မှိုချဉ်

1

မှိုချဉ်

ခုလိုမှိုပေါတဲ့ရာသီရှမ်းပြည်မှာတော့သဘာဝမှိုတွေနဲ့အထားခံအောင်ပုံစံအမျိုးမျိုးဖြင့်မှိုချဉ်မှိုဆီစိမ်စသဖြင့်ပြုလုပ်လေ့ရှိပါတယ်။သဘာဝမှိုမရန်ိုင်တဲ့နေရာမှာတော့ရှိတဲ့မှိုလေးနဲ့အချဉ်တည်ပြီးအလွမ်းပြေလုပ်စားနိုင်ပါတယ်။မှိုချဉ်လေးကိုနှစ်သက်ရာအသားနှင့်တွဲပြီးကြော်စားနိုင်သလိုသတ်သတ်လွတ်လည်းကြော်စားနိုင်ပါတယ်။လုပ်စားကြ ည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
မှို (ရှီမေဂျီ) - ၃၀၀ ဂရမ်
ဆား - အနည်းငယ်
ငရုတ်သီးစိမ်း - ၃တောင့်
ဆန်မှုန့်အစိမ်း - ၂ဇွန်း စားပွဲဇွန်း
ရေ - ၅ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
*********
၁•သန့်စင်ပြီးသားမှိုကိုအရင်းပိုင်းများဖြတ်ထားပါ။
၂•သန့်ရှင်း၍ဆီကင်းသောဇလုံတခုတွင်ထည့်ပြီးဆားအနည်းငယ်ထည့်ပြီးဖွဖွနယ်ထားပါ။(ဆားအရသာပါသည်ဆိုရုံသာများလျှင်မြန်မြန်မချဉ်ပါ)ကြာရှည်ထားလိုပါကပိုထည့်ပေးနိုင်ပါတယ်။
၃•ဆန်မှုန့်၂ဇွန်းကိုရေထည့်ပြီးသမအောင်မွေပေးကာမီးဖိုပေါ်တွင်အပူပေးပါ။ပျစ်လာလျှင်မီးဖိုမှချပြီးအအေးခံထားပါ။
၄•ဆားနယ်ထားသောမှိုထဲသို့အအေးခံထားသောဆန်မှုန့်ကျိုထားသည်ကိုထည့်ပါ။ငရုတ်သီးထည့်လိုကအခြမ်းလိုက်ဖြစ်စေသေးသေးစိတ်ဖြစ်စေထည့်ပါ။
၅•သန့်စင်ခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးမှိုအပေါ်မျက်နှာပြင်တွင်ပလပ်စတစ်တထပ်ခင်းပေးပါပြီးလျှင်အဖုံးလုံအောင်ပိတ်ကာပူနွေးသောနေရာတွင်ထားပါ။ (မီးဖိုနားနီး)
၆•ရာသီဥတုနှင့်အခန်းအပူချိန်ပေါ်မူတည်ပြီး၂ရက်မှ၃ရက်တွင်မှိုချဉ်ရပါပြီ။ချဉ်ပြီဆိုပါကရေခဲသေတ္တာတွင်သိမ်းဆည်းထားနိုင်ပြီးနှစ်သက်သလိုကြော်စားချက်စားနိုင်ပါပြီ။
❀ကြာရှည်ထားလိုပါကရေပါဝင်မှုနည်းအောင်ထမင်းမာမာကိုအသုံးပြုပြီးလေလုံအောင်ထားပါ။
.........
#CreditSofia See less

Credit : Facebook Shares

Ingredients

Directions