သီးစုံပဲအချဉ်ဟင်း (Sambar)

1

သီးစုံပဲအချဉ်ဟင်း (Sambar)
အိန္ဒိယဟင်းတစ်ခွက်ဖြစ်တဲ့ သီးစုံပဲအချဉ် ဟင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မနက်ခင်းစာ တိုရှည်၊ ပူရီအစရှိသည်တို့ဖြင့်လည်း တွဲဖက်တည် ခင်းပြီး မြန်မာအများစုကတော့ ဟင်းအဖြစ်သာ တည် ခင်းလေ့ရှိကြပါတယ်။ ချက်နည်းများ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ သက်သတ်လွတ်ချက်လိုပါက ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
• ပဲစင်းငုံ/ကုလားပဲ - ၅ ကျပ်သား
• ကြက်သွန်နီ - ၂ လုံး
• ခရမ်းချဉ်သီး - ၂ လုံး
• ချင်းကြက်သွန်ဖြူထောင်း - ၁ ဇွန်း
• အာလူး - ၂ လုံး
• ဗိုလ်စားပဲ - လက်တစ်ဆုပ်
• ခရမ်းသီး - ၁ လုံး (ကြီး)
• ရုံးပတီသီး - ၅ တောင့်
• ဒန့်ဒလွန်သီး - ၅ တောင့်
• မုန်လာဥ - ၁ လုံး
• ဘူးသီး - တစ်စိတ်
• ပုစွန်ခြောက်/အာပြဲခြောက် - လက်တစ်ဆုပ်
• ပျဉ်းတော်သိမ်ရွက် - ၃ ခက်
• ငရုတ်သီးခြောက် - ၅ တောင့်
• ဆား - လိုသလောက်
• ငံပြာရည် - ၃ ဇွန်း
• ဟင်းခတ်မှုန့် - ၂ ဇွန်း
• မန်ကျည်းမှည့်အနှစ် - ၃ ဇွန်း
• မဆလာ - ၁ ဇွန်း
• အရောင်တင်မှုန့် - ၁ ဇွန်း
• နနွင်းမှုန့် - အနည်းငယ်
• နံနံပင် - လက်တစ်ဆုပ်

ပြင်ဆင်ချက်ပြုတ်နည်း
၁။ ပဲစင်းငုံ (သို့) ကုလားပဲကို ရေဆေးပြီး ရေစိမ်ထားပါ။ ပွလာပါက အိုးထဲထည့်ပြီး နူးသည်အထိ ပြုတ်ထားပါ။
၂။ ပါဝင်သော အသီးအနှံများအားလုံးကို ရေဆေးပြီး အရွယ်တူ လှီးဖြတ်ထားပါ။ အာလူး၊ ခရမ်းသီးကို ရေစိမ်ထားပါ။ ရုံးပတီသီးကို သီးသန့်ဖယ်ထားပါ။ ကြက်သွန်၊ ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။
၃။ ချက်မည့်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူပါက ငရုတ်သီးခြောက် ထည့်ကြော်ပြီး ဖယ်ထားပါ။
၄။ ကြက်သွန်နီဆီသတ်ပါ။ ချင်းကြက်သွန်ဖြူထောင်းကို ထည့်၍ ဆီသတ်ရွက်ထည့်ပြီး ဆီသတ်ပါ။ ပုစွန်ခြောက်၊ ငါးခြောက်ထည့်ပါ။ မွှေးလာပါက အရောင်တင်မှုန့်၊ နနွင်းမှုန့်ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ အနည်းငယ်ကြေ အောင် ခြေပေးပါ။
၅။ ခရမ်းချဉ်သီးကြေပါက လှီးဖြတ်ထားသော အသီးအနှံများ (ရုံးပတီသီးမှအပ)ကို ထည့်ပါ။
၆။ သီးနှံများအားလုံးကြော်မိပါက ပြုတ်ထားသော ပဲကို ခြေပြီး ရောထည့်ပါ။ ရေ လိုအပ်သလောက် ထပ်ထည့်ပြီး အရသာ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်ထည့်ပြီး အဖုံးအုပ်ကာ သီးနှံများနူးသည်အထိ တည်ထားပါ။
၇။ သီးနှံနူးပါက မန်ကျည်းမှည့်အနှစ် ဖျော်ထည့်ပါ။ ရုံးပတီသီး၊ မဆလာနှင့် ကြော်ထားသော ငရုတ်သီးခြောက်တို့ကို ထည့်ပြီး ဆူပွက်အောင် တည်ပါ။ အရသာ အပေါ့အငန်မြည်းပြီး နံနံပင်အုပ်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

......................
Crd
Sofia See less

Credit : Facebook Shares

Ingredients

Directions