၀က်လက်ပေါင်း

1

၀က်လက်ပေါင်း

ဒါလေးကတော့ အရည်နည်းနည်းလေးနဲ့တော်တော်စားကောင်းတဲ့ ၀က်လက်ပေါင်းပါ။ တကယ့်၀က်လက်ပေါင်းမှာတော့ အရွက်လေးတမျိုးလောက်ထည့်စားပါတယ်။ ဒီ၀က်လက်ပေါင်းကို ၀က်စတူးထက်ပိုကြိုက်တယ်။ စားလို့ကောင်းတဲ့၀က်လက်ပေါင်းကို လုပ်စားကြည့်ရအောင်နော်။

ပါ၀င်သောပစ္စည်းများ
၁။ ၀က်လက် - ၅၀ သား
၂။ ပဲငံပြာရည်အကျဲ - ထမင်းစာဇွန်း ၁ ဇွန်း
၃။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၄။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၆။ ကြိုက်နှစ်သက်ရာအရွက် (မုန်ညှင်း၊ ကန်စွန်းရွက်)
၇။ နာနတ်ပွင့် - ၂ ပွင့်
၈။ ဆီ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ၀က်လက်များကို ခုတ်ရ်ျ သန့်စင်ထားပါ။ ပြီးလျှင် ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ ကြက်သားမှုန့်၊နာနတ်ပွင့်တို့ဖြင့် နယ်ရ်ျ အနည်းဆုံး ၁ နာရီခန့်နှပ်ထားပါ။
၂။ ချက်မည့်အိုးထဲကို ဆီ၊ သကြား နှင့် ရေလက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ရ်ျ သကြားများအရည်ပျော်ပြီး ညိုလာသည်အထိမွှေပါ။
၃။ သကြားများညိုလာလျှင် မီးကိုလျော့ရ်ျ ၀က်လက်များကိုထည့်ပြီး သကြားများနှင့် အသားများညိုလာသည်အထိလှော်ပါ။
၄။ ထို့နောက် ရေထည့်ရ်ျ မီးအေးအေးဖြင့် ၀က်လက်များ နူးအိလာသည်အထိတည်ပါ။ နူးအိလာလျှင် ရေခမ်းခါနီးအထိတည်ပြီး မီးဖိုပေါ်မှချပါ။
၅။ ၀က်လက်ပေါင်းတွင် အရွက်ထည့်ရန်အတွက် အရွက်ကို သက်သက် ပြုတ်ပါ။ ထို့နောက် ပန်းကန်ထဲကို ၀က်လက်အသားများ နှင့် အရွက်ကို အရင်ထည့် ပြီးမှ အနှစ်ရည်လေးကို အသားနှင့် အရွက်များပေါ်ဆမ်းပါ။
၆။ အနံ့မွှေးမွှေး ၀က်လက်ပေါင်းကို သုံးဆောင်နိုင်ပါပြီရှင်။

Crd.Eisan

Credit : Facebook Shares

Ingredients

Directions