ပန်ကိတ်အကြွပ်

1

ပန်ကိတ်အကြွပ် (Crispy Pancake)

ပုံမှန်အားဖြင့်တော့ ပန်ကိတ်ဆိုရင် ခပ်ပျောပျော့လေးတွေများပါတယ်။ ဒါပေမယ့် ကြွပ်ကြွပ်ကလေးနဲ့ အရသာရှိတဲ့ ပန်ကိတ်မျိုးလဲ ရှိပါတယ်။ နာမည်ကိုက Crispy Pan Cake တဲ့။ အထဲမှာ ချိစ်၊ ချောကလက်နှစ်သက်ရာ တစ်မျိုးမျိုးကိုထည့်စားနိုင်ပါတယ်။ ကြွပ်ကြွပ်ရွရွှဘေးသားများနဲ့ အလယ်က အစာတွဲဖက်ပြီး အင်မတန်မှစားကောင်းလှပါတယ်။ လုပ်နည်းကတော့ လွယ်ကူပြီး ပုံမှန်ပန်ကိတ်လုပ်တဲ့ အတိုင်းပါပဲ။ ဒါပေမယ့် မုန့်နှစ်အပျစ်အကျဲ၊ နဲ့ မီးအပူချိန်က ကြွပ်မကြွပ်အတွက် အဓိကကျပါတယ်။

မုန့်ကြွ့ပ်ကြွပ်လေးကြိုက်သူများ နှစ်သက်ကြမှာအသေအချာပါ

ပါဝင်ပစ္စည်းများ
ဂျုံ ၁၅၀ ဂရမ်
ကြက်ဥခေါက်ပြီးသားတစ်ဝက်
သကြား စားပွဲဇွန်း ၂ ဇွန်း
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
တဆေး (yeast) လက်ဖက်ရည်ဇွန်း တစ်ဝက်
ရေ ၁၅၀ မီလီလီတာ

ပြုလုပ်နည်း

1. မုန့်နှစ်အတွက် ပါဝင်ပစ္စည်းအားလုံးကို ရောမွှေကာ နာရီဝက်ခန့်ထားပါ။ (ရေကို အကုန်မထည့်ပဲ သုံးပုံ၂ ပုံခန့်အရင်ထည့်ကြည့်ပါ။ မုန့်သားက တော်တော်ပျစ်ရပါမယ်၊ လိုမှထပ်ထည့်ပါ)
2. မကပ်သည့်အိုးကို ထောပတ်အနည်းငယ် သုတ်ကာမီးအပူချိန် အနိမ့်ဆုံးမှာထားကာ အပူပေးပါ။ အိုးပူလာမှာ မုန့့််နှစ်ခပ်ပါးပါးဆမ်းကာ ဘေးသားများအထိမုန့်ကပ်စေရန် ဇွန်းဖြင့်ညှိပေးပါ။
3. နောက် ချိစ် (သို့) ချောကလက် အနည်းငယ်ဖြူးကာ အဖုံးအုပ်ထားပါ
4. ၃ မိနစ်ခွဲခန့်ကြာလျှင် မုန့်သားကို တစ်ဝက်ခေါက်ချလိုက်ပါ
5. တစ်ဖက်စီကို မိနစ်ဝက်ခန့်ထားပြီးလျှင် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ
6. ကျန်မုန့်နှစ်များကိုလည်း သည်နည်းအတိုင်းဆက်လုပ်သွားပါ။

Crd.evy

Credit : Facebook Shares

Ingredients

Directions