပြင်ထားတဲ့ထဲက ဆန်ဆေးရေ
၄၀၀~၄၅၀မီလီလောက်ကို ထည့်မယ်..ပြီးရင် ခုနက အနှစ်ထည့်ပြီး မီးပြင်းပြင်နဲ့ တည်ထားလိုက်ပါပွက်ပြီဆိုရင်အဖုံးဖွင့်ပြီး မီးနည်းနည်းလျော့ထားပါ..
အဖုံးပိတ်ထားလိုက်ရင် ညှီနံ့တွေ ဟင်းထဲ ဝင်ကုန်မှာ စိုးလို့ပါ..ထည့်ထားတဲ့ အရည်တွေ ၃ပုံ၂ပုံလောက်ပဲ ကျန်တဲ့အထိ အဲ့အတိုင်းထားထားပါ..လှီးထားတဲ့ ကြက်သွန်နီ ကြက်သွန်မြိတ် ငရုတ်သီးတို့ကို ထည့်ရမယ့် အလှည့်ရောက်ပါပြီ…
အရင်ဆုံး ကြက်သွန်နီကို ထည့်ပြီးမှ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးကို ထည့်ပါမယ်..ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)ကတော့ မိမိစိတ်ကြိုက် ထည့်ပါ.. အရည်တွေ ပွက်ပွက် ဆူတဲ့ထိ တည်ထားပါမယ်..။ ပုံမှန် ပြုတ်ထားတဲ့ အချိန်တွေ ရေခန်းခန်းသွားတတ်တာမို့ မီးပိတ်လိုက်တဲ့ အချိန်တွေမှာ ထင်ထားတာထက် ရေနည်းသွားတာမျိုး ဖြစ်တတ်ပါတယ်.ဒါလေးတော့ သတိထားပေးပါ

ကြက်သွန်မြိတ် နဲ့ ငရုတ်သီးတို့ ထင်ထင်လင်းလင်း ပေါ်နေမှ ပိုပြီး စားချင့်စဖွယ် ဖြစ်တာကြောင့် ကျွန်မကတော့ မီးပိတ်ပြီး စားပွဲပေါ်တင်တဲ့ အချိန်ကျမှ နည်းနည်းလောက် ထပ်ထည့်လိုက်ပါတယ်… ကျစ်ကျစ်လစ်လစ်နဲ့ အရသာရှိတဲ့ ငါးအသားလေးကို စားလိုက်ရတာ ပျော်ဖို့လည်းကောင်းသလို အောက်မှာရှိတဲ့ သခွါးဖရုံနဲ့ အာလူးတို့ကို စားရတဲ့အခါလည်း ပိုပျော်ဖို့ကောင်း ပိုအရသာရှိပါတယ်…. ထမင်းပေါ်မှာ ငါးအသာလေးနဲ့ အာလူးလေ တင်ပြီး အာ…. ဆိုပြီး စားလိုက်လို့ကတော့ တစ်ပန်းကန်ဆိုတာ ဘာမှန်းတောင် သိလိုက်မှာ မဟုတ်ဘူးနော်….’
ဒါဆို ခုချက်ခဲ့တဲ့ မက်ကရယ် ငါးဟင်းလေးကို ပြန်အကျဉ်းချုံ ကြည့်လိုက်ရင်…
ငါးဟင်း ချက်တဲ့ခါ အရေးကြီးဆုံးက ငါး လတ်ဆတ်နေဖို့ပါ..~!
ပြီးရင် ပဲငပိနဲ့ နယ်ထားတဲ့ ဆန်ဆေးရေထဲကို မဖြစ်မနေ ထည့်ရပါမယ်~~~
အရသာရှိတဲ့ အနှစ်နဲ့ အာလူး သခွါးဖရုံ တို့ကို ထည့်ပြီး အဖုံးပွင့်ပြီး တည်ပါမယ်~~~အကုန်လုံးချက်ပြီဆိုတဲ့ချိန်။ ကြက်သွန်နီ ကြက်သွန်မြိတ် ငရုတ်သီးတို့ကို ထည့်ပြီး ခဏလောက် တည်ပြီးတာနဲ့ အရသာရှိတဲ့ မက်ခရယ် ငါးဟင်းကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်…
ကဲ အကျဉ်းချုံပြလိုက်တော့ ဘယ်လောက်တောင် လွယ်သလဲ…’ အချိန်ဆွဲမနေဘဲ အခုပဲ အမြန်ဆုံး ချက်စားလိုက်တော့နော်….

Credit : Facebook Shares

Ingredients

Directions