ကြက်ပေါင်းခေါက်ဆွဲ(၅ ပွဲစာအတွက်)

1

ကြက်ပေါင်းခေါက်ဆွဲ(၅ ပွဲစာအတွက်)

ကြက်ပေါင်းခေါက်ဆွဲပြုလုပ်နည်းကတော့ အိစံတို့အိမ်မှာအမြဲလုပ်စားနေကျနည်းလေးပါ။ တရက်ကတော့ ဖိလစ်ပိုင်ဆိုင်က ကြက်ပေါင်းဟင်းရည်ကို သောက်ကြည့်တော့ သူတို့က နံနံပင်ကို နှုတ်နေအောင်စဉ်းပြီးထည့်ထားပါတယ်။ ပိုမွှေးတာပေါ့နော်။ အဲ့တော့ အိစံလဲ အဲ့လိုလိုက်လုပ်ကြည့်တယ်။ တကယ်ပဲပို မွှေးပြီးစားလို့ပိုကောင်းတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်သား - ၅၀ သား
၂။ ဂျုံခေါက်ဆွဲ - ၂၀ သား
၃။ ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
၄။ သကြား (သို့) အချိုမှုန့်- ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၅။ ဂျင်း - လက်တဆစ်
၆။ ကြက်သွန်ဖြူ - ၃ မွှာ
၇။ နံနံပင် - ၃ ပင်
၈။ ကြိုက်နှစ်သက်ရာအရွက် (မထည့်လဲရ)
၉။ ရေ - ၃ လီတာ
(ထမင်းစားဇွန်း = 1 tablespoon= 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း
၁။ ကြက်သားကို သန့်စင်ထားပါ။ ဂျင်းကိုအပြားလိုက်ထူထူလှီးထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ နံနံပင်ကို နုတ်နေအောင်တောက်တောက်စဉ်းထားပါ။
၂။ ရေ ၅ လီတာ ဆံ့သောအိုးထဲကို ရေ ၃ လီတာထည့်ပြီးပွက်အောင်တည်ပါ။
၃။ ရေပွက်လာလျှင် ဂျင်းအပြား နှင့် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကိုထည့်ပါ။ ၃ မိနစ်လောက်မွှေးလာအောင်ထားပါ။
၄။ ထို့နောက်ဆား နှင့်သကြား (သို့) အချိုမှုန့်၊တောက်တောက်စဉ်းထားသော နံနံပင်တို့ကိုထည့်ပါ။ ကြက်သားကို ထည့်ရ်ျ အိုးထဲတွင်ရေကို မှတ်ထားပါ။ မီးအေးအေးဖြင့် ကြက်သားကိုနူးအောင်တည်ပါ။ အိုးထဲတွင်မှတ်ထားသော ရေကိုမလျော့အောင်ထပ်ထပ်ဖြည့်ပါ။ ကြက်သားနူးအိသွားလျှင် အပေါ့အငံမြည်းရ်ျ မီးဖိုပေါ်မှချပါ။
၅။ ကြက်ပေါင်းခေါက်ဆွဲတပွဲအတွက် ပြင်ခါနီးကျမှ ကြိုက်နှစ်သက်ရာ အရွက်ကို အိုးထဲထည့်ပြုတ်ပြီး ကြက်ပေါင်းခေါက်ဆွဲပြုတ်ထဲထည့်စားနိုင်ပါသည်။

Credit : Facebook Shares

Ingredients

Directions