ကဏန်းသား ကင်မ်ချီပန်ကိတ်

1

ကဏန်းသား ကင်မ်ချီပန်ကိတ်

ပါဝင်ပစ္စည်းများ
ပန်ကိတ် အမှုန့် - ၂၀ဝ ဂရမ်
နွားနို့ - ၁၈၀ မီလီလီတာ
ကြက်ဥ - ၁ လုံး
ကိုရီးယား ငရုတ်သီးအနှစ် - ၁ ဇွန်း
ကင်မ်ချီ - ၁၀ဝ ဂရမ်
ထောပတ် - ၁၅ ဂရမ်
ကုဆိုင်ရွက် - ၅၀ ဂရမ်
ကဏန်းသား - ၁၀ဝ ဂရမ်
ငါးတိုဟူး - ၅၀ ဂရမ်
ဆလတ်ရွက် - အနည်းငယ်

ပြုလုပ်နည်း
၁။ ပန်ကိတ်အမှုန့်၊ နွားနို့နှင့်ကြက်ဥတို့ကို ကိုရီးယားငရုတ်သီးအနှစ်အနည်းငယ်နှင့် ရောမွှေထားပါ။
၂။ ကဏန်းသား၊ ငါးတိုဟူးနှင့် ကုဆိုင်ရွက်တို့ကို အသင့်သန့်စင်ပြီး လှီးထားပါ။
၃။ ထောပတ်ကို ဒယ်ပြားမှာ အပူပေးပြီး အသင့်ရောစပ်ထားသော ပန်ကိတ်အနှစ်ကို ထည့်ပါ။ ပြီးလျှင် အသင့်လှီးထားသော ကင်မ်ချီ၊ ကဏန်းသား၊ ငါးတိုဟူးနှင့် ကုဆိုင်ရွက်တို့ကို ထည့်ကြော်ပါ။
၄။ ပန်ကိတ်အောက်ခြေ အနည်းငယ်ကျက်လျှင် အခြားတစ်ဖက်သို့ လှန်ပေးပြီး ကျက်အောင် ကြော်ပေးပါ။
၅။ ကဏန်းသား ကင်မ်ချီပန်ကိတ် ကျက်လျှင် အသင့်သန့်စင်ထားသော ဆလတ်ရွက် အနည်းငယ်ဖြင့် အလှဆင်ပြီး တည်ခင်းပါ။

Crd

Credit : Facebook Shares

Ingredients

Directions