ပိန်းဥကြော်

1

ပိန်းဥကြော်

ပိန်းဥ ကိုဂျစ်နဲ့ခြစ်ပြီး အစိမ်းရောင်ဟင်းနုနွယ်ရွက်၊ ကြက်သွန်နီတို့နဲ့မွှေးနေအောင်ကြော်ထားတာပါ။ အနံ့မွှေးအောင်ရယ် ပိန်းဥ အရသာအရမ်းမအီအောင်ရယ် ကြက်သွန်နီနဲ့အစိမ်းရောင်ဟင်းနုနွယ်ရွက်တို့ကို ထည့်ကြော်တာပါ။ အစိမ်းရောင်ဟင်းနုနွယ်ရွက် အစား မြင်းခွာရွက်ကိုလဲ အသုံးပြုလို့ရပါတယ်။ ဒီမှာက မြင်းခွာရွက်မရှိလို့ဟင်းနုနွယ်ရွက်နဲ့ကြော်ထားတာပါ။ အရမ်းကိုစားလို့ကောင်းပြီး ကြော်စားရလွယ်လို့ကြော်စားကြည့်ပါ။

ပါဝင်သောပစ္စည်းများ
၁။ ပိန်းဥ
၂။ ကြက်သွန်နီ
၃။ အစိမ်းရောင်ဟင်းနုနွယ် (သို့) မြင်းခွာရွက်
၄။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ အကြော်မှုန့်- ထမင်းစားဇွန်း ၂ ဇွန်း မောက်မောက်

ပြုလုပ်နည်း
၁။ ပိန်းဥကို ဂျစ်နှင့် ခြစ်ထားပါ။ ခြစ်ထားသော ပိန်းဥ ထမင်းစားပန်းကန်လုံး ၂ လုံးစာအတွက်ကို ကြက်သွန်နီ တလုံး ပါးပါးလှီးထားပါ။ အစိမ်းရောင် ဟင်းနုနွယ် (သို့) မြင်းခွာရွက် ကို ကြက်သွန်နီနှင့်စတူထည့်ရန် ပါးပါးလှီးထားပါ။
၂။ ဇလုံတခုထဲတွင် ခြစ်ထားသောပိန်းဥ၊ ကြက်သွန်နီ၊ အစိမ်းရောင် ဟင်းနုနွယ်ရွက် (သို့) မြင်းခွာရွက် တို့ကို ဆား၊ သကြားတို့ဖြင့်နယ်ပါ။
၃။ ပြီးလျှင် အကြော်မှုန့်ကို ထည့် နယ်ပါ။ အရမ်းပျစ်နေလျှင် ရေနည်းနည်းထည့်ပါ။
၄။ ထို့နောက် အကြော်အနှစ်ကို ထမင်းစားဇွန်း ၁ ဇွန်း မောက်မောက် စာယူရျ် အပြားပြားပြီး ဆီပူပူထဲထည့်ကြော်ပါ။ တဖက်က အညိုရောင် သန်းလာလျှင် နောက်တဖက်လှန် ရျ် ကျက်သည် အထိကြော်ပါ။

အချဉ်ပြုလုပ်နည်း
၁။ ငရုတ်ဆော့ ထမင်းစားဇွန်း ၁ ဇွန်း၊ မန်ကျည်းမှည့်ရည် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ၊ ပျစ်ပျစ်ဖျောထားသော ထန်းညက်ရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ ထမင်းစားဇွန်း ၂ ဇွန်း၊ ပါးပါးလှီးထားသော နံနံပင် အနည်းငယ်တို့ကို ရောရျ် အချဉ်ရည်ကိုပြုလုပ်ပါ။

Crd.Eisan See less

Credit : Facebook Shares

Ingredients

Directions