ငါး ချဉ်စပ် ဟင်း

1

ငါး ချဉ်စပ် ဟင်း
===========

ငါးကိုအကြေးခွံထိုး ဗိုက်ခွဲ ရေဆေး သန့်စင်ပါတယ်။သံပုရာသီး၂စိတ် ဆားနနွင်းတို့ကို ရောနယ်ပြီး ငါးကိုပွတ်နယ်ပြီး ၅မိနစ်လောက်ခဏထားပြီး ရေစင်စင်ဆေးချပါတယ်။ အညှီအချွဲတွေပျောက်အောင်ပါ။ ရေခဏစစ်ထားပြီး မီးဖိုးချောင်သုံးစက္ကူနဲ့သုတ်ပြီး ငါးကို ဆားနနွင်းငရုတ်ကောင်းနဲ့ နယ်ပြီးနာရီဝက်ခန့်နှပ်ထားပါတယ်။
နှပ်ထားတဲ့အချိန်မှာ အနှစ်အတွက်ပြင်ဆင်ထားပါတယ်။

ကြက်သွန်ဖြူ ၆မွှာ နုတ်နုတ်စင်း
ဂျင်း လက်တစ်ဆစ် ။
ကြက်သွန်မိတ် ၃ပင် ။
သစ်ဂျပိုး သေးသေး
နာနတ်ပွင့် ။
ငရုတ်ခြောက် ၅ခု
ငရုတ်ကြမ်းဖတ် အနည်းငယ်
ငရုတ်နှစ် ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်ချဉ်ပဲငပိနှစ် ။
ပဲငံပြာရည်
သကြား
ငံပြာရည်
ရှလကာရည်
ကော်မှုန့် အနည်းငယ်စီလိုအပ်ပါတယ်။

စချက်ဖို့အတွက် အိုးထဲကို ဆီစားပွဲတင်၁ဇွန်းထည့်ပြီး ပူလာလျှင်ငါးကိုထည့်ပြီး တဖက်ကို ၃မိနစ်စီကြော်ပါတယ်။ အရေပြားတင်းရုံလောက်ပါ။ ပြီးရင် ဆယ်ထားပြီး ကျန်တဲ့ဆီထဲကို ငရုတ်အကြမ်းဖတ်နဲ့ ငရုတ်ခြောက်ထည့်ကြော်ပါတယ်။ အနံမွှေးလာလျှင် ဆယ်ထားပြီး အ်ုးထဲသို့ကျန်တဲ့ပစ္စည်းတွေဖြစ်တဲ့ကြက်သွန်ဖြူ ဂျင်း ငရုတ်နှစ် သစ်ကြပိုး နာနတ်ပွင့်ထည့် ဆီသတ်ပါတယ်။ မွှေးလာမှ ငရုတ်ချဉ်၊ငံပြာရည်၊ပဲငံပြာရည်သကြားထည့်မွှေပြီး ခဏကြာမှ ရေနို့ဆီဗူးတဝက်ခန့်ထည့်ပြီး ဆူအောင်တည်ပါတယ်။ ဆူလာမှ မီးလျော့ပြီး ငါးကိုထည့်ကာ အိုးထဲမှအရည်ကို ဇွန်းနဲ့ခက်ပြီး ငါးပေါ်လောင်းချပေးပါတယ်။အဖုံးအုပ်ထားပြီး ၅မိနစ်တခါလောက် အဖုံးဖွင့်ကာ ငါးပေါ်ကိုလောင်းချပေးပါ။ ၂ဖက်မျှပြီးအရသာဝင်အောင်ပါ။ မိနစ်၂၀လောက်ကြာပြီဆို ငါးလဲကျက်ပြီမို့ ဖြေးဖြေးဆယ်ပြီး ပန်းကန်ထဲထည့်ပါ။ အိုးထဲမှ ကျန်တဲ့အရည်ထဲကို ကြက်သွန်မိတ်ထည့်မွှေပါ။ ဆယ်ထားသော ငရုတ်ခြောက်များထည့်ပါ။ နောက်ဆုံးမှာ ကော်မှုန့်ရေဖျော်ထည့်ပြီး မွှေကာ ငါးပေါ်သို့လောင်းချကာ ငါးချဉ်စပ်ပေါင်း ဟင်းတစ်ခွက်ရပါပြီ ရှင်။ စျေးသက်သာပြီး ထမင်းနဲ့စားစား ဒီတိုင်းစားးစားစား ကောင်းတဲ့ဟင်းတစ်ခွက်ပါ။
-
credit See less

Credit : Facebook Shares

Ingredients

Directions