အင်ဥဟင်း

1

အင်ဥဟင်း ♡
❀ ❀ ❀
အင်ဥကိုခရမ်းချဉ်သီးကြက်သွန်အနှစ်နဲ့ကြော်ချက်ချက်အချိုချက်လေးချက်စားဖြစ်တာများပါတယ်။ဒီတခါတော့ရှမ်းပြည်မှာစားခဲ့ဖူးတဲ့ပုံစံသစ်တမျိုးနဲ့ဖက်ဖယ်ရွက်လေးနဲ့ရောလို့စပ်စပ်လေးကြော်ချက်ချက်ထားပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
အင်ဥ - ၂၀၀ဂရမ်
ခရမ်းချဉ်သ်ီး - ၂လုံး
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးစိမ်း - ၁၀တောင့်
ဖက်ဖယ်ရွယ် - လက်တဆုပ်
နနွင်း - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
(၁)ဦးစွာအင်ဥကိုသဲစင်အောင်ဆေးပြီးထပ်ခြမ်းခြမ်းသို့မဟုတ်ခပ်သေးသေးအကွင်းစိတ်ထားပါ။
(၂)ခရမ်းချဉ်သီးသေးသေးစိတ်ပြီးကြက်သွန်ပါးပါးလှီးထားပါ။
(၃)ကြက်သွန်ဖြူနှင့်ငရုပ်သီးစိမ်းကိုရောထောင်းထားပါ။
(၄)ဖက်ဖယ်ရွက်ကိုရေဆေးသန့်စင်ကာသေးသေးစိတ်ပါ။
(၅)အားလုံးအသင့်ဖြစ်ပါအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်နီဆီသပ်ပါ။
(၆)နနွင်းအရောင်တင်ထည့်ပြီးခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကိုထည့်ပါ။ဆားထည့်ပြီးခရမ်းချဉ်သီးကြေညက်အောင်မွေပေးပါ။
(၇)ခရမ်းချဉ်သီးကြေညက်ပါကကြက်သွန်ဖြူ ငရုပ်သီးစိမ်းထောင်းထားသည်ကိုထည့်ပါ။အင်ဥလှီးထားသည်ကိုထည့်ပြီးကြော်ပါ။ရေကိုအနည်းငယ်ဆီထည့်ပေးပါ။
(၈)အင်ဥကျက်ပါကဖက်ဖယ်ရွက်ထည့်ပါ၊
(၈)လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပြီးအရသာအပေါ့အငံမြည်းကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

.........
Credit Sofia See less

Credit : Facebook Shares

Ingredients

Directions