မုန်လာဥနီ croquettes နှင့် ဆလတ်သုတ်

1

မုန်လာဥနီ croquettes နှင့် ဆလတ်သုတ်
-------------------------------------
အဓိကဟင်းလျာ မစားခင် အစာပြေ စားဖို့ မုန်လာဥနီကို ကြိတ်ပြီ အလုံးလုပ်ထားတဲ့ Antipasto လေးပါ။ သက်သက်လွတ်စားသူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဟင်းလျာတစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ မုန်လာဥနီ၊ မက်မွန်စေ့၊ သီဟိုဌ်စေ့၊ တို့ပါဝင်ပြီ ထိုင်းငရုတ်သီးအချိုဆော့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ဆလတ်သုတ်အတွက် မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ သခွာသီး တို့ကို ရောသုတ်ထားတာ ဖြစ်ပါတယ်။ လုပ်နည်းလေးကို ကြည့်လိုက်ရအောင်…
-------------------------------------
ဆလတ်သုတ်အတွက် ပါဝင်ပစ္စည်းများ

မုန်လာဥနီ – ၁ခု (အတုံးသေးများတုံးပါ)
သခွာသီး – တဝက် (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)

သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
သံပရာသီး – တဝက် (အရည်ညှစ်ပါ)
Tobassco – ၂စက်
-------------------------------------
မှတ်ချက် ။ ။ ဆလတ်သုတ်အတွက် ပါဝင်ပစ္စည်းများ အားလုံးကို ခွက်တစ်ခုထဲတွင် သမအောင် ရောမွှေလိုက်ပါ။
-------------------------------------
မုန်လာဥနီ croquettes အတွက် ပါဝင်ပစ္စည်းများ

မုန်လာဥနီ – ၁ခွက်စာ (နှုတ်နှုတ်စဉ်းပါ)

မက်မွန်စေ့ [almond] – ၁ခွက်စာ

မှတ်ချက်။ ။ မက်မွန်စေ့တဝက်ကို ရေထဲ စိမ်ထားပေးပြီ ပါးပါးလှီးထားပါ။ ကျန်တဝက်ကို ငရုတ်ဆုံဖြင့် မညက်တညက်ထောင်းထားပါ။

သီဟိုဌ်စေ့ [cashew nut] – ခွက်တဝက် (ရေထဲ စိမ်ထားပြီ ပါးပါးလှီးထားပါ)
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
ဇီယာစေ့ [cumin pdr] – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းပေးပါ)
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း၃ပုံ၁ပုံ
ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းထားပါ)
ကြက်သွန်မြိတ် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
တရုတ်နံနံပင် – အနည်းငယ ်(နှုတ်နှုတ်စဉ်းပါ)
နံနံပင် – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
-------------------------------------
မုန်လာဥနီ croquettes ပြုလုပ်နည်း

၁။ မုန်လာဥနီ croquettes အတွက် ပါဝင်ပစ္စည်းများ အားလုံးကို Blender ထဲ ထည့်ပြီ ရောကြိတ်ပေးပါ။

၂။ မုန်လာဥနီ ကြိတ်ပြီလျှင် ပုံတွင်ပါသည့်အတိုင်း တကိုက်စာ အလုံးလေးများ လုံးပေးပြီ ထောင်းထားသည့် မက်မွန်စေ့များ ကပ်လိုက်ပါ။

၃။ မုန်လာဥနီ croquettes လုံးလေးများ ရပြီဆိုလျှင် သူနှင့်တွဲဖက်စားဖို့ ဟင်းရွက်ဆာဆာလို့ခေါ်တဲ့ ဆလတ်သုတ်လေး၊ ထိုင်းငရုတ်သီး အချိုဆော့တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
#credit Wutyee food house See less

Credit : Facebook Shares

Ingredients

Directions