အာလူးမျှင်ချဉ်စပ်သုပ်

1

အာလူးမျှင်ချဉ်စပ်သုပ်

Ingredients:
အာလူး အလုံးကြီးကြီး ၂လုံး
မုန်လာဥနီ ၁ဥ
ငရုတ်သီးအကျက်မှုန့် အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ဇွန်း
ရှာလာကာရည် အနည်းငယ်
သံပုရာသီး ၁လုံး
ဆား အနည်းငယ်
နံနံပင် အနည်းငယ်
မြေပဲလှော်မှုန့် အနည်းငယ်
နှမ်းလှော် အနည်းငယ်

Preparation Method:
၁) အာလူးတွေကို အမျှင်ရအောင် ခြစ်ဖြင့် ခြစ်ပါ။ (သို့) ပါးပါးလှီးပြီး အချောင်းသေးသေးလေးတွေ ဖြစ်အောင် လှီးပါ။ ရေစိမ်ထားပါ။
၂) အိုးထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ ဆူလာလျှင် ခြစ်ထားသော အာလူးမျှင်တွေ ထည့်ပြီး ချက်ချင်း ဆယ်ပါ။ ရေခဲရေဖြင့် စိမ်ပါ။
၃) မုန်လာဥနီကိုလည်း ခြစ်ဖြင့် ခြစ်ပြီး ရေစိမ်ပါ။ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို ပါးပါးလှီးပါ။
၄) ပန်းကန်တစ်လုံးထဲမှာ ငရုတ်သီးအကျက်မှုန့်၊ ပဲငံပြာရည်အကြည်၊ ရှာလာကာရည်၊ မြေပဲလှော်မှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆားတို့ကို ရောမွှေပါ။
၅) အရသာ အပေါ့အငန် မြည်းပြီး အချဉ်လိုအပ်လျှင် သံပုရာရည် အနည်းငယ် ထည့်ပါ။
၆) အာလူးမျှင်နှင့် မုန်လာဥနီတို့ကို ရေစစ်ပါ။ နယ်မည့်ပန်းကန်ထဲသို့ အားလုံး ရောထည့်ပြီး ဖွဖွလေး နယ်ပါ။
၇) အရသာ အပေါ့အငန် ပြင်ပါ။ ပြီးလျှင် ပန်းကန်ထဲ ပြောင်းထည့်၊ နံနံပင်နှင့် နှမ်းလှော် အနည်းငယ် ဖြူးပြီး အလှဆင်လိုက်လျှင် ရပါပြီရှင်။
Crd.kae kae See less

Credit : Facebook Shares

Ingredients

Directions