ကိုရီးယားစတိုင် Curry Rice

1

ကိုရီးယားစတိုင် Curry Rice
==================
ကြက်သား ၊ ဝက်သား ၊ အမဲသား အဆင်ပြေရာဖြင့် ချက်လို့ ရပါတယ် ။ ကိုရီးယား အစားအစာတွေထဲမှာ နာမည်ကြီးတစ်ခုဖြစ်သည့် ကိုရီးယားစတိုင် Curry Rice ချက်နည်းလေး ပြောပြမယ် ။ အောက်ပါ အချိုးအစားက တစ်ပွဲစာ အတွက်ဖြစ်ပါတယ် ။ များများချက်ချင်ရင် အချိုးအစားကို တိုးသွားရန် လိုပါတယ် ။

ကိုရီးယား ကာရီ ထမင်းသည် အရသာ တစ်မျိုးထူးခြား၍ စားကောင်းလှပါသည် ။ ပုံတွင်ပြထားသော Curry Powder အထုပ်လေးသာ ဝယ်ရန်လိုပါသည် ။ ကိုရီးယား အစားအစာ ရောင်းသည့်ဆိုင် ၊ PROMART ၊စီးတီးမက် အစရှိသည် တို့တွင် ဝယ်ယူ၍ ရပါသည် ။

ပါဝင်ပစ္စည်းများ

ကိုရီးယား Curry Powder - ၆ဇွန်း (စားပွဲတင်ဇွန်း)
ကြက်ရင်ပုံသား - တစ်ခု(၁၂၀ ဂရမ်) (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
ကြက်သွန်နီ - ၁ လုံး (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
အာလူး - ၁ လုံး (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
မုန်လာဥနီ - လက်လေးလုံးခန့် (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
ပဲစိမ်းလုံး - ၃ဇွန်း(စားပွဲတင်ဇွန်း)
ပန်းဂေါ်ဘီစိမ်း - (အနည်းငယ်)
ဆား+ငရုပ်ကောင်းမှုန့် - (အနည်းငယ်)

ပထမဆုံး ပါဝင်ပစ္စည်းများ ဖြစ်ကြသော (ကြက်ရင်ပုံသား +ကြက်သွန်နီ +အာလူး+မုန်လာဥနီ)တို့ အားလုံးကို လေးထောင့်ပုံ ခပ်သေးသေး အရွယ်အသင့် လှီးထားပါ ။
ဒယ်အိုးတစ်ခုထဲသို့ ဆီ အနည်းငယ်မျှ ထည့်၍ ကြက်သားတုံးများ ထည့်ကြော်ပါ ။ ပြီးနောက် အာလူး ၊ မုန်လာဥနီ ၊ ကြက်သွန်နီ ထည့်ပါ ။
ဆား နှင့် ငရုပ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီး အနံ့မွှေးလာသည် အထိ မွှေပေးပါ ။
ပဲစိမ်းလုံးလေးများ ၊ ပန်းဂေါ်ဘီစိမ်း အနည်းငယ် ထည့်ကာ ၅ မိနစ်ခန့် ထပ်တည် ထားကာ အရည် အနည်းငယ် ပျစ်လာပါက ထမင်းဖြူ ပေါ်သို့ လောင်းပြီး အသင့် စားသုံးနိုင်ပါသည် ။

Crd See less

Credit : Facebook Shares

Ingredients

Directions