ဆွေမျိုးမေ့ငါးခူဆီပြန်ချက်

1

*ဆွေမျိုးမေ့ငါးခူဆီပြန်ချက်*
ဘယ်လိုတွေဆွေမျိုးမေ့အောင်ချက်ရလည်းဆို
တော့ ပြောပြမယ်နော်
ငါးခူကိုဆားမကျီးရည်တို့နဲ့ချောနေတဲ့အသားကြမ်း
ရှသွားအောင်တိုက်ချွတ်ပြီးရေအထပ်ထပ်ဆေးချပါ
ဆား ငံပြာရည်နဲနဲ ဟင်းခပ်မှုန့် ဆနွင်းတို့နဲ့နယ်နှပ်
မကျီးရွက်နုလေးတွေကိုလည်း ရေဆေးထား
ငရုတ်သီးခြောက်အနေတော် ကြက်သွန်ဖြူ နီ ငပိ
အနေတော်တို့ကို
အစေ့တစ်စေ့မကျန်အောင်ထောင်းပါ
ညက်ပြီဆိုရင် ဒယ်အိုးကိုအပူပေးဆီများများလေး
သတ် ပူလာရင်တော့
ဆနွင်းမှုန့်လေးနဲနဲဖြူး ထောင်းထားတဲ့ငရုတ်သီးကို
ထည့်မွှေပါ
မွှေးလာပြီဆိုရင်တော့နှပ်ထားတဲ့ငါးခူလေးထည့်
ပါ တစ်ချက်မွှေပါ ပြီးရင်ငါးဖတ်လေးတွေကိုသေ
သေချာနေရာတကျစီ ငါးခူအရောင်ပြောင်းရင် ရေ
သင့်သလိုထည့် မီးပြင်းပြင်းလေးနဲ့ချက်ပါ
(ငါးကိုအရည်နဲ့ချက်ရင်ငါးဖတ်တွေမာအောင်မီး
ပြင်းလေးနဲ့ချက်ရပါတယ် မီးရှိန်နဲရင်ငါးဖတ်တွေပဲ
သွားတတ်လို့ပါ)
ပွက်ပွက်ဆူရင် မကျီးရွက်နုလေးတွေခတ် ငရုတ်မိုး
မျှော်သီးလေးအတောင့်လိုက်အနဲငယ်ထည့် အနံ့
လေးဆွေမျိုးမှအောင်မွှေးတက်လာလိမ့်မယ်
အရသာလိုရင်ဖြည့်
ရေအနေတော်လေးဆို နံနံပင်နဲ့ရှမ်းရှမ်းလေးအုပ်
ဆွေမျိုးမေ့ငါးခူချက်လေး ရပါပြီရှင်
(မကျီးရွက်နုလေးထည့်ထားတော့ဆွေမျိုးမေ့ပြီပေါ့
စေတနာဖြင့်
အမ်းသူလေး ချစ်မောင်
Credit အမ်းသူလေး ချစ်မောင်

Credit : Facebook Shares

Ingredients

Directions