ဝက်သားလုံးအချိုကြော်

1

ဝက်သားလုံးအချိုကြော်
°°°°°°°°°°°°°°°°°°°°

ဝက်သား(အဆီအနည်းငယ်ပါ)...၂၅ကျပ်သား
ချင်းသေးသေး.......................၁တက်
ကွကျဥ..............................၁လုံး
ပြောင်းမှုန့်...........................၁ဇွန်း

ဝက်သားကိုညှက်နေအောင်နုပ်နုပ်စဉ်းပါ။
(ဒီနေရာမှာအသုံးပြုမယ့်စဉ့်တီးတုံးကသန့်စင်မာကျောနေရပါမယ်။ ဟောင်းဆွေးနေတဲ့သစ်သားစဉ့်တီ
တုံးတွေကသစ်သားစတွေဖွာထွက်ပြီးအသားနဲ့ရောပါခြင်းကိုသတိထားရပါမယ်)

စက်နဲ့ကြိတ်လို့ရနိူင်ပေမယ့်အရည်ထွက်တာများသလိုစားတဲ့အချိန်မှာအရသာကွာခြားတတ်ပါတယ်။

စဉ်းထားတဲ့အသားတွေကိုဇလုံတစ်ခုမှာထည့်ပါ။

ဆား၊ပဲငံပြာရည်အကြည်၊သကြား၊ဟင်းခတ်မှုန့်၊ချင်းထောင်းရည်တို့နှင့်အရသာဖြည့်စွက်ပါ။

ပြောင်းမှုန့်ကိုနှံ့အောင်ဖြန့်ထည့်ပြီးကြက်ဥအကာရည်ထည့်ပါ။သမသွားအောင်နယ်ပေးပါ။

မိမိနစ်သက်သလိုအလုံးငယ်များလုံးပြီးဆီပူပူမှာရွှေညိုရောင်ရအောင်ကြော်ယူပြီးဆီစစ်ပေးပါ။

ဒီလိုအသားလုံးအချိုကြော်ကတော့အသက်ကြီးသူတွေ၊ကလေးငယ်တွေနှင့်သွားမကောင်းသူများအတွက်အထူးသင့်လျော်လှပါတယ်။

ဟင်းပွဲတစ်ခုဖြစ်ချင်ရင်တော့ခရမ်းချဉ်သီးကိုအနှစ်ကျကျလေးချက်ပြီးအသားလုံးတွေထည့်ကာငရုတ်သီးစိမ်း၊နံနံပင်လေးအုပ်ပေးနိူင်ပါတယ်။

Crd.winnaingthein

Credit : Facebook Shares

Ingredients

Directions