မှိုအစပ်ချက်

1

မှိုအစပ်ချက်
---------------------
ပါဝင်ပစ္စည်းများ
• မှို - ၅ဝဝ ဂရမ်
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်ဖြူ - လက်တစ်ဆုပ်
• ခရမ်းချဉ်သီး - ၂ လုံး
• ငရုတ်သီးစိမ်း - ၅ တောင့်
• ငရုတ်ပွအသေး - ၅ တောင့်
• နနွင်းမှုန့် - အနည်းငယ်
• အရောင်တင် - အနည်းငယ်
• ဆား - စားပွဲဇွန်း ၁/၂ ဇွန်း
• ဆီ - ၃ ဇွန်း
• ကန်စွန်းရွက် - ၁ စည်း
• နံနံပင်/ပင်စိမ်း

ပြုလုပ်နည်း
၁။ မှိုကို ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ကာ ရေစစ်ထားပါ။
၂။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို သေးသေးစိတ်ထားပါ။ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ရောထောင်းထားပါ။ ကန်စွန်းရွက်ထည့်လိုက လှီးဖြတ်ပြီး သန့်စင်ထားပါ။
၃။ အားလုံးအသင့်ဖြစ်ပါက အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီ ဆီသတ်ပါ။ အရောင်တင်၊ နနွင်းမှုန့် ထည့်ပါ။
၄။ ကြက်သွန်နီနွမ်းပါက ငရုတ်ပွ၊ ကြက်သွန်ဖြူ ထောင်းထားသည်ကို ထည့်ပါ။ ခရမ်းချဉ်သီး ထည့်ပြီး အနည်းငယ်နွမ်းပါက မှိုထည့်ပါ။ ဆားထည့်၍ အဖုံးအုပ်ပြီး တည်ပါ။
၅။ မှိုကျက်ပြီး အနည်းငယ်နူးအိပါက ကန်စွန်းရွက်ထည့်လိုက ထည့်၍ သမအောင် မွှေပါ။ အရသာအပေါ့အငန်မြည်းပြီး ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
------------------------------------------
Credit Sofia See less

Credit : Facebook Shares

Ingredients

Directions