ငှက်ပျောဖူး ပုစွန်သုပ်

1

ငှက်ပျောဖူး ပုစွန်သုပ်
................................
ဒီတစ်ခါ ပုစွန်နဲ့သုပ်တာလည်း စားကောင်းလို့ ရေးပေးလိုက်ပါတယ်။ ချိုချဉ်စပ်မွှေး အရသာလေးမို့ အအီစာ ဆီပြန်ဟင်းလေးတွေနဲ့လိုက်ဖက်ပါတယ်။ ငှက်ပျောဖူးကို အစိမ်းသုပ်မှာဆိုတော့ အရောင်မမည်းသွားဘဲ သူ့သဘာဝအရောင်လေးဖြစ်ဖို့လိုပါတယ်။ အရောင်မမည်းရလေအောင် အသုံပြုတဲ့နည်းတွေ အမျိုးမျိုးထဲက ကျွန်မအတွက် အဆင်ပြေဆုံးနည်းကတော့ သံပရာသီးနဲ့ ရေခဲရေကို အသုံးပြုခြင်းပါပဲ။ ငှက်ပျောဖူးကို လှီးလိုက်တဲ့အခါ လေနဲ့ထိသွားတဲ့အပိုင်းက ချက်ချင်းမည်းလာတယ်။ အဲလိုမဖြစ်ရလေအောင် လှီးမည့်ဓားကိုလည်း သံပရာသီးထက်ခြမ်းခွဲပြီး သုတ်ပေးရပါတယ်။ ငှက်ပျောဖူးရဲ့ အတွင်းဘက် အဖြူရောင်နုနုအပိုင်းမှာ ထိပ်ဖျားပိုင်းတွေကိုပဲ အသုပ်အတွက်သုံးပါတယ်။ ငှက်ပျောပွင့်တွေပါလာတဲ့ အရင်းပိုင်းတွေကိုတော့ ချက်စားတဲ့အခါ၊ ဟင်းထုတ်လုပ် တဲ့အခါသုံးပါတယ်။

ပါဝင်ပစ္စည်းများ
....................
ငှက်ပျောဖူး - တစ်ဖူးရဲ့ သုံးပုံတစ်ပုံခန့်
ပုစွန် - အကောင်လတ် ၁ဝ ကောင်
ငရုတ်သီးစိမ်း - ၄-၅ တောင့်
ငါးငံပြာရည် - သင့်ရုံ
ဆား - သင့်ရုံ
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
နံနံပင် - ၃ ခက်
မုန်လာဥနီ - ၄ လက်မအရှည်
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၄-၅ မြွှာ
ထိုင်းပင်စိမ်း - ၁-၂ ခက်
သံပရာသီး - ၁-၂ လုံး
ငရုတ်ပွအနီ - အနည်းငယ်

ပြုလုပ်နည်း
................
၁။ ပုစွန်ကို အခွံခွာ၊ အစာလမ်းကြောင်းဖယ်ထုတ်ပြီး ရေဆူတွင် နီလာရုံလေးပြုတ်၊ ဆယ်ပြီး အအေးခံထားပါ။
၂။ သံပရာသီးကို ထက်ခြမ်းခြမ်းထားပါ။ အသုပ်အတွက် စားပွဲဇွန်း ၁ ဇွန်းခွဲ ညှစ်ပြီး ဖယ်ထားပါ။
၃။ ငှက်ပျောဖူးလှီးမည့်ဓားကို သံပရာသီးဖြင့်ပွတ်ပါ။ (စတီးဓားဖြင့်လှီးပါ၊ သံဓားဖြင့်မလှီးရ)
၄။ ဇလုံကြီးတစ်ခုတွင် ရေခဲရေအေးထည့်ထားပါ။ ဆား စားပွဲဇွန်း ၁ ဇွန်းခန့်ထည့်ပါ။ ကျန်တဲ့သံပရာရည် ညှစ် ထည့်ပါ။ ငှက်ပျောဖူးကို ထိပ်ဖျားမှစပြီး ပါးပါးလှီးပါ။ လှီးပြီးပြီးချင်း ရေခဲရေထဲ ၁ နာရီခန့် စိမ် ထားပါ။
၅။ ကြက်သွန်နီ၊ မုန်လာဥနီတို့ကို လှီးထားပါ၊ နံနံပင်လှီးထားပါ။
၆။ ကြက်သွန်ဖြူ၊ သကြား၊ ငရုတ်သီးစိမ်း၊ ဆားရောပြီး မညက်တညက်ထောင်းပါ။ ငံပြာရည်နဲ့ သံပရာရည်ထည့်ပါ။
၇။ ငှက်ပျောဖူးလှီးထားသည်ကို ရေကုန်အောင်ဖွဖွညှစ်ပြီး သုပ်မည့်ဇလုံတွင်ထည့်ပါ။ ပုစွန်ထည့်ပါ။ နံနံပင်၊ ငရုတ် ပွအနီ၊ ထိုင်းပင်စိမ်းရွက်တို့ထည့်ပါ။ အသင့်စပ်ထားသော အချဉ်ရည်ဆမ်းပြီး သုပ်ပါ။
................................................
Crd.Meemeetofu See less

Credit : Facebook Shares

Ingredients

Directions