ဂျူးဖူးပဲပုပ်ချက်

1

ဂျူးဖူးပဲပုပ်ချက်
-----------------------------
ဟင်းသီးဟင်းရွက် အသီးအနှံစိမ်းတို့ကို နှစ်သက်တဲ့ ဆိုဖီယာအဖို့ ဂျူးဖူးဆိုရင် အမြဲအသားစဉ်းကောလေးနဲ့ ရောကြော် (သို့) သက်သတ်လွတ်လေး ကြော်စားလေ့ရှိပါတယ်။ ဒီတစ်ခါတော့ ဒီနိုင်ငံမှာ ရှားရှားပါးပါးရလာတဲ့ ဂျူးဖူးလေးကို ဝမ်းသာအားရ တောင်ကြီးက ညီမငယ်တစ်ယောက်ကိုပြမိတော့ ပဲပုပ်လေးနဲ့ ကြော်စားပါဆိုပြီး ဒေသစာလေး ချက်နည်း ပြောပြပေးလို့ ချက်စားဖြစ်ခဲ့တဲ့ နည်းလေးဖြစ်ပါတယ်။ တကယ်ကို တစ်မူထူးခြားတဲ့ သဘာဝအရသာလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
• ဂျူးဖူး - ၁ စည်း
• ခရမ်းချဉ်သီး - ၂ လုံး
• ရှမ်းပဲပုပ် (သို့) ပအိုဝ်းပဲပုပ်ထောင်း - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်သီးမှုန့် (အလှော်မှုန့်) - စားပွဲဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ဆီ - အနည်းငယ်

ပြုလုပ်နည်း
၁။ ဦးစွာ ဂျူးဖူးကို အနေတော်လေးများ လှီးဖြတ်ပြီး ရေဆေး၍ ရေစစ်ထားပါ။
၂။ ခရမ်းချဉ်သီးကို သေးသေးစိတ်ထားပါ။ ရှမ်းပဲပုပ် (သို့) ပအိုဝ်းပဲပုပ်ကို မီးကင်ပြီး ထောင်း ထားပါ။
၃။ အသင့်ဖြစ်ပါက အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူပါက ခရမ်းချဉ်သီးစိတ်ထားတာကို ထည့်ကြော်ပါ။ နွမ်းပြီး ကြေလာလျှင် ငရုတ်သီးမှုန့်နှင့် ပဲပုပ်ထောင်းထားတာကို ထည့်ပါ။
၄။ ပြီးလျှင် ရေစစ်ထားသောဂျူးဖူးကို ထည့်ပြီး သမအောင်မွှေပါ။ ဆားအနည်းငယ်ထည့်ပါ။ ဂျူးဖူးလေးများ အရောင်ပြောင်းပြီး ကျက်ပါက အရသာအပေါ့အငန်မြည်း၍ မီးဖိုပေါ်မှချပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။ ခရမ်းချဉ်သီး၊ ဂျူးဖူး၊ ပဲပုပ်တို့မှာ သဘာဝအရသာက ချိုပြီး ဖြစ်တာကြောင့် သကြား၊ အချိုမှုန့်၊ ဟင်းခတ်မှုန့်များ မထည့်ဘဲ အရသာရှိသော ဟင်း တစ်ခွက်အဖြစ် တည်ခင်းနိုင်မှာဖြစ်ပါတယ်။
----------------
Credit Sofia See less
Comments
Write a comment...

Credit : Facebook Shares

Ingredients

Directions