ပြောင်းဖူးသုပ်

1

ပြောင်းဖူးသုပ်
ထမင်းနဲ့ တွဲစားဖို့ဖြစ်စေ၊ အဆာပြေ မုန့်တစ်မျိုးအနေနဲ့ စားဖို့အတွက်ပါ အဆင်ပြေတဲ့ ပြောင်းဖူးပြုတ်ကို သုပ်စားကြရအောင်နော်။

ပါဝင်ပစ္စည်း
ပြောင်းဖူးပြုတ် ၂ ဖူး
ကြက်သွန်နီ ၂ လုံး
ချယ်ရီခရမ်းချဉ်သီး ၆ လုံး
မုန်လာဥနီ ၁ လုံး (လက်တစ်ဆုပ်ခန့်)
ငရုတ်သီးစိမ်း ၇ တောင့်
သံပုရာသီး ၁ လုံး
မြေပဲလှော် စားပွဲဇွန်း ၂ ဇွန်း
ပဲဆီ စားပွဲဇွန်း ၄ ဇွန်း
ဆား
အသားမှုန့်

ပြုလုပ်နည်း
၁။ ပြောင်းဖူးပြုတ်ကို အစေ့လိုက်ခြွေပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားလိုက်ပါ။ ချယ်ရီခရမ်းချဉ်သီးလေးတွေကို ၄ ပိုင်းလှီးပါ၊
၂။ မုန်လာဥနီကို အခွံခွာ ရေဆေးပြီး သေးသေးနုပ်နုပ်လေးများ ပြုလုပ်ထားပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ပါးပါးလှီးပါ။ မြေပဲလှော်က အခွံများကို ဖယ်ထားပါ။
၃။ ပြောင်းဖူးသုပ်ဖို့ အားလုံးအသင့်ဖြစ်ပြီမို့ ပြင်ဆင်ထားသည်များကို ဇလုံကြီးကြီးတစ်လုံးထဲမှာ ပေါင်းထည့်ပြီး ဆီ၊ ဆား၊ အသားမှုန့်နဲ့ သံပုရာရည်ပါညှစ်ထည့်ပြီး အားလုံးကို နှံ့အောင်ရောနယ်လိုက်ပါ။ အရသာအနေတော်ရင် ပြောင်းဖူးသုပ်ရပါပြီ။
စားလို့လည်းကောင်း၊ ပြင်ဆင်ရတာလည်း လွယ်ကူတဲ့ ပြောင်းဖူးသုပ်လေးကို နှစ်သက်ကြမှာပါနော်။

Credit : Facebook Shares

Ingredients

Directions