တရုတ်ခေါက်ဆွဲကြော်

1

တရုတ် ခေါက်ဆွဲကြော်

တရုတ်ခေါက်ဆွဲကြော်နည်းမေးထားတဲ့ သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုက်ပါတယ်။
တရုတ်ခေါက်ဆွဲကြော်နည်းကို နည်းအမျိုးမျိုးကြော်တဲ့ အထဲက အိစံရဲ့ကြော်နည်းကတော့ မြန်မာပြည်က ဆိုင်တွေလို အရသာအီအီလေးနဲ့စိုစိုလေးကြော်တဲ့နည်းပါ။ ခေါက်ဆွဲကြော်စိုစိုလေးဖြစ်ဖို့အတွက်ဆိုရင် ကြက်ပြုတ်ရည်လေးကို သုံးရင် ပိုအဆင်ပြေပါတယ်။ ကြက်ပြုတ်ရည် အလွယ်တကူမရှိလျှင် ရေကိုသုံးရင်လဲရပါတယ်။ တရုတ်ခေါက်ဆွဲကြော်လေးကြော်စားကြည့်ရအောင်နော်။

ပါ၀င်သောပစ္စည်းများ
၁။ ဂျုံခေါက်ဆွဲဖတ် - ၁ ပေါင် (သို့) ၂၅ ကျပ်သား
၂။ ၀က်သား (သို့) ကြက်သား - ၁ ပေါင် (သို့) ၂၅ ကျပ်သား
၃။ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် - တရုတ်ထမင်းစားပန်းကန်လုံး ၃ လုံးစာ
၄။ အချောင်းလိုက်လှီးထားသော မုန်လာဥနီ - အနည်းငယ်
၅။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၅ ဇွန်း
၆။ ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၉။ သကြား - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
၁၀။ ဆီ - ထမင်းစားဇွန်း ၉ ဇွန်း
၁၁။ ကြက်ပြုတ်ရည် (သို့) ရေ - ထမင်းစားဇွန်း ၈ ဇွန်း
၁၂။ ကြက်သွန်ဖြူ - ၅ မွှာ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အသားကို အချောင်းလိုက်ကလေးတွေ လှီးပြီး ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ၀က်၊ ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် နယ်ရ်ျ ခဏ နှပ်ထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်ဆင်းထားပါ။
၂။ ခေါက်ဆွဲကို အစိုအသုံးပြုလျှင် ရေနွေးပွက်ပွက်ဆူတဲ့ထဲကို ချက်ချင်းထည့်ပြီး ဆယ်ပါ။ ပြီးလျှင် ရေအေးဖြင့် ပြန်ဆေးပြီး ရေစစ်ပါ။ ရေစစ်ထားတုံးမှာ ခေါက်ဆွဲကို ဆီ ထမင်းစားဇွန်း ၁ ဇွန်း ဖြင့် နယ်ရ်ျ ဖွထားပါ။
၃။ ရေစစ်ပြီးသော ခေါက်ဆွဲကို ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ ပဲငံပြာရည် အပျစ် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့်နယ်ထားပါ။
၄။ ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၈ ဇွန်းထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူကို ထည့်ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် အသားကို ထည့်ကြော်ပါ။ အသားများကျက်ပြီး အသားမှအရည်များမထွက်ခင် ခေါက်ဆွဲကိုထည့်ကြော်ပါ။ ကြက်ပြုတ်ရည် (သို့) ရေ ထမင်းစားဇါန်း ၄ ဇွန်းကိုထည့်ရ်ျ ကြော်ပါ။
၅။ ထို့နောက် ပါးပါးလှီးထားသော ဂေါ်ဖီထုပ်နှင့် မုန်လာဥနီကိုထည့်၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ရ်ျ ကြော်ပါ။
၆။ အသီးအနှံများနွမ်းလာလျှင် မီးဖိုပေါ်မှချခါနှီးတွင် ကျန်သော ကြက်ပြုတ်ရည် (သို့) ရေ ထမင်းစားဇွန်း ၄ ဇွန်းကို ထည့်ရ်ျ သမအောင် မွှေပြီ းမီးဖိုပေါ်မှချပါ။
၇။ အရသာ ကောင်းကောင်း အနံ့မွှေးမွှေးနှင့် ခေါက်ဆွဲကြော် စိုစိုလေးကို သုံးဆောင်နိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions