တိုဟူးခြောက်ချက်

1

တိုဟူးခြောက်ချက်
---------------------------------
ရှမ်းပြည်နယ်ဒေသထွက် အစားအစာတစ်ခုဖြစ်တဲ့ တိုဟူးခြောက်ကို အတော်များများ စားဖူးကြမှာပါ။ များသောအားဖြင့် ကြော်စားလေ့ရှိပြီး သရေစာအဖြစ်လည်း စားကြ ပါတယ်။ တိုဟူးခြောက်ကို ကြော်စားတာအပြင် ချက်စားနိုင်သလို ဟင်းရည်တစ်ခွက်အဖြစ်လည်း လုပ်စားနိုင်ပါတယ်။ အခု တိုဟူးခြောက်ချက် သက်သတ်လွတ်နည်းလေး မျှဝေ ပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
• တိုဟူးခြောက် - ၁၀ဝ ဂရမ် (၂ ချပ်)
• ကြက်သွန်နီ - ၂ လုံး
• ခရမ်းချဉ်သီး - ၅ လုံး
• ငရုတ်သီးစိမ်း - အနည်းငယ်
• ကြက်သွန်ဖြူ - ၅ မြွှာ
• နနွင်းမှုန့် - အနည်းငယ်
• အရောင်တင်မှုန့် - အနည်းငယ်
• ဆား - စားပွဲဇွန်း ၁/၂ ဇွန်း
• နံနံပင် - ၃ ပင်
• ဆီ - အနည်းငယ်

ပြုလုပ်နည်း
၁။ တိုဟူးခြောက်ကို မချက်ခင် ၁ နာရီခန့် ကြိုပြီး ရေနွေးဖြင့် စိမ်ထားပါ။
၂။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို သေးသေးစိတ်ထားပါ။ ငရုတ်သီးစိမ်းခြမ်းထားပါ။ ကြက်သွန်ဖြူ သေးသေးစိတ်ထားပါ။
၃။ အားလုံးအသင့်ဖြစ်ပါက ဒယ်အိုးထဲ ကြက်သွန်နီကြော်ပြီး နနွင်းမှုန့်နှင့် အရောင်တင်မှုန့် ထည့်ပါ။ အရောင်ဝင်းလာပါက ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူတို့ကို ထည့်ပါ။
၄။ ခရမ်းချဉ်သီးနွမ်းပါက ရေအနည်းငယ်ထည့်ပြီး တည်ထားပါ။
၅။ ဟင်းအနှစ်ကြေပါက ရေစိမ်ထားသော တိုဟူးခြောက်ကို သေးသေးညှပ်ထည့်ပါ။ ဆားနှင့် ရေ အနည်းငယ်ထည့်၍ သမအောင်မွှေပေးပြီး တိုဟူးခြောက် အိအောင် တည်ပါ။
၆။ တိုဟူးခြောက်အိလာပါက အပျစ်အကျဲ လိုသလိုပြုပြင်၍ အပေါ့အငန်မြည်း၍ ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
------------------------------------------------
Credit .Sofia See less

Credit : Facebook Shares

Ingredients

Directions