ကြက်သွန်မြိတ်နှင့် ပြောင်းဖူးပန်ကိတ်

1

ကြက်သွန်မြိတ်နှင့် ပြောင်းဖူးပန်ကိတ်

လွယ်ကူလျင်မြန်ပြီး မနက်စာကို အိမ်သားတွေအတွက် ဘာလုပ်ကျွေးရမလဲဆိုပြီး အကြံအိုက်နေသူများအတွက် အဆင်ပြေစေတဲ့ အစားအစာလေးပါ။ လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ဂျုံ – စားပွဲဇွန်း ၂ ဇွန်း

ဘေကင်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁ ၁/၂ဇွန်း

သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပွက်ပွက်ဆူရေ – ၁/၂ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ပြောင်းဖူးမှုန့် – ၁ ခွက်

နွားနို့ – ၁ ခွက်

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြောင်းဖူး – ၁/၂ ခွက် (ေြွခပြီးသား)

ကြက်ဥ – ၁ လုံး (ခလောက်ထားပါ)

ကြက်သွန်မြိတ် – စားပွဲဇွန်း ၁ ဇွန်း (သေးသေး လှီးထားပါ)

ကာနိုလာဆီ – စားပွဲဇွန်း ၃ ဇွန်း

ခရင်မ် – ၁/၃ ခွက်

ပြုလုပ်နည်း

၁။ ဖန်ဇလုံထဲ ဂျုံ၊ ဘေကင်ပေါင်ဒါ၊ သကြားနှင့် ဆားတို့ကို ရောမွှေပြီး ခဏဘေးဖယ်ထားပါ။

၂။ ဖန်ဇလုံထဲ ရေပွက်ပွက်ဆူနှင့် ပြောင်းဖူးမှုန့်များ ရောမွှေပါ။ နွားနို့ထည့်ပြီး ချောမွေ့ သည်အထိ မွှေပါ။ ပြောင်းဖူးစေ့၊ ကြက်ဥ၊ ကြက်သွန်မြိတ်များထည့်ပြီး သေချာရောအောင် မွှေပါ။ ပြီးလျှင် ဂျုံရောများ ထည့်ပြီး နှစ်ခု အသေအချာ ရောအောင် ခလောက်မွှေပါ။

၃။ အကြော်အိုးထဲ ဆီထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ အိုးအလယ်လောက်ကို ဇွန်းခွက်ဖြင့် ဇွန်းတစ်ဝက်ခန့် ဝိုင်းဝိုင်းလေးချပြီး ကြော်ပါ။ ၆ ခုလောက် လုပ်လို့ရပါတယ်။ ရွှေရောင်သန်းလာလျှင် တစ်ဖက်လှန်ပေးပါ။ နှစ်ဖက်စလုံး ရွှေရောင်သန်းလာလျှင် ရပါပြီ။

၄။ ကြိုက်နှစ်သက်လျှင် ပြောင်းဖူးကိတ်ပေါ် ခရင်မ်များတင်ပြီး သုံးဆောင်လို့ရပါတယ်။

* မှတ်ချက် – သကာရည် (Syrup) လည်း ဆမ်းစားလို့ ရပါတယ်။

Crd.စည်လွင်

Credit : Facebook Shares

Ingredients

Directions