လေးရောင်ချယ်သီးရွက်စုံကြော်

1

ဒီဟင်းပွဲလေးအကြောင်းမရေးခင်မှာတရုတ်လို
ပယ်ကော့ခေါ်ကြတဲ့နှစ်တစ်ရာအသီးလေးအကြောင်းညွှန်းချင်ပါတယ်...အပင်ကိုမမြင်ဖူးပေမယ့်ဆိမ့်သက်သက်နဲ့အရသာရှိလှတဲ့အသီးမျိုးပါ..အကင်ဆိုင်နဲ့တရုတ်ဟင်းလျာတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။

လေးရောင်ချယ်သီးရွက်စုံကြော်
****************************

ရေပြောင်းဖူး........၃ပင်
မုန်လာဥနီ...........၁လုံး
ဂျုးဖူး...................၁ စည်း
ပယ်ကော့...........၁ပန်းကန်(လက်ဖက်ရည်ပန်းကန်)
ကြက်သွန်နီ.. ......၁ခြမ်း(ပါးပါးလှီး)
ကြက်သွန်ဖြူ.. ......၃တက်(ဓားပြားရိုက်)
ခရမ်းချဉ်သီး..........၁ခြမ်း

ပထမဆုံး ပယ်ကော့ကိုအခွံခွာပြီး၅မိနစ်ခန့်ပြုတ်
ပြီးရေစစ်အအေးခံထားပါ။

ရေပြောင်းဖူးနှင့်မုန်လာဥနီကို..အချောင်းရှည်ပုံ
စံအလှလှီးဓားဖြင့်လှီးပြီးရေနွေးဖျောပါ။

ဂျုးမြစ်ကိုမုန်လာဥနီကဲ့သို့အရွယ်တူလှီးပါ။

ပူနေတဲ့ဒယ်အိုးမှာဆီအနည်းငယ်ဖြင့်ကြက်သွန်နီ၊ဖြူကိုဆီသတ်ပြီးခရမ်းချဉ်သီးထည့်ပေါင်းပါ။

မုန်လာဥနီ၊ရေပြောင်းဖူးအရောကိုဦးစွာထည့်ကြော်ပြီး..ပြုတ်ထားတဲ့ပယ်ကော့ကိုပေါင်းထည့်ပါ။

ဂျုုးဖူးတွေထပ်ပေါင်းပြီးတာနဲ့..ဆား၊သကြား၊ခရုဆီ
ဟင်းခတ်မှုန့်တို့ဖြင့်အရသာသွင်းပါ။

ငရုတ်ကောင်း မှုန့်လေးဖြူ းပြီးပူနွေးတုန်းသုံးဆောင်ပါ။

Crd.winnaingthein

Credit : Facebook Shares

Ingredients

Directions