Roti Jala

1

Roti Jala (ရိုတီ ဂျလား) သို့မဟုတ် Malaysian Net Pancake (မလေးရှား ပိုက်ကွန် ပန်ကိတ်)
မလေးရှား ဟင်းလျာ အတော်များများက ဗမာဟင်းကို အုန်းနို့ထည့်ထားသလိုပဲ ခံစားမိတယ်။ ဘာမှ ထူး မနေသလိုပဲ။ ကွန်ဖရင့်တွေ workshop တွေဆိုလဲ Halal ကလဲ ဖြစ်လေတော့ စားရတာ ခံတွင်းက မမြိန်။ တခုခု လိုနေသလိုလို။

မလေးဟင်းလျာထဲမှာ မလေးထမင်းသုပ် (နာစီကရဘူး - အောင်မဲညို ပန်းနဲ့ထမင်းကိုချက်ထားပြီး အုန်းနို့ဟင်း ပန်းဖူးတို့နဲ့သုတ်တာ) အပြင် အခု ကျမ ဖော်ပြမဲ့ ရိုတီဂျလားလဲ ပါပါတယ်။ ရိုတီ ဂျလားကို ကျမ စ စားဖူးတာကလဲ ကွန်ဖရင့် တခုမှာပါပဲ။ ထုံးစံက နေ့လည် ၃ နာရီခွဲလောက်မှာပေးတဲ့ afternoon teabreak မှာကျွေးတာပါ။ သူက ကြက်သားဟင်းနဲ့ တွဲစားရပါတယ်။ သူ့ကြက်သားဟင်းက ဘာနဲ့တူလဲ လို့အနီးစပ်ဆုံး ပြောရရင် ပြည်ပလာတာနဲ့စားတဲ့ ကြက်သားဟင်းနဲ့ အတော်လေးဆင်ပါတယ်။ ပြည်ပလာတာထဲက ကြက်သားဟင်းက ပဲ နှစ်ပါတော့ ပျစ်ပျစ်နှစ်နှစ် လိုမျိုး။ သူက ပြည်ပလာတာထဲက ကြက်သားဟင်းနဲ့ကွာတာက မဆလာ ထပ်ဖြည့်ထားတာပါ။ မလေးဟင်းလျာပီသစွာပဲ အုန်းနို့လဲ ပါသပေါ့။ ဒီတခါ ကျမ က ကြက်သားဟင်းအနှစ်ကို ကိုယ်တိုင်မချက်ပဲ Brahim’s chicken curry sauce အထုပ်ကို သုံးထားပါတယ်။

ရိုတီ ဂျာလား ကို ကျမ သဘောကျတာက သူ့အရသာက နူးနူး ညံ့ညံ့လေး။ အမြင်ကလဲ ဇာလေးလို အပေါက်လေးတွေနဲ့ဆို တော့ ကျမ မျက်စိထဲ လှတယ်ပေါ့။

တကယ်က ရိုတီဂျလားကို လုပ်ရတာ မခက်ပါဘူး။

ပါဝင်တာတွေက
ဂျုံ 1 cup
အုန်းနို့ ¾ cup + ရေ ¾ cup (total 375 cc)
ကြက်ဥ တစ်လုံး
ဆား အနဲငယ်
ဆနွင်း အနဲငယ်

အားလုံးရောမွှေပါတယ်။ Ketchup Sauce Squeeze Bottle ထိပ်က ထိပ်ဖူး များများရှိတဲ့ဟာထဲကိုထည့်တယ်။ Non-stick pan ကို မီးပူအောင်တည်ပြီးတာနဲ့အဲဒီ ဒယ်အိုးပေါ် ကိုယ်ဆွဲချင်တဲ့ပုံ ဆွဲချလိုက်တာပါပဲ။ တခုပဲရှိတယ်။ သိပ်မထပ်ပါစေနဲ့။ တစ်နေရာကို ထပ်ခါတလဲလဲထပ်မိတဲ့အခါ အဲဒီနေရာက သိပ်ထူသွားတယ်။ ဇာပေါက် လှလှ မဖြစ်ဘူး။ ထူနေတော့ စားလို့လဲသိပ် မကောင်းဘူး။

လုပ်ရတာလဲလွယ်တယ် ခလေးတွေလဲ နှစ်သက်မယ်လို့ထင်ပါတယ်။ Traditionally ရိုတီ ဂျလား ကို ဆနွင်းနဲ့အဝါရောင်လုပ်ပေမဲ့ တချို့က အသစ်အဆန်း အနေနဲ့ ဆွမ်းမွှေးရွက် နဲ့အစိမ်းရောင် အောင်မဲညိုပွင့်နဲ့ခရမ်းရောင်လဲ လုပ်ကြပါသေးတယ်။ အပျင်းပြေ အသစ်အဆန်းအနေနဲ့လုပ်စားကြည့်လို့ရအောင် ညွှန်းပါတယ်။

Credit : Facebook Shares

Ingredients

Directions