ပြောင်းဖူးကြော်သုပ်

1

ပြောင်းဖူးကြော်သုပ်
----------------------------
သုပ်မှာဖြစ်တဲ့အတွက် ဂျုံမှုန့်ကိုလျှော့ပြီး မုန့်နှစ်ကျဲကျဲဖျော်မှာပါ။ အချပ်လိုက်ကြော်မှာဖြစ်ပါတယ်။
အချပ်ကြော်ဆိုပေမယ့်လည်း သုပ်မှာဖြစ်တဲ့အတွက် ဝိုင်းစက်နေအောင် ပုံစံကျဖို့လည်း မလိုပါဘူး။
ကြော်ထားတဲ့ ပြောင်းဖူးကြော် ြွကပ်ြွကပ်ကို
ချဉ်စပ်ပြန်သုပ်မှာပါ။ ကဲ... ပြောင်းဖူးကြော်နည်းနဲ့ သုပ်တဲ့နည်းကို ကြည့်ကြရအောင်...။

ပြောင်းဖူးကြော်အတွက် လိုအပ်တာတွေကတော့-
• ပြောင်းဖူး - ၁ ဖူး
• ကြက်သွန်မြိတ် - ၂ ပင်
• ဂျုံမှုန့် - ၁/၂ ခွက်
• ပြောင်းဖူးမှုန့် - ၁/၂ ခွက်
• ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဘိတ်ကင်ပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ရေခဲရေ - ၁ ၁/၂ ခွက်
• ကြော်ရန်ဆီ

အသုပ်သုပ်ရန် လိုအပ်တာတွေကတော့-
• ခရမ်းချဉ်သီး - ၁ လုံး (ပါးပါးလှီးပါ)
• ချယ်ရီခရမ်းချဉ်သီး - ၅ လုံး (ထက်ခြမ်းခြမ်းပါ)
• ဂေါ်ဖီ (သို့) ဆလတ်ရွက် - ၃၀ ဂရမ် (ပါးပါးလှီးပါ)
• ကြက်သွန်မြိတ - ၂ ပင် (ပါးပါးလှီးပါ)
• နံနံပင် - ၂ ပင် (ပါးပါးလှီးပါ)

Slad Dressing အတွက် လိုအပ်တာတွေကတော့-
• နံနံပင်အမြစ် - ၄ ပင်
• ကြက်သွန်ဖြူ - ၂ မြွှာ
• ငရုတ်သီးစိမ်း/နီ - ၁၄ ဂရမ်
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• ထန်းလျက်(သို့) သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သံပရာရည် - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ Slad Dressing အတွက် ကြက်သွန်ဖြူ၊ နံနံပင်အမြစ်နှင့် ငရုတ်သီးတို့ကို ရောပြီး ထောင်းပါ။ ပြီးလျှင် ထန်းလျက် (သို့) သကြားထည့်ပြီး ထောင်းပါ။ ပြီးလျှင် ပဲငံပြာရည်၊ သံပရာရည် ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၂။ ပြောင်းဖူအခွံကို ခွာပါ။ ပြီးလျှင် ပြောင်းဖူးအစေ့များကို ဓားဖြင့် လှီးပြီး ယူပါ။
၃။ မုန့်နှစ်ဖျော်ဖို့အတွက် ဇလုံထဲ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ဘိတ်ကင်ပေါင်ဒါနှင့် ဆားတို့ကို
ထည့်ပြီး မွှေထားပါ။ ပြီးလျှင် ရေခဲရေထည့်၍ မွှေပေးပြီးလျှင် မုန့်နှစ်ရပါပြီ။
၄။ မုန့်နှစ်ဇလုံထဲ လှီးထားတဲ့ ပြောင်းဖူးစေ့များထည့်ပါ။ ကြက်သွန်မြိတ် ၂ ပင်ကို ပါးပါးလှီးပြီး ထည့်ပါ။ ပြီးလျှင် သမအောင် မွှေပါ။
၅။ ပြောင်းဖူးကြော်ရန် ဆီအိုးတည်ပါ။ ဆီပူလျှင် ပြောင်းဖူးမုန့်နှစ်ကို ဇွန်းကြီး ၁ ဇွန်း ခပ်ယူပြီး ဆီပူထဲ ထည့်ကြော်ပါ။ နီညိုရောင်သန်းအောင် ကြော်ပြီး ဆယ်ယူထားပါ။ ကျန်တဲ့
ပြောင်းဖူးမုန့်နှစ်များကုန်အောင် ဆက်၍ကြော်ပါ။ (အသုပ်သုပ်မှာ ဖြစ်တဲ့အတွက် ပြောင်းဖူးကြော်အချပ်ကြီး ကြော်ပါတယ်။ သေးသေးကြော်ချင်လျှင်တော့ ထမင်းစားဇွန်း နဲ့ ခပ်ပြီး ကြော်ပါ။)
၆။ ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းဖူးကြော် နည်းနည်းထည့်ပါ။ ပြီးလျှင် ပါးပါးလှီးထားတဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ကို နည်းနည်းစီ ထည့်ပါ။ ပြီးလျှင် ကျန်တဲ့ ပြောင်းဖူးကြော်ကို ထပ်ထည့်ပါ။ ကျန်နေသေးတဲ့ ဂေါ်ဖီ၊ ချယ်ရီခရမ်းချဉ်သီး၊ ကြက်သွန် မြိတ်နှင့် နံနံပင်တို့ကို ထပ်ထည့်ပြီး အဆင်သင့် စပ်ထားတဲ့ Dressing လောင်းထည့်ပါ။
-------------------------------------------------------
Credit Myint Oo Tha See less
Comments
Write a comment...

Credit : Facebook Shares

Ingredients

Directions