မရန်းသီးမှည့်နှင့် ငါးနီတူခြောက်အစပ်ကြော်

1

(Ripe Marian with Dried Anchovy Spicy Fried)
ယခုလို မိုးတွင်းအချိန်အခါမှာ ချဉ်ငန်စပ်နဲ့ ထမင်းမြိန်စေမယ့် ဟင်း တစ်ခွက်ပါ။ မရန်းသီးမှည့်အစား သရက်သီးမှည့်ကို အစားထိုး ချက်လို့လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ
• မရန်းသီးမှည့် - ၁၀ လုံး (ခပ်ပါးပါးအသားတွေ လှီးယူထားပါ)
• ငါးနီတူခြောက် - ၁ ခွက် (ြွကပ်နေအောင် လှော်ထားပါ)
• ငရုတ်သီးခွဲကြမ်း - လက်ဖက်ရည်ဇွန်း ၃ ၁/၂ ဇွန်း
• ကြက်သွန်နီ - ၃ လုံး (နုပ်နုပ်လှီးထားပါ)
• ကြက်သွန်ဖြူ - ၃ မြွှာ (နုပ်နုပ်လှီးထားပါ)
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

ပြုလုပ်နည်း
မကပ်သောအိုးထဲ မီးအနေတော်ဖြင့် ဆီထည့်ပြီး အပူပေးပါ။ ဆီအိုးထဲ နနွင်းမှုန့်၊ နုပ်နုပ်လှီးထားသော ကြက်သွန်ဖြူ/နီကို ထည့်တည်ပါ။ ကြက်သွန်နူးအိပြီး အနံမွှေးလာလျှင် ငရုတ်သီးခွဲခြမ်း၊ ငံပြာရည်၊ မရန်းသီး များထည့်ပြီး နှံ့အောင်မွှေပါ။ မရန်းသီးပျော့အိလျှင် အသင့်လှော်ထားသော ငါးနီတူများထည့်ပြီး မရန်းသီး အနှစ်များနှင့် သေချာအရသာဝင်အောင် မွှေပါ။ ကျန် ပါဝင်ပစ္စည်းများ ထပ်ထည့်ပြီး သေချာမွှေပေးပါ။ အရသာမြည်းပါ။ လိုတာထပ်ဖြည့်ပါ။ အအေးခံ၍ လေလုံဘူးထဲထည့်ပြီး ထားလျှင် အခန်းအပူချိန်နှင့် တစ်ပတ်၊ ရေခဲသေတ္တာထဲမှာဆိုလျှင် တစ်လလောက် အထားခံပါတယ်။
..............................
Crd.
Syi Lwin

Credit : Facebook Shares

Ingredients

Directions