okara ဝက်သားပြားကြော်

1

" okara ဝက်သားပြားကြော်"

ဂျပန်လို 0kara လို့ခေါ်တဲ့ ပဲနိူ့ညစ်ယူပြီးနောက် ကျန်ခဲ့သောပဲဖတ် soya bean pulp နဲ့ ဝက်ကြိတ်သား ကို အနံ့၊ အရသာတွေထည့်ပြီး ကော်မှုန့်ကပ်ကြော်ထားတာဖြစ်ပါတယ်။

***... okara ဝက်သားပြားကြော် အတွက် လိုအပ်တာလေးတွေ…

1. ကြိတ် (သို့) တောက်တောက်စင်းထားသော ဝက်သား – 3 cups (750 ml)ခန့်
2. ပဲနိူ့ညစ်ပြီးနောက် ကျန်သည့် ပဲဖတ် (okara (or) soya pulp) – 2 cups (500 ml)ခန့်
3. လှီးထားသော ပူစီနံ (mint) – 1/3 cup (80 ml)ခန့်
4. အတုံးသေးသေးလှီးထားသော ကြက်သွန်နီ – 1/3 cup (80 ml)ခန့်
5. ကွကျဥ – ၁ လုံး
6. ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
7. ဂျင်းအခြောက်မှုန့် (သို့) ထောင်းထားသော ဂျင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
8. chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
9. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
10. ကော်မှုန့် (potato starch, corn starch) – 2 cups (500 ml)ခန့်

ကော်မှုန့်မှ လွဲ၍ ပါဝင်ပစ္စည်းအားလုံးကို အရသာနံှံ့ပြီး စေးစေးလေးဖြစ်အောင် သေသေချာချာ ဖိချေနယ်ပေးပါ။

ထမင်းစားဇွန်း ၂ ဇွန်းခန့် အပြားဝိုင်းလေးများလုပ်ပေးပါ။ ၂၆ ပြားရပါတယ်။

ကော်မှုန့် ဖြင့် နံ့အောင်ကပ်ပေးပါ။

medium high heat ဖြင့် အပူပေးထားသည့် ဆီဒယ်အိုးအောက်ခြေထဲ ဝါး (သို့) သစ်သားတူကို ထောက်ကာ စမ်းကြည့်ပါ။ တူ အိုးအောက်ခြေကို ထိသည်နှင့် နံဘေးမှာ အမြှုပ်လေးများ ချက်ချင်းထလာလျှင် ဆီအနေအထားမှန်ပြီမို့ အိုးမကြပ်အောင် အသားပြားများကို ထည့်ပေးပါ။

၃ မိနစ်ခန့်ကြာလျှင် နောက်တစ်ဖက်လှန်ပါ။

မကြာခဏ ဟိုဖက် ဒီဖက် ဖွဖွလှန်ကာ ၁၂ မိနစ်ခန့် (သို့) ကျက်အောင် ကြော်ပြီးနောက် ဆီစစ်ဆယ်ထုတ်ကာ paper towel ပေါ်တင်ပြီး ဆီဆက်စစ်ထားပါ။

ပြီးနောက် နှစ်သက်ရာ အချဉ်တစ်မျိုးမျိုးဖြင့်တွဲဖက်၍ လည်းကောင်း၊ ဆီ၊ ဆားတို့ဖြင့်နယ်ထားသည့် ထမင်းပူပူလေးဖြင့် တွဲဖက်၍ လည်းကောင်း အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

ကော်မှုန့်အစား ခလောက်ထားသောကြက်ဥရည်တွင်နှစ်ပြီးနောက် bred crumb များဖြင့် ကပ်ကြော်၍လည်း အရသာရှိစွာ သုံးဆောင်နိူင်ပါတယ်။

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions