Pancake Crepe (ပန်ကိတ်ခရစ်)

1

Pancake Crepe (ပန်ကိတ်ခရစ်)

Pancake Crepe လေးက ပြင်သစ်နိုင်ငံမှာ အရမ်းလူကြိုက်များတဲ့ မုန့်လေးပဲ ဖြစ်ပါတယ်။ မနက်စာအဖြစ် စားကြသလို နေ့လယ်ခင်း လက်ဖက်ရည်သောက်ချိန်လေးတွေမှာလည်း ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ ယှဉ်တွဲစားရင် အလွန်အရသာရှိပါတယ်။ အဲဒီမုန့်လေးကို အချိုအနေနဲ့ စားကြသလို ဒီနေ့လုပ်ပြပေးတဲ့ အဆိမ့်ပုံစံမျိုးနဲ့လည်း စားသုံးလေ့ရှိပါတယ်။ အချိုဆိုရင်တော့ အသီးအနှံ၊ ချောကလက်၊ ယိုများဖြင့် ပြုလုပ်သလို အဆိမ့်ကိုတော့ ချိစ်အသားပြားများဖြင့် ပြုလုပ်လေ့ရှိပါတယ်။ ဘယ်လိုပဲလုပ်လုပ် အဲဒီ Pancake Crepe အခြေခံလေးသိရင်တော့ မိမိတို့ကြိုက်နှစ်သက်သလို တီထွင် ထပ်ပေါင်းဖြည့်ပြီး ပြုလုပ်လို့ ရပါတယ်။

ပါဝင်ပစ္စည်းများ

ဂျုံ – ၁ ခွက်

ဘေကင်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘေကင်ဆော်ဒါ – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြား – စားပွဲဇွန်း ၂ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နို့ – ၁ ခွက်

ဆီ – စားပွဲဇွန်း ၃ ဇွန်း

ကြက်ဥအလုံးကြီး – ၁ လုံး

ထောပတ် – အနည်းငယ် (ဒယ်အိုးပြားသုတ်ရန်)

ပါဝင်ပစ္စည်းများ

ချေဒါချိစ် – ၂ ပြား

မရောနိစ် – စားပွဲဇွန်း ၂ ဇွန်း

ဝက်သားပြား – ၂ ပြား

ကဏန်းချောင်း – ၂ ချောင်း

ကြက်ဥ – ၁ လုံး

ဆား – အနည်းငယ်

ငရုတ်ကောင်းမှုန့် – အနည်းငယ်

ပြုလုပ်နည်း

၁။ Pancake Crepe ပြုလုပ်ရန်အတွက် ဂျုံ၊ ဘေကင်ပေါင်ဒါ၊ ဘေကင်ဆော်ဒါနှင့် ဆားတို့ကို အရင်နှံ့စပ်အောင် ရောမွှေထားပါ။

၂။ ထို့နောက် ဟင်းချက်ဆီကို ကြက်ဥနှင့် သကြား ခေါက်ထားတဲ့အထဲ ရောမွှေပြီး နို့ကိုပါ ထည့်၍မွှေပါ။

၃။ ပြီးလျှင် ဂျုံအရောကို ကြက်ဥနှင့် နို့အရောထဲ ထည့်ပြီး ကြေညက်တဲ့အထိ နှံ့စပ်စွာ မွှေပါ။

၄။ မုန့်နှစ်သားရလာလျှင် ဒယ်အိုးပြားအပေါ်မှာ ၆၀ ဂရမ်ခန့်စီထည့်ပြီး အဝိုင်းဖြန့်ပေးပါ။ မီးအပူချိန်ကို Medium လေး ထားပေးရပါမယ်။

၅။ မုန့်ချပ်ဝိုင်းလေးလုပ်ပြီးလျှင် ကြက်ဥတစ်လုံးဖောက်ပြီး ဖြန့်ပေးပါ။ ပြီးလျှင် ချိစ်၊ ဝက်သား၊ ကဏန်းချောင်းလေးများ လှီးထားပြီး တစ်ခြမ်းထဲမှာပဲ ထည့်ပေးပါ။ ပြီးလျှင် ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး တြိဂံလေးဖြစ်အောင် ခေါက်ပေးလိုက်လျှင် အရသာရှိတဲ့ လူကြီး၊ လူငယ် ကြိုက်နှစ်သက်ကြမယ့် Pancake Crepe လေး ရပါပြီ။

Crd.မေဖြိုးသီ

Credit : Facebook Shares

Ingredients

Directions