ပုစွန်တုံယမ်းဟင်းရည်

1

ပုစွန်တုံယမ်းဟင်းရည်
(Tom Yum Goong)

ယိုဒယား(ထိုင်း) အစားအစာကို နှစ်သက်တဲ့ သူငယ်ချင်းများအတွက် ပုစွန်တုံယမ်းဟင်းရည် ချက်နည်းကို share ပါမယ်ရှင်။

တုံယမ်းဟင်းရည် ချက်နည်း အမျိုးမျိုးရှိတဲ့အထဲက ငရုတ်နှစ် မထည့်ပဲ Clear Tom Yum Soup လုပ်နည်းလေးပါ။ အုန်းနို့မထည့်ထားတဲ့အတွက် သွေးတိုးမှာလည်း မပူရတော့ပါဘူးနော်။ ငါးအသားပြားနဲ့ ပြည်ကြီးငါး ထည့်လိုက်လျှင် ပင်လယ်စာ တုံယမ်းဟင်းရည် နောက်တမျိုးရပါတယ်။

Ingredients:
ရေ ၁.၅ လီတာ
ပုစွန် ၇ ~ ၁၀ ကောင်
မှို ၅ ~ ၁၀ ပွင့်
စပါးလင် ၂ပင်
ပဒဲကော ၁"အရွယ်
ရှောက်ခါးရွက် ၅ ~ ၇ ရွက် (တောရှောက်ခါး (သို့) ရှောက်ဘီလူးရွက်)
ငရုတ်သီးစိမ်း ၅ ~ ၇ တောင့်
သံပုရာသီး ၁လုံး
ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
ကြက်သွန်နီအသေး ၂လုံး
ဆား အနည်းငယ်
ခရမ်းချဉ်သီး ၁လုံး (optional)
နံနံပင် အနည်းငယ် (optional)

Preparation Method:
၁) ပုစွန်တွေကို ခေါင်းဖြုတ်၊ အမြီးအဖျားလေးကို နည်းနည်းချန်ထားပြီး အခွံခွာ၊ ကျောလယ်ကို ခွဲ၊ အမည်းကြောင်းကို ထုတ် ရေဆေးပါ။
၂) အိုးထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင် အရင်တည်ပါ။ စပါးလင်တွေကို အပင်လိုက် ထုထောင်းပြီး ထုံးထားပါ။ ရေဆူလာလျှင် စပါးလင်တွေကို ထည့်ပြီး ၂မိနစ်ခန့် တည်ပါ။
၃) ပဒဲကောကို အနေတော်လှီးပြီး ထည့်ပါ။ ရှောက်ခါးရွက်၊ ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး ဆက်ထည့်ပါ။ ငါးငံပြာရည်နဲ့ ဆား အနည်းငယ် ထည့်ပါ။
၄) ကြက်သွန်နီကို အစိပ်လေးတွေ စိပ်ပြီး ထည့်ပါ။ မှို အပွင့်ကြီးလျှင် အဖတ်လေးတွေ ခွာထည့်ပါ။ အပွင့်သေးလျှင် အလယ်မှ ခြမ်းပြီး ထည့်ပါ။
၅) သံပုရာရည် ထည့်ပါ။ နောက်ဆုံးမှ ပုစွန်ထည့်ပြီး ပုစွန်ကွေးပြီဆိုလျှင် ရပါပြီ။

ပန်းကန်ထဲလိုသလောက် ခပ်ထည့်၊ အရသာအပေါ့အငန် ပြင်ပြီးလျှင် ချဉ်ငံစပ် ပုစွန်တုံယမ်းဟင်းရည် မွှေးမွှေးလေး ရပါပြီရှင်။

** ဖြေးဖြေး ခပ်သောက်ပါ။ သီးတတ်သည်။
#credit kaekae See less

Credit : Facebook Shares

Ingredients

Directions