Chinese Pancake with Chieves Filling

1

Chinese Pancake with Chieves Filling (တရုတ်ကုဆိုင်ပန်ကိတ်) (သက်သတ်လွတ်)
------------------------------------------
ဒီလို တရုတ်ကုဆိုင်မုန့်မျိုး နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက မကပ်တဲ့အိုးမှာ ကြော်တဲ့ မုန့်မျိုးဖြစ်ပြီး နောက်တစ်မျိုးကတော့ ပေါင်းအိုးမှာပေါင်းတဲ့ မုန့်ဖြစ်ပါတယ်။ မနက်ပိုင်း နံနက်စာရောင်းတဲ့ မုန့်အချိုရောင်းတဲ့ဆိုင်တွေမှာ ဒီလို တရုတ်ပန်ကိတ်တွေကို ရောင်းပါတယ်။

မုန့်သားအတွက် လိုအပ်တဲ့ပစ္စည်းများ
• ဂျုံမှုန့် - ၄၅၀ ဂရမ်
• ရေနွေး - ၁/၂ ခွက်
• ရေ - ၁ ခွက်
• ဆီ - စားပွဲဇွန်း ၁ ဇွန်း
အဆာသွတ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းများ
• ကုဆိုင - ၂၄၀ ဂရမ် (ပါးပါးလှီးထားပါ)
(.၃ စင်တီမီတာ အရှည် ဖြတ်ထားပါ။)
• ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စဉ်းပါ)
• ငရုတ်ကောင်းမှုန့်အဖြူ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆီ - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ဂျုံမှုန့်ကို ဇလုံကြီးတစ်လုံးထဲ ထည့်ပါ။ ပြီးလျှင် ဆီထည့်ပါ။
၂။ ပြီးလျှင် ရေနွေးထည့်ပြီး တူဖြင့်နယ်ပါ။ နယ်နေစဉ်အတွင်း ရေကို ဖြည်းဖြည်းချင်း ထည့်ပြီး မွှေပါ။
၃။ အားလုံးနှံ့စပ်လျှင် လက်ဖြင့်နယ်ပါ။ ၁၀ မိနစ်ခန့်နယ်ပြီးလျှင် အဖုံးဖုံးပြီး ၁၀ မိနစ်ခန့် ထားပါ။
၄။ ကြက်သွန်ဖြူကို ဆီသတ်ပါ။ ပြီးလျှင် ကုဆိုင်၊ ဆားနှင့် ငရုတ်ကောင်းထည့်၍ နှံ့စပ်အောင်
မွှေပြီး ဇလုံထဲ ထည့်ထားပါ။
၅။ ၁၀ မိနစ်ခန့် နှပ်ထားတဲ့ မုန့်သားကို ဂျုံဖြူးထားတဲ့ စားပွဲပေါ်မှာ တင်ပြီး နယ်ပါ။ ပြီးလျှင် မုန့်သားကို ၂ ပိုင်းပိုင်းပါ။ ပြီးလျှင် ၁ ပိုင်းစီကို ၄ ပိုင်းစီဖြတ်ပါ။ မုန့်အပိုင်း ၈ ပိုင်းရပါမယ်။
၆။ ၁ ပိုင်းစီကို ဂျုံဖြူးထားတဲ့ စားပွဲပေါ်မှာတင်ပြီး အဝိုင်းပုံရအောင် တလမ့်တုံးနဲ့လှိမ့်ပါ။ ပြီးလျှင် ကုဆိုင်ထည့်၍ မုန့်သားအဝိုင်းကို အလယ်မှာစုပြီး အဆာမထွက်အောင် ပိတ်ပါ။ ပြီးလျှင် လက်ဖြင့် အနည်ငယ်ပြားပြီး ဒယ်အိုးပူပူမှာ ထည့်ပြီး ကြော်ပါ။ ဒယ်အိုးကို ဆီသုတ်စရာ မလိုပါ။
၇။ အောက်ဘက်ကျက်လျှင် နောက်တစ်ဖက်လှန်ပြီး ကြော်ပါ။ ၂ ဖက်စလုံးကျက်လျှင် ၂ ဖက် စလုံးကို ဆီအနည်းငယ်သုတ်ပြီး ထပ်မံကြော်ပါ။
၈။ ပြီးလျှင် ငရုတ်သီးဆော့စ်၊ ဒါမှမဟုတ် ခရမ်းချဉ်သီးဆော့စ်နဲ့ တို့စားပါ။
-------------------------------------------

Crd
Myint Oo Tha

Credit : Facebook Shares

Ingredients

Directions