ပင်လယ်စာ တုံယမ်းဟင်းချို

1

ပင်လယ်စာ တုံယမ်းဟင်းချို
(Seafood Tom Yum)
.........................................
တုံယမ်းဟင်းချိုကို ဒေသအလိုက် မတူညီတဲ့ပုံစံအမျိုးမျိုးချက်ကြပါတယ်။
တချို့ကတော့ နို့စိမ်းနဲ့ အုန်းနို့သုံးပါတယ်။ ဆိုဖီယာတော့
နို့စိမ်းအုန်းနို့မထည့်တာပိုကြိုက်လို့ ဒီနည်းလေးကိုပဲ မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း (တစ်ပွဲ - ၃ ယောက်စာ)
.................................................
• ကြက်ပြုတ်ရည် (သို့ ) ရေ - 500 ml
• ကြက်သွန်နီ - တစ်လုံး
• ခရမ်းချဉ်သီး - တစ်ခြမ်း
• စပါးလင် - တစ်ချောင်း
• ပတဲကော - ၃ ပြား
• ရှောက်ခါးရွက် - ၂ ရွက်
• မှို - လက်တစ်ဆုပ်
(ကောက်ရိုးမှို)
• ကြက်သား သို့ ပုစွန်ပင်လယ်စာ - တစ်ပန်းကန်
• ငရုတ်သီးစိမ်း - ဆယ်တောင့်
• သံပရာသီး - တစ်လုံး
(စားပွဲဇွန်း ၂ ဇွန်း)
• ယိုးဒယားငံပြာရည် - ၂ဇွန်း
• ဟင်းခတ်မှုန့် သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• တုံယမ်းအနှစ် - စားပွဲဇွန်း တစ်ဇွန်း
(အခဲထည့်လိုက တစ်ခဲထည့်ပါ။)
• နံနံပင် - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း
............................
၁။ ဦးစွာ ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်လှီးဖြတ်ထားရပါမယ်။
ကြက်သွန်ကို အနေတော်အတုံးဖြတ် ထားပါ။ ခရမ်းချဉ်သီးကို
အမြှောင်းကြီးကြီးလှီးထားပါ။ ကောက်ရိုးမှိုကို လေးစိတ် စိတ်ထားပါ။
စပါးလင်ကို အပြင်ခွံခွာပြီး ခပ်စောင်းစောင်းထူထူ လှီးဖြတ်ထားပါ။
ပတဲကောကို ပါးပါးလှီးထားပါ။ ကြက်သားကို အနေ တော်အတုံးလှီးဖြတ်ထားပါ။
ပုစွန်ကို သန့်စင်ထားပါ။ ပင်လယ်စာထည့်လိုပါက ပြင်ဆင်လှီးဖြတ်ထားပါ။

၂။ အားလုံးအဆင်သင့်ဖြစ်ပါက အိုးတစ်ခုတွင် ကြက်ပြုတ်ရည် (သို့)
ရေကိုထည့်ပါ။ကြက်သွန်နီ၊ စပါးလင်၊ ပတဲကော၊ မှို၊ ကြက်သားထည့်လိုကထည့်ပါ။
တုံယမ်းအနှစ်ထည့်ပြီး မီးဖိုပေါ်တည်ပါ။
၃။ အရသာ ငံပြာရည်နှင့် ဟင်းခတ်မှုန့်သကြားထည့်ပြီး ဆူပွက်အောင်တည်ပါ။

၄။ ဆူပွက်ပါက ရှောက်ရွက်၊ ပုစွန်နှင့် ခရမ်းချဉ်သီးထည့်ပြီး
ပြန်လည်ဆူပွက်သည်ထိထားပါ။

၅။ ပြန်လည်ဆူပွက်လာပါက အရသာအပေါ့အငန်မြည်းကာ မီးပိတ်ပြီး
သံပရာရည်နှင့် ငရုတ်သီး စိမ်းထည့်ကာ ချဉ်ငန်စပ်အရသာပြင်ပြီး နံနံပင်အုပ်ကာ
တည်ခင်းသုံးဆောင်နိုင်ပါပြီ။

မှတ်ချက် - ရှောက်ရွက်၊ ခရမ်းချဉ်သီး၊ ပုစွန်နှင့် ပင်လယ်စာကို ချခါနီးမှထည့်ပါ။
နောက်ဆုံးသုံးဆောင်မည့် အချိန်မှသာ ငရုတ်သီး၊ သံပရာသီးထည့်ပါ။
ငံပြာရည်မထည့်ခင် သံပရာရည်မထည့်ရ။ ဟင်းချို ကောင်းကောင်းတစ်ခွက်ရဖို့အတွက်
ဒီအချက်လေး တွေကို သတိထားပြီးချက်ကြည့်ပါနော်။
......................
Crd.
Sofia

Credit : Facebook Shares

Ingredients

Directions