ကြက်ဥ အာလူးကတ်တလိတ်

1

ကြက်ဥ အာလူးကတ်တလိတ် စိမ့်စိမ့်လေး

ကြက်ဥကို တခါထဲရောနယ်လိုက်တဲ့အတွက် ကြော်တဲ့အခါမှာ အာလူးတွေ ဖွာထွက်သွားတာမျိုး မဖြစ်တော့ပါဘူး သူ့ဘာသာသူ စေးပိုင်ပိုင်လေးဖြစ်နေပါတယ် ကြော်ပြီးရင်လဲ အပြင်ခွံက ပိုပြီးမွှေးပါတယ်။

လိုအပ်တာလေးတွေ မာမာပြောပါမယ်

နုးနေအောင်ပြုပ်ပြီး အခွံခွာကာ ညက်နေအောင်ချေထားသော အာလူး - 400 g

ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြောင်းဖူးမှုန့်- ထမင်းစားဇွန်း တဇွန်းမောက်မောက်

ကြက်ဥ - တစ်လုံး (အကာကိုဘဲ ယူပါ)

ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခွဲ

ကြော်ဖို့ပြင်ပါမယ်

ချေထားသောအာလူး ဆား အရသာမှုန့် နနွင်းမှုန့် ပြောင်းဖူးမှုန့် မဆလာ ကြက်ဥအကာတို့ကိုရောပြီး စေးပိုင်လာအောင် ဆုတ်ဆုတ်ပြီနယ်ပေးပါ

အာလူးများ စေးကပ်လာပါက အနေတော် အလုံးလေးများလုံးပေးပါ

ဆီကိုအပူပေးပါ ဆီပူလာပါက မီးကို အနေတော်လျော့ပြီးမှ အာလူးလုံးလေးများကို ထည့်ပေးပါ

မီးမများစေရန် သတိပြုပါ မီးများပါက အပြင်သာကျက်ပြီး အတွင်းသားများ မကျက်ဘဲ ဖြစ်တတ်ပါတယ်

အာလူးလုံးလေးများ အကျက်ညီစေရန် ဇွန်းဖြင့် အသာအရာ လှန်လှန်ပေးပါ

အာလူးလုံးလေးများ ရွှေဝါရောင်သန်းလာပြီဆိုရင်တော့ ဆယ်ပြီးဆီစစ်ပေးပါ

ဆီစစ်သွားရင်တော့ ကြက်ဥအာလူး ကတ်တလိတ် မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။
Crd.mar mar See less

Credit : Facebook Shares

Ingredients

Directions