ကုလားပဲညွန့်ချက်

1

ကုလားပဲညွန့်ချက်

အညာမှာ ပဲစိုက်ခင်းအညွန့်တက်ချိန် ဆိုရင်အသီးပိုတင်အောင် အညွန့်ဆိတ်ပြီးသားလည်းဖြစ်ပြီး ရာသီစာဟင်းအရန်အဖြစ် အိမ်တိုင်းမှာ ပဲညွန့်ချက်လေးတွေ နေရာယူလေ့ရှိတယ်။ မြေပဲခင်းက ပေါင်းတစ်မျိုးဖြစ်တဲ့ မြူရွက်ကို ပြုတ်သုပ်တတ်သလို ပဲဇာလီပင်က အညွန့်တက်ချိန် ပဲအညွန့်အစိမ်းအတိုင်းကို ဆီချက်၊ မြေပဲ၊ ပဲမှုန့်နိုင်နိုင်နဲ့ စားတဲ့အခါ ကြွပ်ကြွပ်ဆတ်ဆတ်အရသာ သုပ်စားကြပြန်တယ်။ ကုလားပဲပင် အညွန့်တက်လာတော့လည်း ကြော်ချက်၊ ဟင်းချိုခတ်အဖြစ် အညာထမင်းဝိုင်းမှာ နေရာယူပြန်ပါရော။ အဲဒါက ရိုးရှင်းတဲ့ ချက်နည်းလေးပါပဲ။

ပါဝင်ပစ္စည်းများ
ကုလားပဲညွန့် - ၁၀ ကျပ်သား
ပုစွန်ခြောက် - အနည်းငယ် (ရေနွေးစိမ်ထားပါ)
ကြက်သွန်နီသေးသေး - ၁ ဥ (၄ စိတ် စိတ်ထားပါ)
ကြက်သွန်ဖြူ - ၁၀ မြွှာခန့်
ခရမ်းချဉ်သီး - တစ်ခြမ်း (ခပ်ထူထူလှီးထားပါ)
မျှင်ငါးပိ - မန်ကျည်းစေ့ ၂ စေ့ခန့်
ဆီ - စားပွဲဇွန်း ၁ ဇွန်း
ဆား - အနည်းငယ်
အရသာမှုန့် - အနည်းငယ်

ပြုလုပ်နည်း
ကြက်သွန်ဖြူကို ဆီအရင်သတ်ပြီး မွှေးလာလျှင် ငါးပိထည့်ပါ။ ငါးပိစိမ်းနံ့ ပျောက်လျှင် ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ပုစွန်ခြောက်တို့ကို ထည့်ပြီးကြော်ပါ။အနည်းငယ်နွမ်းလာလျှင် ရေနွေးလောင်းပြီး ဆူအောင် တည်ပါ။ ဆူလာလျှင် ဆား၊ အရသာမှုန့်ခတ်၍ နောက်ဆုံးမှ ပဲညွန့်ခတ်ပြီး နှံ့အောင်မွှေပါ။ ခဏအဖုံးအုပ် တည်ပြီးလျှင် ရပါပြီ။ အရည်စပ်စပ်ကျန်အောင် ကြော်ရပါတယ်။ ပုစွန်ခြောက်နိုင်နိုင်နဲ့ ကြော်ချက်လေးချက်လျှင် အလွန်စားလို့ကောင်းပြီး အရသာရှိသော အညာဟင်းအရန်လေး တစ်ခွက်ပါ။

...............
Crd
ပန်းခရေ

Credit : Facebook Shares

Ingredients

Directions