Spicy မဆလာအမဲသား အခြောက်ကြော်

1

"Spicy မဆလာအမဲသား အခြောက်ကြော်"

ရေနွေးကြမ်းလေးနဲ့တွဲဖက်ပြီး အပျင်းပြေဝါးလို့ အရမ်းကောင်းတဲ့ သရေစာလေးပါ။ နေလှမ်းဖို့မလိုတဲ့ အတွက် အလုပ်ရှုပ်သက်သာသလို၊ အရမ်းကို သန့်သန့်ပြန့်ပြန့် စားနိူင်ပါတယ်။ အမဲသားမစားသူများ ဒီအမဲသားလိုပဲ အသားအမျှင်များ အလျားလိုက်လှီးလို့ရတဲ့ ဝက်သားကို အသုံးပြုနိူင်ပါတယ်။
Spicy မဆလာအမဲသား အခြောက်ကြော် အတွက် လိုအပ်တာလေးတွေ…

အမဲသား – 900 g
ဆား – ထမင်းစားဇွန်း ၁ ဇွန်း
သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်း
ငရုတ်သီးအကြမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
အရသာမှုန့် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
မဆလာ – လက်ဖက်ရည်ဇွန်း ၅ ဇွန်း
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေခြောက်ကာ အသားမျှင်များ အလျားလိုက်အရှည်အတိုင်းလှီးနိူင်သော အမဲသား (ကျွန်မကတော့ beef eye round ကိုသုံးပါတယ်။)ကို ပုံပါအတိုင်းအချောင်းရှည်ရှည်လေးများလှီးထားပါ။

ပါဝင်ပစ္စည်းများအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး အရသာဝင်အောင် ဆုပ်နယ်ပေးကာ ရေခဲသေတ္တာထဲ အနည်းဆုံး ၃ နာရီခန့် နှပ်ထားပါ။

high heat ဖြင့် အပူပေးထားသော အိုးကြီးကြီးထဲမှ ဆီများ (အသားအားလုံးမြှုပ်အောင်များများထည့်ရပါမယ်။) အရမ်းပူလာလျှင် အသားများအားလုံးကိုထည့်ကာ ၃၅ မိနစ်ခန့် (သို့) အသားအနေအထား (အကြွပ်၊ အပျော့)မိမိကြိုက်နှစ်သက်သလို ကြော်ပေးပါ။ (၄၊၅ မိနစ်ခြား မွှေပေးကာ ကျက်ခါနီးလျှင် ခပ်စိပ်စိပ်မွှေကြော်ပေးပါ။)

ပြီးလျှင် ဇကာထဲထည့်ပြီး ဆီစစ်ထားပါ။

ဆီများစစ်သွားလျှင် Spicy မဆလာအမဲသား
အခြောက်ကြော်လေး အပျင်းပြေဝါးရန် အသင့်ဖြစ်ပါပြီ။
Crd.chawsu

Credit : Facebook Shares

Ingredients

Directions