ရေညှိဟင်းချို

1

ရေညှိဟင်းချို

ရေညှိဟာ ပင်လယ်မှထွက်တဲ့ မြက်ပင်တစ်မျိုးဖြစ်ပေမယ့့် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့ အကျိုးအာနိသင်တွေ များစွာပါဝင်လို့ ကလေးမွေးထားသော မိခင်များအတွက် အထူးသင့်တော်သော အစားအသောက်လို့တောင် ပြောလို့ရပါတယ်.
ရေညှိဟင်းချိုဟာဆိုရင် ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ရေညှိ နဲ့ အမဲသားတို့ ပါဝင်သောကြောင့် ပူပူနွေးနွေးလေး မှုတ်သောက်ရင် မိခင်တွေအတွက် ဘာ့ကြောင့်ကောင်းမွန်စေတယ်လို့ ပြောကြတာလဲဆိုတာ လွယ်လွယ်ကူကူ သိနိုင်မှာပါ.
ကလေးမွေးတဲ့နေ့မှာ အမေစားခဲ့တဲ့ အစားအစာဖြစ်တာကြောင့် အမေ့ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့ ကိုရီးယားလူမျိုးများဟာ မွေးနေ့မနက်မှာ မသောက်မဖြစ် အမြဲ သောက်ကြတာပါ
ဟင်းချိုလုပ်သောက်ရန် အမယ်အများကြီး မလိုအပ်ပဲ အလွယ်တကူ ချက်နိုင်လို့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုထဲမှ တစ်ယောက်ယောက်ရဲ့ မွေးနေ့နဲ့ကြုံလာရင် တစ်ခါလောက် လုပ်စားကြည့်ပါလို့ အကြံပြုချင်ပါတယ်.
ရေညှိနဲ့ အမဲသားကို ငံပြာရည်အပျော့နဲ့ နယ်ပြီး ပြုတ်တဲ့ဟင်းချိုဖြစ်ပါတယ်.
ကြာမြင့်ချိန် - ၂ဝ မိနစ်
ပါ၀င်ပစ္စည်းများ - ရေညှိခြောက် , အမဲသား , နှမ်းဆီ , ငံပြာရည်အပျော့ ။
-ရေညှိအခြောက်
-အမဲသား
-ငရုတ်သီးဆော့ ပြုလုပ်ရန် - ငံပြာရည်အပျော့ (ဇွန်းသေးတစ်၀က်) , နုပ်နုပ်စင်းထားတဲ့ကြက်သွန်ဖြူ (ဇွန်းအသေးတစ်၀က်) , ငရုတ်သီး အစိမ်းမှုန့် , နှမ်းဆီ (ဇွန်းကြီးတစ်ဇွန်း) , ရေ (ခြောက်ခွက်ခွဲ) , ငံပြာရည်အပျော့ (ဇွန်းသေးတစ်ဇွန်း) , ဆား (ဇွန်းအသေးတစ်၀က်).

ပြင်ဆင်ပုံ
၁. ရေညှိအခြောက်ကို ရေမှာ ၃၀မိနစ်လောက် စိမ်ပြီး သန့်စင်အောင်ဆေးကြောပြီးနောက် ခပ်ရှည်ရှည် လှီးပါ
၂. အမဲသားက သွေးရည်တွေကိုပြောင်အောင်ဆေးပြီး ထူထူရှည်ရှည် အတုံးလေးများ တုံးပြီး ငရုတ်သီးဆော့နဲ့ နယ်ပါ.

ပြုလုပ်ပုံ
၁. ဒယ်အိုးမှာ နှမ်းဆီထည့်ပြီး အမဲသားကိုထည့်ကာ အတော်အသင့် မီးအနေအထားမှာ ၂ မိနစ်လောက်ကြော်ပါ. ကြော်ထားတဲ့ ရေညှိကိုထည့်ပြီး ၃မိနစ်လောက် ထပ်၍ကြော်ပါ.
၂. ဒယ်အိုးမှာ ရေကိုထည့်ပြီး မီးပြင်းအနေအထားမှာ ၆ မိနစ်လောက်မြှင့်၍ ချက်ပြီး မီးအနေတော်နဲ့ နှိမ့်၍ ၂၀ မိနစ်လောက် ထပ်ချက်ပါ.
၃. ငံပြာရည်အပျော့နဲ့ ဆားထည့်ပြီး မွှေပြီးနောက် ၂ မိနစ်လောက် ထပ်၍ချက်ပါ.

မှတ်ချက်
-ရေညှိအခြောက်ကို ရေမှာ ၃၀မိနစ်လောက် စိမ်ရင် ၁၅ဆလောက် ပိုကြွလာတယ်.
-ရေညှိဟင်းချိုကို အမဲသားမထည့်ပဲ နှမ်းဆီကိုပဲ
ကြာကြာ ထည့်ချက်ပြီးလည်း သောက်ကြသည်.

Crd See less

Credit : Facebook Shares

Ingredients

Directions