ငါးမီးဖုတ် ခဝဲသီးဟင်းရည်

1

ငါးမီးဖုတ် ခဝဲသီးဟင်းရည်

ငါးမီးဖုတ်နံ့ သင်းသင်း ခဝဲသီးချိုချိုလေးကို ငရုတ်ကောင်း ပူပူလေးနဲ့ ဟင်းရည်လေး ချက်ပေးထား ပါတယ်။

ပါဝင်ပစ္စည်းများ
• ငါးခူအကောင်သေး - ၁ ကောင်
• ခဝဲသီး - ၁ လုံး
(အခွံနွှာပြီး လက်တစ်လုံးအထူလှီးထားပါ)
• ကြက်သွန်ဖြူ - ၄ မြွှာ
• ဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
• နံနံပင်အမြစ် - ၂ ခု
• နံနံပင် - ၂ ပင်
• ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငါးခူကို မီးသွေးမီးမှာ ခပ်ခွာခွာထားပြီး ဖုတ်ပေးပါ။ ဂက်စ်မီးဖြစ်ရင် ခဲပတ် ပတ်ပြီး ဖုတ်ပေးပါ။ လှည့်ပြီး ၁၀ မိနစ်ခန့်ဖုတ်ပေးပါ။ အအေးခံပြီး အသားနွှင် ထားပါ။
၂။ ငါးအရိုးများကို ဆား၊ ငံပြာရည်ထည့်ပြီး ရေနွေးဆူဆူ မှာ နံနံပင်အမြစ်များနဲ့အတူ ပြုတ်ပါ။ အရည်စစ်ပြီး ဖယ်ထားပါ။
၃။ လှီးထားသော ခဝဲသီးများကို ကြက်သွန်ဖြူ၊ ဆီတို့ ထည့်၍ အရည်ထွက်လာပြီး ပျော့သွားသည်အထိ လုံးတည်ထားပါ။ ငါးရိုးပြုတ်ထားသော အရည်များ ထည့် အသားနွှင်ထားသော ငါးများထည့်ပါ။ ကျန် ပါဝင်ပစ္စည်းများ ထည့်တည်ပြီး ဆူလာလျှင် အသုပ် နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

....................
Crd
သစ်ထူး See less

Credit : Facebook Shares

Ingredients

Directions