Sweet Potato Pancakes

1

"Sweet Potato Pancakes (Chinese)- ၁၃ ခု"
(ကန်စွန်းဥ ပန်ကိတ်)

ထောပတ်၊ နှမ်း နဲ့ ဘိန်းစေ့ ထည့်စရာမလိုသော်လည်း ကျွန်မတော့ အရသာအပြောင်းအလွဲလေးဖြစ်ကာ ပိုပြီးစားကောင်းစေရန် ထည့်ထားခြင်းဖြစ်ပါတယ်။

***... Sweet Potato Pancakes (Chinese)

1. ကန်ဇွန်းဥ – 800 g ခန့် {2 1/2 cups (625 ml) ခန့်}
2. ကောက်ညှင်းမှုန့် – 1 cup (250 ml) + ထမင်းစားဇွန်း ၂ ဇွန်း
3. ထောပတ် (သို့) ကုလားထောပတ် (ghee) – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
4. ဆား – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံခန့်
5. သကြား – ထမင်းစားဇွန်း ၂ ဇွန်း
6. နှမ်းလှော်
7. ဘိန်းစေ့ (poppy seeds) အဖြူ (သို့) အနက်

နူးပျော့အောင်ပြုတ်ပြီး ရေတတ်နိူင်သမျှ ကုန်အောင်စစ်ထားသော ကန်ဇွန်းဥကို အခွံ နှင့် မာသည့်အပြင်သားများခွါထုတ်ပြီး စလုံးစခုမကျန်အောင် ဖိချေပေးပါ။ (ရေနွေးငွေ့ဖြင့်လည်း ပေါင်းနိူင်ပါတယ်။)

စလုံးစခုမကျန်ပဲ လုံးဝကြေညက်သွားလျှင် ကောက်ညှင်းမှုန့် (1 cup)၊ ထောပတ်၊ ဆား နှင့် သကြားထည့်ပြီး ဇွန်းဖြင့် ၁ မိနစ်ခန့် မွှေရောပေးပါ။

အောက်ပုံပါအတိုင်း သေသေချာချာ ရောနှောသွားအောင် လက်ဖြင့် ၅ မိနစ်ခန့် နယ်ပေးပါ။ လက်တွင်ကပ်နေသည်များကို ဇွန်းဖြင့်ဖြစ်ချ နယ်ပေးပါ။

လုံးသောအခါ မစေးကပ်အောင် လက် နှင့် မုန့်သားပေါ် ကျန်သည့် ကောက်ညှင်းမှုန့်များ ဖြူးပြီး ထမင်းစားဇွန်း ၂ ဇွန်းခွဲခန့် အလုံးလေးများ လုံးပေးပါ။

တတ်နိူင်သမျှ ညီညာသော မျက်နှာပြင်များရအောင် လုံးပေးပါ။

over medium heat ဖြင့် အပူပေးထားသော ဆီ အနည်းငယ်သုတ်ထားသည့် မကပ်နိူင်သောအိုး ပူလာလျှင် အလုံးလေးများကို ပြားအောင် ဖိပြားပြီး …

အိုးမကြပ်အောင်ထည့်ပေးပါ။ (အပူကြောင့် မုန့်သားများ ပျော့သွား၍ အိုးကြပ်အောင်ထည့်ပါက လှန်ရခက်ခဲစေပါတယ်။)

တစ်ဖက်ကို ၇ မိနစ်ခန့်စီဖြင့် ၁၄ မိနစ်ခန့် အပူပေးပါ။ (မိနစ်အတိုးအလျှော့ အနည်းငယ်ရှိနိူင်ပါတယ်။)

အောက်ပုံပါအနေအထားရလျှင် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

မုန့်သားကို ပြားပြီးနောက် နှမ်းလှော်များ (သို့)

ဘိန်းစေ့များဖြင့်ကပ်ပြီး အထက်ပါနည်းအတိုင်း အပူပေး၍လည်း အရသာရှိစွာ သုံးဆောင်နိူင်ပါတယ်။

Crd.chawsu

Credit : Facebook Shares

Ingredients

Directions