ကြက်သွန်နီချဉ်

1

ကြက်သွန်နီချဉ်

Red Onion Pickle

အချဉ်တည်နည်းများစွာထဲကပြုလုပ်ရလွယ်ကူပြီးပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်နိုင်တဲ့ကြက်သွန်နီအချဉ်စိမ်နည်းလေးဖြစ်ပါတယ်။ထမင်းကြော်ခေါက်ဆွဲကြော်ဘာဂါတို့နဲ့တွဲဖက်စားနိုင်သလိုဟင်းရံတခွက်အဖြစ်ပါတည်ခင်းနိုင်မဲ့ကြက်သွန်နီအချဉ်စိမ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ပြုလုပ်ပြီးချက်ချင်းတည်ခင်းနိုင်သလိုရေခဲသေတ္တာတွင်နှစ်ပတ်ခန့်သိမ်းဆည်းသုံးဆောင်နိုင်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်သွန်နီ - ငါးလုံး
ငရုပ်သီးအစိမ်း/အနီ - ၅တောင့်
ဆား -အနည်းငယ်
သကြား- ၅၀ ဂရမ်
ရှာလကာရည် - ၅၀ ml(Apple Vinegar)
ရေ - ၂၀၀ ml
သစ်ဂျပိုးခေါက် - တစ်ချောင်း
ကရဝေးရွက် - ၂ရွက်
နံနံစေ့ - တစ်ဇွန်း စားပွဲဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာကြက်သွန်နီကိုအခွံသင်ရေဆေးပြီးအကွင်းလိုက်ခပ်ထူထူလှီးကာဇကာတခုတွင်ထည့်ထားပါ။
(၂)အိုးတခုတွင်ရေသကြားဆားရှာလကာရည်ထည့်ပြီးဆူပွက်အောင်တည်ကာအအေးခံထားပါ။Apple Vinegar သုံးထားပါတယ်။နှစ်သက်ရာအချဉ်ရေသုံးနိုင်ပါတယ်။
(၃)သီးသန့်အိုးဖြင့်ရေနွေးအနည်းငယ်တည်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။
(၄)ရေနွေးဆူပွက်ပါကဇကာဖြင့်ထည့်ထားသောကြက်သွန်လှီးပြီးသားပေါ်မှလောင်းချပေးကာရေစစ်အအေးခံထားပါ။ကြက်သွန်ညီးနံ့သက်သာစေရန်နှင့်တဝက်ကျက်အနေဖြင့့်အထားခံအောင်ရေဆူဖြင့်လောင်းခြင်းဖြစ်ပါတယ်။
(၅)ကြက်သွန်အေးသွားပါကအအေးခံထားသောအချဉ်ရည်အရောတွင်ထည့်ပြီးသမအောင်မွေပေးပါ။
ငရုပ်သီးသစ်ဂျပိုးကရဝေးနံနံစေ့တို့ကိုထည့်ပါ။
အမွေးနံ့ကိုမိမိနှစ်သက်ရာဟင်းခပ်အမွေးအကြိုင်ဖြင့်အစားထိုးသုံးနိုင်ပါတယ်။
(၆)ပြုလုပ်ပြီးချက်ချင်းတည်ခင်နိုင်သလိုသန့်ရှင်းခြောက်သွေ့သောပုလင်းဖြင့်ထည့်ပြီးရေခဲသေတ္တာတွင်ထားကာမိမိနှစ်သက်ရာထမင်းကြော်ခေါက်ဆွဲကြော်ကြာဇံကြော်ဘာဂါကီးမားပလာတာစသည်တို့ဖြင့့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
...........
#creditSofia See less

Credit : Facebook Shares

Ingredients

Directions