ရှူးရှဲ ငါးကြင်း ငပိချက်

1

ရှူးရှဲ ငါးကြင်း ငပိချက် *

ငါးကြင်း ကို ရေ အနည်းငယ်ဖြင့် ပြုတ်၍
အရိုး နွှင် ထား ပါ . .!

ငပိရည် ကို ဆနွမ်း အနည်းငယ်ခက် ကျို ပီး
အရိုးစစ် ထုတ် ၍ အရည် သာ ဖယ်ထားပါ .!

ကြက်သွန် ဖြူ များများ ကို မညတ်တညတ် ထောင်းပါ. .!
ကြက်သွန်နီ နည်းနည်းကို ပါးပါးလှီးပါ. .!

အိုးထဲ ဆီ အနည်း ငယ်မျှ သာ ထည့် ၍ ထောင်းထားသော ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်၍ ဆီသက်ပါ . .!

ထို့နောက် အရိုးနွှင်ထားသော ငါး ကို ထည့်၍ ဆီသက်ပါ. .!

ငါးဆီသက် ပီးလျှင် အရိုးစစ်ထုတ်၍ ဖယ်ထားသော ငပိရည်ကျို ကို လောင်းထည့် ပါ. .!

အချိုမှုန့် အနည်းငယ် ထည့် ပီး လိုသလောက် အရည်အနေအထား ရသည်အထိ တည်ပါ. .!

ထို့ နောက် ငရုပ်သီးစိမ်း များများ ထောင်းပီး ထည့်၍ ခဏအပူပေးကာ အိုးချ ၍ သုံးဆောင် လို့ ရပါပီရှင်. .!
( ငရုပ်သီးစိမ်း စားလို့ ဗိုက်နာ တက်လျှင် ငရုပ်သီးစိမ်းများ ကို အရင် လှော်ပီးမှ ထောင်းထည့်ပါ)

(ချဉ်ငံစပ် စားချင်လျှင် မန်ကျည်းရည် အနည်းငယ်ထည့်ပါ)

( တခါ ချက်ဆို ပင်စိမ်း or နံနံပင်အုပ်၍ ချက်နိုင်ပါသည် )

အရမ်းမွှေးပီး ထမင်းမြိန်မှာ ဧကန်ပါ. .!

*ငါး နေရာတွင် ပုစွန် အစားထိုး၍လည်း ဤနည်းအတိုင်း ရှူးရှဲ ပုစွန်ငပိချက် ချက်နိုင်ပါသည် *
-
Credit - စားကြမယ် ချက်ကြမယ် See less

Credit : Facebook Shares

Ingredients

Directions