နှစ်ခါကင် အာလူး

1

နှစ်ခါကင် အာလူး
............................
အိမ် ဧည့်သည်အလည်လာတိုင်း လုပ်ကျွေးဖြစ်သလို
ကိုရီးယားမှာနေတုန်းက အမြဲလို အော်ဒါအများဆုံးလုပ်ပေးရတဲ့ အာလူးကင်လေးပါ။
လူကြိုက်များပြီး အားပေး မှုခံရသောကြောင့် ပရိသတ်ကြီးလည်း ပြန်လည်လုပ်စားပြီး
ကြယ်ဘယ်နှပွင့်ပေးမလဲ လို့တွေးရင် ကင်စားကြည့်လို့ရအောင် ဝေမျှလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (အာလူးအသားအတွက်)
...........................................................
• အာလူးအလုံးကြီး - ၄ လုံး (အခွံ ကိုသေချာစင်အောင်ဆေးထားပါ)
• ခရင်မ်အချဉ်အပျစ်(သို့) ဒိန်ချဉ် - ခွက်တစ်ဝက် (မုန့်ဖုတ်လျှင်တိုင်းသော ခွက်)
• ထောပတ် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
• ဆား - အနည်းငယ်
• ငရုတ်ကောင်း - အနည်းငယ် (လတ်လတ်ဆတ်ဆတ် ကြိတ်ထားသော)
• ချိစ် Cheddar - စားပွဲဇွန်း ၅ ဇွန်း
• ချိစ် Parmesan - အတုံး (လိုသလောက်ခြစ်ထည့်ပါ)

ပါဝင်ပစ္စည်းများ (အာလူးအပေါ်မှတင်ရန်)
..........................................................
• Bacon ဝက်သားပြား - ၁၅၀ ဂရမ် (ခပ်သေးသေးအချောင်းလေးတွေ လှီးထားပါ)
• သံလွင်သီးအနက် - ၈ လုံး (အစေ့လွတ်၊ ခပ်သေးသေးလေး လှီးထားပါ)
• Jalapeno - ၁ တောင့် (အစေ့ထုတ်ပြီး ခပ်သေးသေးလေးလှီးထားပါ)
• ကြက်သွန်မြိတ် - ၂ ပင် (ခပ်သေးသေးလေးတွေဖြတ်ထားပါ။ အာလူးပေါ်မှ အလှဆင်ရန်)

ပြုလုပ်နည်း (အာလူးအသားအတွက်)
...................................................
၁။ အာဗင်ကို ၄၂၅ ဒီဂရီ အပူပေးထားပါ။ ရေဆေးထားသော
အာလူးများကို Foil နှင့် လုံအောင် တစ်လုံးခြင်းပတ်ပေးပါ။
ပြီးလျှင် အာဗင်ထဲထည့်ပြီး ၄၀-၆၀ မိနစ် ကင်ပါ။

၂။ Foil အပတ်များကို အပူခံလက်အိတ်ဝတ်ပြီး ခွာပါ။
အာလူးကို အလယ်မှနေ ထက် ခြမ်းခြမ်းပါ။ အာလူးအသားများကို
ဇွန်းဖြင့်အသာခြစ်ယူပါ။ အာလူး အခွံမှာ အသား အနည်းငယ်ချန်ထားပါ။

၃။ ပန်းကန်လုံးထဲကို အာလူးအသားနှင့် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး
နှံ့ အောင်နယ်ပါ။ အာလူးကို လက်နဲ့ခြေလို့ မကျေလျှင် ကြိတ်စက်ထဲ ထည့်ကြိတ် ပါ။
ချောမွေ့နေသော အာလူးရလာလျှင် ကိတ်မုန့်ကိုအလှဆင်သော ကြယ်ပုံကတော့
အိတ်ထဲကို အာလူးအနှစ်လေးများထည့်ပြီး အာလူးအခွံထဲ ကိုယ်လို ချင်သောပုံစံ ညစ်ထည့်ပါ။

၄။ အာလူးအနှစ်များ နေရာတကျ အာလူးအခွံထဲ အပြည့်ညှစ်ထည့်ပြီးသွားလျှင်
အာဗင်ထဲ အပူချိန် ၄၂၅ ဒီဂရီ ဖြင့်ကင်ပါ။ မိနစ် ၁၅ - ၂၀ လောက်ထပ်ကင်ပါ။
အာလူး အရောင်အညိုရောင်သမ်းလာလျှင်တော့ အပေါ်မှနေ Parmesan ချိစ်
လိုသလောက်ခြစ်ခြပါ။ အာဗင်ထဲ ပြန်ထည့်ပါ။ ချိစ်အရည်ပျော်တဲ့အထိထားပါ။

ပြုလုပ်နည်း (အာလူးအပေါ်မှတင်ရန်)
..................................................
၁။ အိုးကို ပူအောင်တည်ပါ။ အိုးပူလျှင် ကြက်သွန်မြိတ်ကလွဲလို့
ကျန်ပစ္စည်းများအားလုံးကို အိုးထဲထည့်ပြီး Bacon ကြွပ်တဲ့အထိ ကြော်ပါ။

၂။ စားခါနီးမှ အာလူးကင်အပေါ်မှ Bacon ကြော်များကို တင်ပြီးစားပါ။
ကြက်သွန် မြိတ် လေးတွေ ဖြူးပြီးအလှဆင်ပါ။

................................................................
Crd
Syi Lwin See less

Credit : Facebook Shares

Ingredients

Directions