ကိုရီးယား ကြာဇံကြော်

1

ကိုရီးယား ကြာဇံကြော် (japachae)

ကိုရီးယား ကြာဇံကြော်ကတော့ ကိုရီးယားအစားအစာတွေထဲမှာ လူကြိုက်များတဲ့ အစားအစာတခုပါပဲ။ တကယ့်ကိုရီးယားကြာဇံကြော်အတွက် ကြာဇံအဖတ်က ကန်စွန်းဥနဲ့လုပ်တဲ့ကြာဇံဖတ်ကိုသုံးပါတယ်။ ပဲကြာဇံကို သုံးရင်လဲ အဆင်ပြေတဲ့အတွက် ပဲကြာဇံနဲ့လုပ်ပြလိုက်တယ်နော်။

ပါဝင်သောပစ္စည်းများ
၁။ ပဲကြာဇံ - ၅ ကျပ်သား
၂။ မှိုခြောက် - ၂ ခု
၃။ အချောင်းလိုက်လှီးထားသော မုန်လာဥနီ - အနည်းငယ်
၄။ ဟင်းနုနွယ်ရွက် - လက်တဆုပ်စာ
၅။ ကြက်သွန်ဖြူ - ၂ မွှာ
၆။ ကြက်သွန်နီ - တဝက်
၇။ ကြက်သွန်မြိတ် - ၂ ပင်
၈။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၉။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၁။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ပဲကြာဇံကို ရေနွေးပွက်ပွက်ထဲမှာ ၂ မိနစ်လောက်ပြုတ်ပြီးလျှင် ရေအေးဖြင့် ဆေးရ်ျ ရေစစ်ထားပါ။ ကြက်သွန်ဖြူကို တောက်တောက်စဉ်းထားပါ။ ကြက်သွန်နီကိုပါးပါးလှီးထားပါ။ ဟင်းနုနွယ်ရွက်ကို အနေတော် လှီးထားပါ။ ကြက်သွန်မြိတ်ကို လက်၂ ဆစ်စာလောက်ဆီလှီးထားပါ။
၂။ ရေနွေးဆူဆူထဲကို ဟင်းနုနွယ်ရွက်ထည့်ရ်ျ ၁ မိနစ်လောက်ထားပါ။ ပြီးနောက်ပြန်ဆယ်ရ်ျ ရေအေးဖြင့်ဆေးပါ။ ပြီးလျှင် အရည်ညှစ်ပြီး ပါးပါးလှီးထားပါ။
၃။ မှိုခြောက်ကိုအိလာသည်အထိ ရေစိမ်ထားပါ။ အိလာလျှင် ရေညှစ်ရ်ျ ပါးပါးလှီးထားပါ။
၄။ ဒယ်အိုးထဲကို ဆီထည့် အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကိုထည့်ရ်ျ ဆီသတ်ပါ။ မွှေးလာလျှင် အချောင်းလိုက်လှီးထားသော မုန်လာဥနီနှင့် မှိုခြောက်ကိုထည့်ရ်ျ ၂ မိနစ်လောက်ကြော်ပါ။ ထို့နောက် ကြက်သွန်မြိတ်ကိုထည့်ကြော်ပါ။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြား လက်ဖက်ရည်ဇွန်း တဝက်ကို ထည့်ရ်ျ မွှေပါ။
၅။ ပြီးလျှင် ရေစစ်ထားသော ပဲကြာဇံနှင့် ဟင်းနုနွယ်ရွက်ိုထည့်ပါ။ ကျန်သော ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြားလက်ဖက်ရည်ဇွန်း တဝက်၊ နှမ်းဆီမွှေး တို့ကိုထည့်ပြီး သမအောင်ကြော်ရ်ျ မီးဖိုပေါ်မှချပါ။ (ပဲကြာဇံထည့်ပြီးလျှင် အကြာကြီးကြော်စရာမလိုပါ။)
၆။ နှမ်းဆီမွှေးအနံ့သင်းသင်းနှင့် စားလို့ကောင်းတဲ့ ကိုရီးယားကြာဇံကြော်ကို သုံးဆောင်နိုင်ပါပြီရှင်။

Crd.Eisan See less

Credit : Facebook Shares

Ingredients

Directions