Crispy Deep Fried Pork Belly

1

" Crispy Deep Fried Pork Belly "

***... Crispy Deep Fried Pork Belly အတွက် လိုအပ်တာလေးတွေ…

1. ဝက်သုံးထပ်သား – ၁ ကီလို (၆၅ ကျပ်သား)
2. ဆား – ထမင်းစားဇွန်း ၂ ဇွန်း
3. သစ်ဂျပိုးခေါက် (cinamon stick) – အရှည် ၂ လက်မခွဲခန့် ၂ ချောင်း
4. နာနတ်ပွင့် (star anise) – ၅ ပွင့်
5. ဆီ (ကြော်ရန်) – အသားမြှုပ်လုနီးပါးထည့်ရန်

#. အသားမြုပ်အောင်တည်ထားသည့် ပွက်ပွက်ဆူနေသော ရေနွေးထဲ ဝက်သား၊ ဆား၊ သစ်ဂျပိုး နှင့် နာနတ်ပွင့် ထည့်ပြီး အိုးအဖုံး အနည်းငယ်ဟကာ အခေါက်ပျော့အောင် ၃၅ မိနစ်ခန့် medium heat ဖြင့်ပြုတ်ပေးပါ။

(ထွက်လာသည့် အမြှုပ်များအားခပ်ထုတ်ပြီး မဝေကျနိူင်တော့မှ အိုးအဖုံးကို လုံအောင်ဖုံးပါ။)

#. အခေါက်ပျော့လျှင်ရေစစ်ဆယ်ထုတ်ပြီး အခေါက်များ၏ နေရာအနံ့ ခက်ရင်းဖြင့် အချက်ပေါင်းများစွာထိုးပေးပါ။

#. ထွက်လာသည့် အရည်များကို paper towel ဖြင့် သုတ်ပေးပြီး အတော်လေး ခြောက်သွားအောင် ၂ နာရီခန့် လေသလပ်ခံထားပါ။

#. ထိုအတောအတွင်း အခေါက်များ၏ နေရာအနံ့ ခက်ရင်းဖြင့် အချက်ပေါင်းများစွာထိုးပေးပြီး ထွက်လာသည့်အရည်များအား paper towel ဖြင့် သုတ်ခြင်းကို နောက်ထပ် ၂ ခါ လုပ်ပေးပါ။

#. ပြီးလျှင် medium heat ဖြင့်အပူပေးထားသည့် ဇောက်နက်သည့် အိုးထဲမှ (ဆီပေါက်ထွက်ခြင်း သက်သာစေရန် ဒယ်အိုးကို မသုံးခြင်းဖြစ်ပါတယ်) အရမ်းမပူသေးသော ဆီထဲ တစ်ဖက်လျှင် ၁၀ မိနစ်ခန့်ဖြင့် မိနစ် ၂၀ ခန့် ကြော်ပေးပါ။

(အရမ်းပေါက်တတ်သဖြင့် လေးသည့်အိုးအဖုံးကို အနည်းငယ်ဟပြီး ဖုံးကာကြော်ပေးပါ။ မီးပိတ်ပြီးမှ နောက်တစ်ဖက် ကို လှန်ပေးပါ။ လှန်ပြီးမှ မီးကိုပြန်ဖွင့်ပေးပါ။)

#. မိနစ် ၂၀ ခန့် ကြော်ပြီးနောက် အခေါက်များ မကြွပ်ရွသေးသည့် အသားများကို ဆီစစ်ဆယ်ထုတ်ကာ baking tray ခံထားသည့် cooling rack (wire rack) ပေါ်တင်ပြီး နာရီဝက်ခန့် အအေးခံထားပါ။

#. နာရီဝက်ခန့်ကြာလျှင် အိုးထဲရှိ ဆီများကို အရမ်းပူလာအောင် high heat ဖြင့် အပူပေးပါ။ အခေါက်များကြွပ်ရွလာအောင် လုပ်ရန်ဖြစ်ပါတယ်။

#. ဆီ အရမ်းပူလာလျှင် အခေါက်ဖက်ကို အောက်ဖက်ထားပြီး ဆီပူမလောင်အောင် သတိထား၍ ထည့်ပေးကာ တစ်ဖက်လျှင် ၁ မိနစ်ခန့်စီဖြင့် ၂ မိနစ်ခန့် ကြော်ပေးပါ။

(ထည့်ချလိုက်သည်နှင့် အခေါက်များကြွပ်ရွပြီး ဆီများပေါက်ထွက်လာတတ်သောကြောင့် ကျွန်မကတော့ မျက်နှာအရှေ့ ကို အိုးအဖုံးဖြင့် ကာပြီးမှ ထည့်ချပေးလေ့ရှိပါတယ်။)

#. ပြီးလျှင် ဆီစစ်ဆယ်ထုတ်ကာ cooling rack ပေါ် တင်၍ အအေးခံပါ။

#. အေးသွားပြီးနောက် ဓါးခပ်ကြီးကြီး ကိုသုံးကာ မိမိနှစ်သက်သလို ခုတ်၍ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Crd.chawsu

Credit : Facebook Shares

Ingredients

Directions