ဖက်ထုပ်ဟင်းရည်

1

ဖက်ထုပ်ဟင်းရည်

အိမ်မှာ ဖက်ထုတ်လုပ်ထားပြီးရင် မျိုးစုံလုပ်စားဖြစ်ပါတယ်။ ဖက်ထုပ်အိုးကပ်၊ ဖက်ထုပ်ပြုပ်၊ ဖက်ထုပ်ပေါင်း မျိုးစုံကုန်တဲ့အထိလုပ်စားဖြစ်ပါတယ်။ ဖက်ထုတ်လုပ်နည်းကတော့ ဟိုတုန်းကဟာတွေလိုပါပဲ။ ဒီတစ်ခါတော့ ဖက်ထုပ်ကို ခပ်လုံးလုံးလေးတွေဖြစ်အောင်လုပ်လိုက်တယ်။

ဖက်ထုပ်အတွက်သိပြီးသားဖြစ်မှာပါ။ အရင်တုန်းက ကြက်သားပေါင်း လုပ်တဲ့ နည်းလိုပါပဲ)

ကြက်ရင်ပုံ အသား ခပ်သေးသေး၂ခု (နုတ်နုတ်စဉ်းထား)
ကြက်ဥအကာ ၁ ခု
ကျူဆိုင် လက်တစ်ဆုပ်စာခန့် (သေးသေးလှီးထားပါ)
တို့ဟူးအဖြူ တစ်တုံး
ဆန်ဝိုင် လက်ဖက်ရည် ၂ ဇွန်း
ကော်မှုန့် လက်ဖက်ရည် ၁ ဇွန်း
ဆား လက်ဖက်ရည် ၁ ဇွန်း
အချိုမှုန့်အနည်းငယ်
သကြားအနည်းငယ်
ငရုပ်ကောင်းအနည်းငယ်
နှမ်းဆီ လက်ဖက်ရည် ၂ ဇွန်း
တို့ဟူးကိုရေခြောက်အောင်သုတ်ပြီး မိုက်ခရိုဝေ့ဖ်မှာ ၁ မိနစ်လောက်ထည့်ပေးပါ။ အေးသွားပြီဆိုမှ ကျန်တဲ့ ပစ္စည်းတွေအားလုံးနဲ့ရောနယ်ပေးပါ။ ပြီးရင် ဖက်ထုပ်ဖက်ကို သုံးပြီး လိုချင်တဲ့ ပုံစံလေးထုပ်ထားလိုက်ပါ။ ပြီးသွားပြီဆိုရင် ရေခဲသေတ္တာထဲမှ ၁ နာရီလောက်အရင်ထားပြီးမှ လိုသလိုချက်စားနိုင်ပါတယ်။

ဖက်ထုပ်အိုးကပ်အတွက် ဖက်ထုပ်လေးတွေကို ဆီပါလေကာမျှနဲ့ ခဏကြော်ပေးပါ။ ၂ မိနစ်လောက်နေရင် ရေလက်တစ်ဆစ်နီးပါးလောက်ထည့်ပြီး အဖုံးအုပ်ကာ ရေခန်းတဲ့အထိ တည်ပါ။ ဒါဆိုရင်တော့ ဖက်ထုပ်အိုးကပ်ရပါပြီ။

ကျန်သေးတဲ့ ဖက်ထုပ်တချို့ကိုတော့ ကျွန်မကညနေစာဟင်းရည်လုပ်သောက်ပါတယ်။ ဖက်ထုပ်ဟင်းချိုအတွက် မုန်ညှင်း နဲ့ ခရမ်းချဉ်သီးကိုပါ ထပ်ဖြည့်ပေးထားပါတယ်။ ရေ တရုပ်ဟင်းချိုပန်းကန် ၂ လုံးလောက်မှာ Knorr ကြက်သားခဲကိုထည့်ပြီး ဆူစေပါတယ်။ ဆူလာရင် ဖက်ထုပ်လေးတွေထည့်ပြီး ၁ မိနစ်လောက်တည်ပါတယ်။ နောက် ကျန်တဲ့ အသီးအရွက်တွေပါထည့်ပြီး ၃ မိနစ်လောက်တည်လောက်ရင်တော့ အရသာရှိတဲ့ ဖက်ထုပ်ဟင်းချိုလေးရပါပြီ။ ငရုပ်ကောင်းလေး ခပ်လိုက်ရင် အင်မတန်မှ သောက်လို့ကောင်းပါတယ်။

Crd.evy See less

Credit : Facebook Shares

Ingredients

Directions