Dorayaki

1

Dorayaki (Japanese) – ၅ ခု (၁၀ ချပ်)

Pancake မုန့် ၂ ခုကြား Anko (sweet Azuki red bean paste) ကို filling အဖြစ် အဓိကထည့်ပြီးစားတဲ့ ဂျပန်မုန့်လေးတစ်မျိုးဖြစ်ပါတယ်။

မုန့်များလုပ်ရာတွင် baking soda သုံးပါက ကောင်းကောင်းမွန်မွန် ပွစေရန်နှင့် soda ၏အနံ့ အရသာတတ်နိူင်သမျှ မကျန်စေရန် acidic ingredient (yogurt, lemon juice, vinegar, cream of tartar, buttermilk, brown sugar, applesauce, honey,…. ) တစ်ခုခုနဲ့ တွဲသုံးဖို့ လိုအပ်ပါတယ်။ ဒီမုန့်မှာတော့ ပျားရည်ကို acidic ingredient အဖြစ် သုံးထားပါတယ်။

***... Dorayaki လုပ်ရန် လိုအပ်တာလေးတွေ…

1. ကြက်ဥ – ၂ လုံး (100 g ခန့်)
2. သကြား – 1/3 cup (80 ml)
3. ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
4. ပျားရည် (honey) – ထမင်းစားဇွန်း ၁ ဇွန်း
5. ဂျုံမှုန့် (plain flour, all purpose flour) – 1 cup (250 ml)
6. baking soda – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံခန့်
7. ရေ – ထမင်းစားဇွန်း ၂ ဇွန်းခွဲခန့် (ကြက်ဥ အကြီးအသေး နှင့် ဂျုံမှုန့် အချင်အတွယ် အနည်းအများကွာခြားမှုကိုလိုက်ပြီး ချင့်ချိန် ထည့်ပေးရပါမယ်)

ကြက်ဥ၊ သကြား၊ ဆား နှင့် ပျားရည်ကို hand whisk ဖြင့် ၂ မိနစ်ခန့် သေသေချာျချာ မွှေရောပေးပါ။

ထိုအရည်ထဲ ဂျုံမှုန့် နှင့် baking soda ကို ဇကာစစ်ထည့်ကာ…

၁ မိနစ်ခန့် သေသေချာျချာ မွှေရောပေးပါ။

မွှေပြီးသည့် မုန့်နှစ်ကို hand whisk ဖြင့် မ တင်ကြည့်ပါ။
အောက်ပုံပါအတိုင်း မုန့်နှစ်များ hand whisk တွင်ကပ်ကာ နည်းနည်း နှင့် ဖြည်းဖြည်းချင်းတာ စီးကျပါက ရေ – ထမင်းစားဇွန်း ၁ ဇွန်းထည့်ကာ မွှေရောပေးပါ။

ပြီးနောက် glad wrap ဖြင့်ဖုံးပြီး room temperature (အခန်းအပူရှိန်) ၌ မိနစ် ၃၀ ခန့်ထားပါ။ (soda ထည့်ပြီး အချိန်အကြာကြီးထားပါက မုန့်ပွတာကို လျော့နည်းသွားစေနိူင်ပါ တယ်။)

မိနစ် ၃၀ ခန့်ထားပြီး နောက်ထပ် ရေ – ထမင်းစားဇွန်း ၁ ဇွန်း (သို့) ၁ ဇွန်းခွဲခန့် ထည့်ကာ ထပ်ရောမွှေပေးပါ။

hand whisk ဖြင့် မ ကြည့်ပါက အောက်ပုံပါအတိုင်း မုန့်နှစ်များ များများ နှင့် မြန်မြန်စီးကျနိုင်သော အနေအထားဖြစ်လျှင် မုန့်လုပ်ရန် အသင့်ဖြစ်ပါပြီ။ (အရမ်းကျဲမသွားစေရပါ။)

medium heat ဖြင့် အပူပေးထားသော မကပ်နိူင်သော အိုးပြားပူလာလျှင် ဆီအနည်းငယ်ထည့်၍ paper towel ဖြင့် ဆီ လုံးဝမကျန်အောင် သုတ်ပေးပါ။ (အိုးတွင်ဆီစက်လေးများကျန်ပါက မုန့်မျက်နှာပြင် နှင့် မုန့်အရောင် မညီမညာမလှမပ ဖြစ်တတ်ပါတယ်။)

ဇွန်းကြီးဖြင့် မုန့်နှစ်ရည်ကိုခပ်ပြီး အောက်ပုံပါအတိုင်း အပေါ် (၅ လက်မခန့် အကွာ)မှ တစ်နေရာတည်းကို ထမင်းစားဇွန်း ၃ ဇွန်း ပမာဏခန့် လောင်းချပေးပါ။ သူ့အလိုလို အချင်း ၃ လက်မအရွယ်ခန့် ပြန့်ပြီး ဝိုင်းသွားမည် ဖြစ်ပါတယ်။ ဖြန့်ပြီး မလောင်းထည့်ရပါ။

၄ မိနစ်ခန့် (သို့) လေခိုအပေါက်လေး အတော်များများဖြစ်လာလျှင် … (မီးအပူရှိန်မတူနိူင်၍ အချိန်အတိုးအလျှော့ရှိပါတယ်)

ဇွန်းပြားပြား ပါးပါးဖြင့် မုန့်ပတ်ပတ်လည် ဖြည်းဖြည်းချင်း ထိုးပြီး လိုက်ဟကြည့်ပါ။

(ဇွန်းတွင် မုန့်သားအနည်းငယ်ကပ်ပြီး ပါလာပါက မုန့်မကျက်သေး၍ အနည်းငယ် ဆက်ထားပါ။)

မုန့်သားကပ်မပါလာလျှင် မုန့်တစ်ဖက်ကျက်ပြီဖြစ်၍ လှန်ရလွယ်ကူအောင် ဇွန်းပေါ် မုန့်တစ်ခုလုံးနီးပါးရောက်အောင် ထိုးမ၍ လှန်ကာ ၁ မိနစ်ခန့်ထားပါ။

၁ မိနစ်ခန့်ထားပြီး အိုးမှဖယ်ထုတ်ကာ အပူကြောင့် မုန့်တစ်ခု နှင့် တစ်ခု မကပ်အောင် ပန်းကန်ထဲဖြန့်ပြီးထားပါ။

မုန့် ၁၀ ချပ်လုံးလုပ်ပြီးနောက် အတွင်းဖက် (၁ မိနစ်ခန့်ထားသည့်ဖက်) တွင် မိမိနှစ်သက်ရာ nutella, sweet red bean paste,….. တစ်မျိုးမျိုး ဖြင့်သုတ်၍ နောက်မုန့်တစ်ချပ်ဖြင့် ထပ်ဖုံးပေးကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Crd.chawsu

Credit : Facebook Shares

Ingredients

Directions